Tuesday 17 December 2013

ဝိုင်ဖိုင်စနစ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ မြို့ကြီးများတွင် စတင်ရန် လျာထား

Photo: ဝိုင်ဖိုင်စနစ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ မြို့ကြီးများတွင် စတင်ရန် လျာထား
Tuesday, December 17, 2013

ဝိုင်ဖိုင် (Wi-Fi) စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်လျက်ရှိရာ မြို့ကြီးများတွင် စတင်ရန်လျာထားကြောင်း သိရသည်။

အဆိုပါလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက အင်တာနက်လိုင်းများ ပိုမိုတိုးချဲ့ သုံးစွဲလာနိုင်မည်ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ရာ အဆိုပါအချက် အပါအဝင်ဖော်ပြထားခြင်း ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်ဝန်ဆောင်မှုအား Broadband Wireless (Wi-Fi) စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားရန်အတွက် စိတ် ပါဝင်စားသူများအား ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သတင်းအချက်အလက် နည်းပညာဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် အင်တာနက်ဝန်ဆောင်မှုအား ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အကျိုးတူဆောင်ရွက်လိုသည့်ပုံစံနှင့် ဝန်ဆောင်မှုပေးသွားမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့အား Survey ပြုလုပ်၍ Technical and Business Model မူကြမ်းအား ပေးရခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းအများအပြားအား အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် အဆိုပါဝန်ဆောင်မှုများအနက် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုဖုန်းလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းတို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ဆောင်ရွက်မှုအခြေအနေများကို ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီက ကြေညာပေးခဲ့ရာ ဝိုင်ဖိုင် (Wi-Fi) စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်၍ မြို့ကြီးများတွင် စတင်ရန် လျာထားကြောင်း အချက်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ထွန်းထွန်း
myanmarinternetjournal 
ဝိုင်ဖိုင် (Wi-Fi) စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးတွဲ အကောင် အထည်ဖော် ဆောင်ရွက်ရန်စီစဉ်လျက်ရှိရာ မြို့ကြီးများတွင် စတင်ရန်လျာထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက အင်တာနက်လိုင်းများ ပိုမိုတိုးချဲ့ သုံးစွဲလာနိုင်မည်ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးကော်မတီ က သတင်းထုတ်ပြန်ခဲ့ရာ အဆိုပါအချက် အပါအဝင်ဖော်ပြ ထားခြင်း ဖြစ် သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်ဝန်ဆောင်မှုအား Broadband Wireless (Wi-Fi) စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားရန်အတွက် စိတ် ပါဝင်စားသူများအား ပြီးခဲ့သည့် အောက်တိုဘာလအတွင်း က ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သတင်းအချက်အလက် နည်းပညာဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် အင်တာနက်ဝန်ဆောင်မှု အား ပြည် တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အကျိုးတူဆောင်ရွက်လိုသည့်ပုံစံနှင့် ဝန်ဆောင်မှုပေးသွားမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့အား Survey ပြုလုပ်၍ Technical and Business Model မူကြမ်းအား ပေးရခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းအများအပြားအား အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် အဆိုပါဝန်ဆောင်မှုများအနက် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုဖုန်းလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းတို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ဆောင်ရွက်မှုအခြေအနေများကို ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီက ကြေညာပေးခဲ့ရာ ဝိုင်ဖိုင် (Wi-Fi) စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်၍ မြို့ကြီးများတွင် စတင်ရန် လျာထားကြောင်း အချက်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ထွန်းထွန်း
myanmarinternetjournal

No comments:

Post a Comment