Wednesday 17 April 2013

ဘော်စတွန်ဗုံးကွဲမှု ဆက်စပ်ဓာတ်ပုံ FBI ထုတ်ပြန်


 ဘော်စတွန်မြို့ ပေါက်ကွဲမှုများမှာ သုံးသွားတဲ့ဗုံးတွေထဲက တခုအကြောင်းကို အမေရိကန် ထောက် လှမ်းရေးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

သံတိုသံစလေးတွေရှိတဲ့ ပေါင်းအိုး (pressure cooker) ထဲကို ဗုံးထည့်ထားတယ် ၊ ပေါင်းအိုး ကိုတော့ ကျောပိုးအိတ်ထဲထည့်ထားတယ် ဆိုပြီး ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်တဲ့။


မီးဖိုဆောင်သုံး ပေါင်းအိုး အစိတ်အပိုင်းတခုပုံ၊ ကျောပိုးအိတ်ပုံတို့ကိုလည်း FBI ထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မာရသွန်ပြိုင်ပွဲ ပန်းဝင်တဲ့နေရာအနီးတ၀ိုက် ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ခဲ့တဲ့အတွက် သုံးဦး သေဆုံးခဲ့ ပါတယ်။

အများအပြား ဒဏ်ရာ ရရှိခဲ့ရာမှာ ဒီကနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒဏ်ရာရသူအရေအတွက် ၁၇ဝ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

ဒီလို ထိခိုက်မှုတွေအတွက် ဘော်စတွန်မြို့မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်လုပ်မယ့် အစီအစဉ်တခု ရှိတယ်၊ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် အဲဒီ အစီအစဉ်ကို သမ္မတအိုဘားမားလည်း တက်ရောက်မယ် လို့ Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။


   ဧရာဝတီ Facebook / ဧရာဝတီ Twitter

No comments:

Post a Comment