Tuesday 17 December 2013

အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး

Photo: အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး
Tuesday, December 17, 2013

တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ကျန်းသည် အက်ရှင် ဇာတ်ကြမ်းများဖြင့် ပရိသတ်အား ဖမ်းစားထားနိုင်သူ ဖြစ်သည်။

သူမသည် နိုဝင်ဘာလ အတွင်းကလည်း အဆိုပါ ရုပ်ရှင်ဇာတ်ကားနှင့် Stray Dogs အမည်ရှိ ဇာတ်ကားများတွင် အကောင်းဆုံး ပါဝင် သရုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ အော်စကာဟု တင်စားထားသည့် Golden Horse ဆုကို လက်ခံရရှိထားသူ တစ်ဦး ဖြစ်သည်။

အလားတူ အကောင်းဆုံး ဒါရိုက်တာဆုနှင့် ရုပ်ရှင်ဆုကို ဂျပန်ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ဖြစ်သည့် Like Father,Like Son ဇာတ်ကားက ဆွတ်ခူး သွားကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ကျန်းသည် အက်ရှင် ဇာတ်ကြမ်းများဖြင့် ပရိသတ်အား ဖမ်းစားထားနိုင်သူ ဖြစ် သည်။

သူမသည် နိုဝင်ဘာလ အတွင်းကလည်း အဆိုပါ ရုပ်ရှင်ဇာတ်ကားနှင့် Stray Dogs အမည်ရှိ ဇာတ်ကား များတွင် အကောင်းဆုံး ပါဝင်သရုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ အော်စကာဟု တင်စားထား သည့် Golden Horse ဆုကို လက်ခံရရှိထားသူ တစ်ဦး ဖြစ်သည်။

အလားတူ အကောင်းဆုံး ဒါရိုက်တာဆုနှင့် ရုပ်ရှင်ဆုကို ဂျပန်ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ဖြစ်သည့် Like Father,Like Son ဇာတ်ကားက ဆွတ်ခူး သွားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment