Tuesday 3 December 2013

ဆန္ဒပြခေါင်းဆောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

Photo: ဆန္ဒပြခေါင်းဆောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ် 
Tuesday, December 3, 2013

ထိုင်းနိုင်ငံတရားရုံးက အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် Suthep Thaugsuban ကို အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ဆူပူအုံကြွမှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင် Suthep Thaugsuban ကို သေဒဏ် ဒါမှမဟုတ် တသက်တကျွန်းအထိ အပစ်ပေးနိုင်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံရဲကပြောပါတယ်။ လေးနက်တဲ့ စွဲချက်ဖြစ်ပေမယ့် ထိုင်းနိုင်ငံဟာ သေဒဏ် အပစ်ပေးလေ့ မရှိဘူးလို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Yingluck Shinawatra ကလည်း အတိုက်အခံဖက်က သူ့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတာကို ငြင်းပယ်လိုက်ပါတယ်။

အတိုက်အခံဖက်က အခုလိုတောင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီမှုမရှိသလို သူ့အနေနဲ့ အတိုက်အခံအဖွဲ့ကိုလည်း တိုင်းပြည်ထိန်းချုပ်ခွင့် မပေးနိုင်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဘန်ကောက်မြို့မှာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံက ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် Suthep Thaugsuban (Credit: AFP)
ထိုင်းနိုင်ငံက ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် Suthep Thaugsuban (Credit: AFP)
ထိုင်းနိုင်ငံတရားရုံးက ​အစိုးရကို ​ဆန့်ကျင်ဆန္ဒပြတဲ့ ​အဖွဲ့ခေါင်းဆောင် ​Suthep ​Thaugsuban ​ကို ​အစိုးရကို ​ဖြုတ်ချဖို့ ​ကြိုးစားတဲ့ ​ဆူပူအုံကြွမှုနဲ့ ​ဖမ်းဝရမ်း ​ထုတ်လိုက်ပါတယ်။
ဆန္ဒပြအဖွဲ့ခေါင်းဆောင် ​Suthep ​Thaugsuban ​ကို ​သေဒဏ် ​ဒါမှမဟုတ် ​တသက်တကျွန်းအထိ ​အပစ်ပေးနိုင်ဖွယ်ရှိတယ်လို့ ​ထိုင်းနိုင်ငံရဲကပြောပါတယ်။ ​လေးနက်တဲ့ ​စွဲချက်ဖြစ်ပေမယ့် ​ထိုင်းနိုင်ငံ ဟာ ​သေဒဏ် ​အပစ်ပေးလေ့ ​မရှိဘူးလို့လည်း ​ဆိုပါတယ်။

တချိန်တည်းမှာပဲ ​ထိုင်းနိုင်ငံ ​၀န်ကြီးချုပ် ​Yingluck ​Shinawatra ​ကလည်း ​အတိုက်အခံဖက်က ​သူ့ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​တောင်းဆိုတာကို ​ငြင်းပယ်လိုက်ပါတယ်။

အတိုက်အခံဖက်က ​အခုလိုတောင်းဆိုတာဟာ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေနဲ့ ​ကိုက်ညီမှုမရှိသလို ​သူ့အနေနဲ့ ​အတိုက်အခံအဖွဲ့ကိုလည်း ​တိုင်းပြည်ထိန်းချုပ်ခွင့် ​မပေးနိုင်ဘူးလို့ ​တုန့်ပြန်လိုက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ​ဘန်ကောက်မြို့မှာ ​ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment