Tuesday 3 December 2013

လွန်ခဲ့သော ၁၀ နှစ်ခန့်က စတင်ခဲ့သည့် ရန်ကုန်မြို့တွင်း ဟွန်းသံကင်းမဲ့ဇုန် စီမံချက် အောင်မြင်မှု မရှိ


Photo: လွန်ခဲ့သော ၁၀ နှစ်ခန့်က စတင်ခဲ့သည့် ရန်ကုန်မြို့တွင်း ဟွန်းသံကင်းမဲ့ဇုန် စီမံချက် အောင်မြင်မှု မရှိ
Tuesday, December 3, 2013

လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ခဲ့သည့် ရန်ကုန်မြို့အတွင်း ဟွန်းသံကင်းမဲ့ဇုန် စီမံချက်မှာ အောင်မြင်မှု မရှိကြောင်း သတင်းရရှိသည်။

၂၀၀၃ ခုနှစ် မေ ၁ရက်မှ စတင်၍ ဟွန်းသံကင်းမဲ့ဇုန်အဖြစ် Down Town ခြောက်မြို့နယ်ကို စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်များအားလုံးကို တိုးချဲ့သတ်မှတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

အဆိုပါ ဟွန်းသံကင်းမဲ့ဇုန်ကို သတ်မှတ်ခဲ့ပြီး လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ရခြင်း၏ အဓိက အချက်များမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိခြင်းနှင့် နည်းပညာ အကူအညီများ လိုအပ်မှုကြောင့်ဟု အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြောကြားသည်။

''ဒီလုပ်ငန်းကတော့ အောင်မြင်မှုမရှိဘူးလို့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီစီမံချက်ကို အောင်မြင်အောင် ပြန်ပြီးတော့ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ တပ်ဖွဲ့ဝင်အင်အားနဲ့ နည်းပညာ အထောက်အကူတွေ လိုအပ်မှုကြောင့် ဖြစ်တယ်။ ဒီဟွန်းသံ ကင်းမဲ့ဇုန်ကို အကောင်အထည် ဖော်ရခြင်းရဲ့ အကြောင်းအရင်းကလည်း ခရီးသွား ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ထိတ်လန့်မှု မရှိအောင် သွားလာနိုင်ဖို့ ဖြစ်တယ်'' ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက် ပြောကြားသည်။

ဆက်လက်၍ ''ဒီလို ဟွန်းသံကင်းမဲ့ ဇုန်အဖြစ် မသတ်မှတ်ခင်တုန်းက အရမ်းသံကျယ်တဲ့ ဟွန်းကိုတပ်ထားတဲ့ မော်တော်ယာဉ် တစ်စီးက ဟွန်းတီးလိုက်တဲ့ အချိန်မှာ လမ်းဖြတ်သွားနေတဲ့ အမျိုးသမီးတစ်ဦး လဲကျသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ သေဆုံးသွားတဲ့ သူမှာလည်း နှလုံးရောဂါအခံ ရှိပါတယ်'' ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ဟွန်းသံကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရာတွင် မည်သည့်နေရာမှာ အကျုံးဝင်သည်ဟု အတိအကျ ထုတ်ပြန်ရန် လိုအပ်ပြီး စည်ပင်သာယာ နယ်နိမိတ်ရှိ မြို့နယ်အားလုံးတွင် ဟွန်းမတီးရဟု ကန့်သတ်မှုကို ပြန်လည် စဉ်းစားရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့ပြဧရိယာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

''ဟွန်းဆိုတာတီးဖို့ ကားထုတ်ကတည်းက တပ်ဆင်ထားတာဖြစ်တယ်။ ဒါဆိုရင် ကားတိုင်းကဟွန်းတွေ အကုန်ဖြုတ်ပစ်ရမယ့် သဘောပေါ့။ ဟွန်းမတီးရဘူးဆိုရင် ယာဉ်တိုက်မှုတွေ ဖြစ်လာနိုင်ပါတယ် '' ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုကျော်နိုင်က ပြောကြားခဲ့သည်။ 

Eleven Media Group

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဦးထောင်ဘို အ၀ိုင်းအနီး ဟွန်းသံကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ထားသော ဆိုင်းဘုတ်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဦးထောင်ဘို အ၀ိုင်းအနီး ဟွန်းသံကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ထားသော ဆိုင်းဘုတ်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်    


လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ခဲ့သည့် ရန်ကုန်မြို့အတွင်း ဟွန်းသံကင်းမဲ့ဇုန် စီမံချက်မှာ အောင်မြင်မှု မရှိကြောင်း သတင်းရရှိသည်။


၂၀၀၃ ခုနှစ် မေ ၁ရက်မှ စတင်၍ ဟွန်းသံကင်းမဲ့ဇုန်အဖြစ် Down Town ခြောက်မြို့နယ်ကို စတင် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်များအားလုံးကို တိုးချဲ့သတ်မှတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

အဆိုပါ ဟွန်းသံကင်းမဲ့ဇုန်ကို သတ်မှတ်ခဲ့ပြီး လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ရခြင်း၏ အဓိက အချက်များမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိခြင်းနှင့် နည်းပညာ အကူအညီများ လိုအပ်မှုကြောင့်ဟု အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြောကြားသည်။

''ဒီလုပ်ငန်းကတော့ အောင်မြင်မှုမရှိဘူးလို့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီစီမံချက် ကို အောင်မြင်အောင် ပြန်ပြီးတော့ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ တပ်ဖွဲ့ဝင်အင်အားနဲ့ နည်းပညာ အထောက်အကူတွေ လိုအပ်မှုကြောင့် ဖြစ်တယ်။ ဒီဟွန်းသံ ကင်းမဲ့ဇုန်ကို အကောင်အထည် ဖော်ရခြင်းရဲ့ အကြောင်းအရင်းကလည်း ခရီးသွား ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ထိတ်လန့်မှု မရှိအောင် သွားလာနိုင်ဖို့ ဖြစ်တယ်'' ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက် ပြောကြား သည်။

ဆက်လက်၍ ''ဒီလို ဟွန်းသံကင်းမဲ့ ဇုန်အဖြစ် မသတ်မှတ်ခင်တုန်းက အရမ်းသံကျယ်တဲ့ ဟွန်းကိုတပ်ထားတဲ့ မော်တော်ယာဉ် တစ်စီးက ဟွန်းတီးလိုက်တဲ့ အချိန်မှာ လမ်းဖြတ်သွားနေတဲ့ အမျိုးသမီး တစ်ဦး လဲကျသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ သေဆုံးသွားတဲ့ သူမှာ လည်း နှလုံးရောဂါအခံ ရှိပါတယ်'' ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ဟွန်းသံကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရာတွင် မည်သည့်နေရာမှာ အကျုံးဝင်သည်ဟု အတိအကျ ထုတ်ပြန်ရန် လိုအပ်ပြီး စည်ပင်သာယာ နယ်နိမိတ်ရှိ မြို့နယ်အားလုံးတွင် ဟွန်းမတီးရဟု ကန့်သတ်မှုကို ပြန်လည် စဉ်းစားရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့ပြဧရိယာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

''ဟွန်းဆိုတာတီးဖို့ ကားထုတ်ကတည်းက တပ်ဆင်ထားတာဖြစ်တယ်။ ဒါဆိုရင် ကားတိုင်းကဟွန်းတွေ အကုန်ဖြုတ်ပစ်ရမယ့် သဘောပေါ့။ ဟွန်းမတီးရဘူးဆိုရင် ယာဉ်တိုက်မှုတွေ ဖြစ်လာနိုင်ပါတယ် '' ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုကျော်နိုင်က ပြောကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment