Tuesday 3 December 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသေအချာ ရှင်းပြခွင့်ရပါက အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံ လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသေအချာ ရှင်းပြခွင့်ရပါက အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံ လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, December 3, 2013

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အချက်ကို တပ်မတော်သားများအား အသေအချာ ရှင်းပြခွင့် ရနိုင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် ဒီဇင်ဘာ ၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မေးမြန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ဘယ်လိုခန့်မှန်း ထားပါသလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

''တပ်မတော် တစ်ခုလုံးကို ပြောဖို့ဆိုတာက အင်မတန်ခက်ပါတယ်။ တပ်မတော်မှာ ရိုးရိုးသာမန် တပ်မတော်သားတွေ အများကြီး ရှိပါတယ်။ အရာရှိ အရာခံတွေ ရှိသလို အဆင့်အမြင့်ဆုံး အရာရှိတွေလည်း ရှိပါတယ်။ သူတို့အားလုံး တစ်သဘောတည်း ဖြစ်မလား ဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမဲ့ အများစုဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲ ဆိုတာကို အသေအချာ ရှင်းပြခွင့် ရခဲ့မယ်ဆိုရင် ဒါကို ထောက်ခံကြမယ်လို့ ကျွန်မယုံကြည်ပါတယ်'' ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''တပ်မတော်ရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ အခုလေးပွင့်ဆိုင် ဆိုတာကလည်း အုပ်ချုပ်ရေးရယ်၊ လွှတ်တော်လို ဥပဒေပြုရေးရယ်၊ တပ်မတော်ရယ် တွေ့ဆုံဖို့ပါ။ နိုင်ငံရေးပါတီ တစ်ခုတည်းနဲ့ တွေ့တာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်လည်း ကြားမိပါတယ်။ အဲဒီမှာ သွားသတိရမိတာက ၁၉၈၈ မှာ န၀တနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတုန်းကလည်း ဒီလိုပဲ တုံ့ပြန်ခံခဲ့ရတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတဲ့ အထဲမှ ဒီတစ်ခုတည်းနဲ့ တွေ့ဖို့မသင့်တော်ဘူးလို့ပဲ အပြောခံခဲ့ရတယ်။ အခုကျွန်မတို့ အကြီးဆုံး အတိုက်အခံပါတီ အနေနဲ့ ပြည်သူကို ကိုယ်စားပြုပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စဟာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်လာမယ်။ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ယခုမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် မည်မျှစစ်မှန်သည် ထင်ပါသလဲဟု မေးမြန်းခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ သဘောထားသလဲ ဆိုသည့် အချက်ကို ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ဘယ်လိုပဲ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေပါသည် ပြောပြော၊ ပြုပြင်ပြောင်းလဲရေးကို လုပ်နေပါသည်ပြောပြော ဖွဲ့စည်းပုံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံဘူးဆိုလျှင် တကယ်ဒီမိုကရေစီကို လိုလားသည်ဟု မသုံးသပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ယခုလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်လိုက်သည့် အစိုးရ၏ တုံ့ပြန်ချက်သည် အုပ်ချုပ်ရေးပိုင်း အနေဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအပေါ် မလိုလားဘူးလို့ ထင်သွားစရာ ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်ရှိ လွှတ်တော်တွင် တွေ့ရစဉ်
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်ရှိ လွှတ်တော်တွင် တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အချက်ကို တပ်မတော်သားများအား အသေအချာ ရှင်းပြခွင့် ရနိုင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် ဒီဇင်ဘာ ၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။
ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မေးမြန်းသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ဘယ်လိုခန့်မှန်း ထားပါသလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

''တပ်မတော် တစ်ခုလုံးကို ပြောဖို့ဆိုတာက အင်မတန်ခက်ပါတယ်။ တပ်မတော်မှာ ရိုးရိုးသာမန် တပ်မတော် သားတွေ အများကြီး ရှိပါတယ်။ အရာရှိ အရာခံတွေ ရှိသလို အဆင့်အမြင့်ဆုံး အရာရှိတွေလည်း ရှိပါတယ်။ သူတို့အားလုံး တစ်သဘောတည်း ဖြစ်မလား ဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမဲ့ အများစုဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲ ဆိုတာကို အသေအချာ ရှင်းပြခွင့် ရခဲ့မယ်ဆိုရင် ဒါကို ထောက်ခံကြမယ်လို့ ကျွန်မယုံကြည်ပါတယ်'' ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''တပ်မတော်ရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ အခုလေးပွင့်ဆိုင် ဆိုတာကလည်း အုပ်ချုပ်ရေးရယ်၊ လွှတ်တော်လို ဥပဒေပြုရေးရယ်၊ တပ်မတော်ရယ် တွေ့ဆုံဖို့ပါ။ နိုင်ငံရေးပါတီ တစ်ခုတည်းနဲ့ တွေ့တာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်လည်း ကြားမိပါတယ်။ အဲဒီမှာ သွားသတိရမိတာက ၁၉၈၈ မှာ န၀တနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတုန်းကလည်း ဒီလိုပဲ တုံ့ပြန်ခံခဲ့ရတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတဲ့ အထဲမှ ဒီတစ်ခုတည်းနဲ့ တွေ့ဖို့မသင့်တော်ဘူးလို့ပဲ အပြောခံခဲ့ရတယ်။ အခုကျွန်မတို့ အကြီးဆုံး အတိုက်အခံပါတီ အနေနဲ့ ပြည်သူကို ကိုယ်စားပြုပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စဟာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်လာမယ်။ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ယခုမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် မည်မျှစစ်မှန်သည် ထင်ပါ သလဲဟု မေးမြန်းခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ သဘောထားသလဲ ဆိုသည့် အချက်ကို ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ဘယ်လိုပဲ ဒီမိုကရေစီ လမ်းကြောင်း ကို လျှောက် လှမ်း နေ ပါသည် ပြောပြော၊ ပြုပြင်ပြောင်းလဲရေးကို လုပ်နေပါသည်ပြောပြော ဖွဲ့စည်းပုံဥပဒေ ပြုပြင်ပြောင်းလဲရေး ကို မထောက်ခံဘူးဆိုလျှင် တကယ်ဒီမိုကရေစီကို လိုလားသည်ဟု မသုံးသပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ယခုလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်လိုက်သည့် အစိုးရ၏ တုံ့ပြန်ချက်သည် အုပ်ချုပ်ရေးပိုင်း အနေဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအပေါ် မလိုလားဘူးလို့ ထင်သွားစရာ ရှိကြောင်း ဆက် လက် ပြောကြား ခဲ့သည်။

Eleven Media Group

No comments:

Post a Comment