Tuesday 17 December 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နာဂိုယာမြို့ရှိ တိုယိုတာ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက် ကြည့်ရှု လေ့လာ

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နာဂိုယာမြို့ရှိ တိုယိုတာ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက် ကြည့်ရှု လေ့လာ
Tuesday, December 17, 2013

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ရောက်ရှိ နေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈နာရီတွင် နာဂိုယာမြို့ အနီးရှိ တိုယိုတာ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိရာ တိုယိုတာ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နာဂိုယာမြို့မှ ကိုဘေးမြို့သို့ အမြန်ရထားဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး ကိုဘေးမြို့ ANA Crown Plaza Kobe ü Kansai Economic Federation (Kankeiren) စီးပွားရေး အဖွဲ့အစည်း များ၏ အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

ထိုမှတစ်ဆင့် ဂျပန်နိုင်ငံ ကျိုတိုမြို့ Kinkakuji ဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ရွှေသမင် ကျောင်းတော်နှင့် ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှု လေ့လာရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

Kinkakuji ဘုန်းကြီးကျောင်းကို ကျိုတိုခေတ် ၁၃၉၇ခုနှစ်တွင် Shogun Ashikaga Youshimitsu က စတင် တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက် ခဲ့၍ ယခုအခါ အမျိုးသား အထိမ်းအမှတ် နေ ရာနှင့် အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရှိရသည်။

ညနေ ၆ နာရီတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကျိုတိုမြို့ Mimiu Japanese Noodle Restaurant ၌ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe က တည်ခင်း ဧည့်ခံသည့် ဂျပန်ရိုးရာ ညစာစားပွဲသို့ တက်ရောက် သည်။

မြ၀တီ
ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ရောက်ရှိ နေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈နာရီတွင် နာဂိုယာမြို့ အနီးရှိ တိုယိုတာ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိရာ တိုယိုတာ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နာဂိုယာမြို့မှ ကိုဘေးမြို့သို့ အမြန်ရထားဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး ကိုဘေးမြို့ ANA Crown Plaza Kobe ü Kansai Economic Federation (Kankeiren) စီးပွားရေး အဖွဲ့အစည်း များ၏ အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

ထိုမှတစ်ဆင့် ဂျပန်နိုင်ငံ ကျိုတိုမြို့ Kinkakuji ဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ရွှေ သမင် ကျောင်းတော်နှ င့် ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှု လေ့လာရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြ သည်။

Kinkakuji ဘုန်းကြီးကျောင်းကို ကျိုတိုခေတ် ၁၃၉၇ခုနှစ်တွင် Shogun Ashikaga Youshimitsu က စတင် တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက် ခဲ့၍ ယခုအခါ အမျိုးသား အထိမ်းအမှတ် နေ ရာနှင့် အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရှိရသည်။

ညနေ ၆ နာရီတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကျိုတိုမြို့ Mimiu Japanese Noodle Restaurant ၌ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe က တည်ခင်း ဧည့်ခံသည့် ဂျပန်ရိုးရာ ညစာစားပွဲသို့ တက်ရောက် သည်။

မြ၀တီ

No comments:

Post a Comment