Tuesday 3 December 2013

အသက် (၁၁၁) ရှိ ဘိုးသက်ရှည် ဦးလုံးလိုင်းဆိုင်

Photo: အသက် (၁၁၁) ရှိ ဘိုးသက်ရှည် ဦးလုံးလိုင်းဆိုင် 
Tuesday, December 3, 2013

 မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင် ကပ်ကျော် ဘော်ကြိုမုဌောဘုရားကြီးတွင် မကြာခဏတွေ့ရှိရသည့် ဘိုးသက်ရှည် အဘိုး ဦးလုံးလိုင်းဆိုင် အား ရှမ်းနှစ်ကူးနေ့တွင် အမှတ်တရအဖြစ် အများသူငှာ သိရှိနိုင်စေရန် အသက်(၁၁၁)နှစ်ရှိ အဘိုးဦးလုံးလိုင်းဆိုင် ကို ရှမ်းနှစ်သစ်ကူးနေ့က ပြုံးပျော်ရွှင်စွာ တွေ့ရှိရပြီး ခင်မင်သူများ ဘုရားဖူး လာရောက်ကြသည့် ဧည့်သည်များနှင့်လည်း ရင်းရင်း နှီးနှီး တွေ့ရ၏။

အဘိုးဦးလုံးလိုင်းဆိုင်အား အဘ ဦးပူကျောင်းနဲ့အမိ ဒေါ်နိုင်းစိန်းမွန်တို့မှ ၁၂၆၄ခုနှစ်၊ ၀ါဆိုလဆန်း(၃)ရက်နေ့တွင် မွေးဖွားပြီး မွေးချင်း(၄)ဦးအနက်အဘိုးမှာ တတိယမြောက်သား ဖြစ်ကြောင်းအဘိုး ဦးလုံးလိုင်းဆိုင်အား လားရိုးခရိုင် တန့်ယန်းမြို့ တွင် မွေးဖွားပြီး အသက်(၄၀)နှစ်အရွယ်တွင် သီပေါ မြို့၊ ကျောက်မဲမြို့နယ်ဘက်သို့ ပြောင်းရွှေ့လာပြီး လက်ဖက်ခြံ၊ လက်ဖက်တောင်တန်းများပေါ် နေထိုင်ပြီး လက်ဖက် စိုက်ပျိုးခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ပြီး ကျောက်မဲမြို့နယ် လက်ဖက်ထွက်ရာ ဟူးကွက်ဒေသကျေးရွာ တွင် ပြည်သူ့စစ် ခေါင်းဆောင်အဖြစ် ကျေးရွာ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။

အဘိုးလုံးလိုင်းဆိုင်သည် ကျန်းမာရေး အထူးကောင်းမွန်သူ ဖြစ်ပြီး (၂၁)မိုင်ဝေးကွာသော သီပေါမြို့နှင့် ကျောက်မဲမြို့သို့ (၃)နာရီကြာမျှ ခြေလျှင်လျှောက်ကာ သွားလာလျှက်ရှိသည်။ မျက်စိနှင့်နားများမှာလည်း သာမန်လူငယ်များကဲ့သို့ မြင်နိုင်ကြားနိုင်စွမ်း ရှိပါသည်။ မှတ်ဥာဏ်ကောင်းမွန်ပြီး မွေးနေ့မှစ ယနေ့ထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှကို ခရေစေ့ တွင်းကျ ပြောပြနိုင်ပါသေးသည်။

အဘိုး ဦးလုံးလိုင်းဆိုင်သည် နေ့စဉ်နေ့တိုင်း အရဟံဂုဏ်တော်ကို ပွားများကြောင်း တရားထိုင်တဲ့အခါမှာ မိုးကုတ်ဝိပသနာကို ကျင့်ကြံအား ထုတ်ကြောင်း အဓိက ကောက်ညှင်းကိုပဲစားပြီး သားကြီးငါးကြီး မစားကြောင်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်နှင့် ငါးသေးသေးလေးများ ကိုသာ စားသုံးကြောင်း၊ ရေအေးကို သောက်သုံးခြင်းမပြုဘဲ၊ လက်ဖတ်ခတ်ထားသော ရေးနွေးကြမ်းကိုသာ အမြဲသောက်သုံး သောကြောင့် ယခုကဲ့သို့ အသက်ရှည်တာ ဖြစ်နိုင်ကြောင်း ပြောပြသိရှိရပါသည်။

ထူးခြားချက်မှာ။   ။အဘိုးဦးလုံးလိုင်းဆိုင်သည် မျက်စီ၊နား တို့မှာ ကောင်းစွာ မြင်နိုင်ကြားနိုင်ခြင်း၊ ယခင် ရင်းနှီးသူများ၏ မိတ်ဆွေများ သားသမီးမြေးများ လာရောက်သည့်အခါ  ဦးဘယ်သူ နေကောင်းလား ရှိသေးလား ဟု မေးတတ်ခြင်း၊ မှတ်ဥာဏ်ကောင်းမွန်ပြီး မေးသမျှကို အပြုံးမပျက် ရယ်ရယ်မောမော ပြောဆိုတတ်ခြင်း၊သွားလိုသည့်နေရာများသို့ အမှားအယွင်းမရှိ ခြေကျင်သွားလာတတ်ခြင်း အခါကြီး ရက်ကြီး ဥပုဒ်နေ့နှင့်အဘိုးလာချင်သည့်ရက်များတွင် လူအကူ မလိုဘဲ မိမိအိမ်မည့် အိမ်ရာလိပ်အား ထမ်းကာ ဘော်ကြိုမုဌောဘုရားကြီးသို့ လာရောက်တတ်ကြောင်း မျက်မြင် ကိုယ်တွေ့ သိရှိသူတစ်ဦးမှ ရှမ်းနှစ်သစ်ကူးနေ့နှင့်အသက်(၁၁၁)နှစ်ရှိ အဘိုးဦးလုံးလိုင်းဆိုင်အား ဂုဏ်ပြုခြင်း အနေ ဖြင့် (၁.၁၁.၂၀၁၃)ရက်နေ့ရိုက်ထားသော မှတ်တမ်းဓါတ်ပုံနှင့်ရေးသား ပြုစုပေးပို့ပါသည်။

ပြုစုရေးသားသူ
အိုင်ပီ စိုင်းဝင်းဇော်(ဘန်ကောက်)
 မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင် ကပ်ကျော် ဘော်ကြိုမုဌောဘုရားကြီးတွင် မကြာခဏတွေ့ရှိရသည့် ဘိုးသက်ရှည် အဘိုး ဦးလုံးလိုင်းဆိုင် အား ရှမ်းနှစ်ကူးနေ့တွင် အမှတ်တရအဖြစ် အများသူငှာ သိရှိနိုင်စေရန် အသက်(၁၁၁)နှစ်ရှိ အဘိုးဦးလုံးလိုင်းဆိုင် ကို ရှမ်းနှစ်သစ်ကူးနေ့က ပြုံးပျော်ရွှင်စွာ တွေ့ရှိရပြီး ခင်မင်သူများ ဘုရားဖူး လာရောက်ကြသည့် ဧည့်သည်များနှင့်လည်း ရင်းရင်း နှီးနှီး တွေ့ရ၏။
အဘိုးဦးလုံးလိုင်းဆိုင်အား အဘ ဦးပူကျောင်းနဲ့အမိ ဒေါ်နိုင်းစိန်းမွန်တို့မှ ၁၂၆၄ခုနှစ်၊ ၀ါဆိုလဆန်း (၃)ရက်နေ့ တွင် မွေးဖွားပြီး မွေးချင်း(၄)ဦးအနက်အဘိုးမှာ တတိယမြောက်သား ဖြစ်ကြောင်းအဘိုး ဦးလုံးလိုင်းဆိုင်အား လားရိုးခရိုင် တန့်ယန်းမြို့ တွင် မွေးဖွားပြီး အသက်(၄၀)နှစ်အရွယ်တွင် သီပေါ မြို့၊ ကျောက်မဲမြို့နယ်ဘက်သို့ ပြောင်းရွှေ့လာပြီး လက်ဖက်ခြံ၊ လက်ဖက်တောင်တန်းများပေါ် နေထိုင်ပြီး လက်ဖက် စိုက်ပျိုးခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ပြီး ကျောက်မဲမြို့နယ် လက်ဖက်ထွက်ရာ ဟူးကွက်ဒေသကျေးရွာ တွင် ပြည်သူ့စစ် ခေါင်းဆောင်အဖြစ် ကျေးရွာ လုံခြုံရေးတာဝန်များကို ထမ်းဆောင် ခဲ့ကြောင်း သိရှိရပါသည်။

အဘိုးလုံးလိုင်းဆိုင်သည် ကျန်းမာရေး အထူးကောင်းမွန်သူ ဖြစ်ပြီး (၂၁)မိုင်ဝေးကွာသော သီပေါမြို့နှင့် ကျောက်မဲမြို့သို့ (၃)နာရီကြာမျှ ခြေလျှင်လျှောက်ကာ သွားလာလျှက်ရှိသည်။ မျက်စိနှင့်နား များ မှာလည်း သာမန်လူငယ်များကဲ့သို့ မြင်နိုင်ကြားနိုင်စွမ်း ရှိပါသည်။ မှတ်ဥာဏ်ကောင်း မွန်ပြီး မွေးနေ့မှစ ယနေ့ထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှကို ခရေစေ့ တွင်းကျ ပြောပြနိုင်ပါသေးသည်။

အဘိုး ဦးလုံးလိုင်းဆိုင်သည် နေ့စဉ်နေ့တိုင်း အရဟံဂုဏ်တော်ကို ပွားများကြောင်း တရားထိုင်တဲ့အခါမှာ မိုးကုတ်ဝိပသနာကို ကျင့်ကြံအား ထုတ်ကြောင်း အဓိက ကောက်ညှင်းကိုပဲစားပြီး သားကြီးငါးကြီး မစားကြောင်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်နှင့် ငါးသေးသေးလေးများ ကိုသာ စားသုံးကြောင်း၊ ရေအေးကို သောက်သုံးခြင်းမပြုဘဲ၊ လက်ဖတ်ခတ်ထားသော ရေးနွေးကြမ်းကိုသာ အမြဲသောက်သုံး သောကြောင့် ယခုကဲ့သို့ အသက်ရှည်တာ ဖြစ်နိုင်ကြောင်း ပြောပြသိရှိရပါသည်။

ထူးခြားချက်မှာ။   ။အဘိုးဦးလုံးလိုင်းဆိုင်သည် မျက်စီ၊နား တို့မှာ ကောင်းစွာ မြင်နိုင်ကြားနိုင်ခြင်း၊ ယခင် ရင်းနှီးသူများ၏ မိတ်ဆွေများ သားသမီးမြေးများ လာရောက်သည့်အခါ  ဦးဘယ်သူ နေကောင်းလား ရှိသေးလား ဟု မေးတတ်ခြင်း၊ မှတ်ဥာဏ်ကောင်းမွန်ပြီး မေးသမျှကို အပြုံးမပျက် ရယ်ရယ်မောမော ပြောဆိုတတ်ခြင်း၊သွားလိုသည့်နေရာများသို့ အမှားအယွင်းမရှိ ခြေကျင်သွား လာတတ်ခြင်း အခါကြီး ရက်ကြီး ဥပုဒ်နေ့နှင့်အဘိုးလာချင်သည့်ရက်များတွင် လူအကူ မလိုဘဲ မိမိအိမ်မည့် အိမ်ရာလိပ်အား ထမ်းကာ ဘော်ကြိုမုဌောဘုရားကြီးသို့ လာရောက်တတ်ကြောင်း မျက်မြင် ကိုယ်တွေ့ သိရှိသူတစ်ဦးမှ ရှမ်းနှစ်သစ်ကူးနေ့နှင့်အသက်(၁၁၁)နှစ်ရှိ အဘိုးဦးလုံးလိုင်းဆိုင်အား ဂုဏ်ပြုခြင်း အနေ ဖြင့် (၁.၁၁.၂၀၁၃)ရက်နေ့ရိုက်ထားသော မှတ်တမ်းဓါတ်ပုံနှင့်ရေး သား ပြုစုပေးပို့ ပါသည်။

ပြုစုရေးသားသူ
အိုင်ပီ စိုင်းဝင်းဇော်(ဘန်ကောက်)

No comments:

Post a Comment