Thursday 21 November 2013

အာဟာရထမင်းရည်


ထမင်းစားသော မြန်မာလူမျိုးတိုင်းသည် ဆန်နှင့် ထမင်းချက်စားလေ့ ရှိသည်။ ဆန်တွင် အာဟာရဓာတ် များစွာပါသည်။ အာဟာရဓာတ်သည် လူကို ခွန်အား ဖြစ်စေသည်။ သွက်လက် ကျန်းမာစေ သည်။ ရောဂါဘယကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးသည်။ အာဟာရဓာတ်ကြောင့် ဥာဏ်ရည် ကောင်း မွန်စေ၍ စဉ်းစားဥာဏ်ကို ရင့်သန်စေ၏။ တွေးခေါ်မြော်မြင်ရာတွင် အလွယ်တကူ ချောမောပြေပြစ်စေ၏။ လုပ်ငန်းခွင်တွင် မမောမပန်းဘဲ အလုပ်ကို လုပ်ကိုင်နိုင်၏။
ဤမျှ တန်ဖိုးရှိလှသော အာဟာရဓာတ်ကို ဆန်နှင့် ထမင်းချက်စားရာတွင် ပြည့်ပြည့်၀၀ အသုံးမချကြ သည်ကို တွေ့ရသည်။ ဆန်ကို ထမင်းချက်ရာတွင် ဆန်သန့်စင်သွားအောင် ဆေးကြောကြသည်။ ဆန်ကို နှစ်ထပ်လောက် ပွတ်သပ်ဆေးကြောလိုက်သဖြင့် ဆန်တွင်ပါသော အာဟာရဓာတ်များစွာသည် ဆန်ဆေးရေတွင် ပါသွားလေသည်။

ယင်းနောက် ထမင်းအိုးဆူ၍ ထမင်းရည်ငှဲ့ရတော့လည်း ဆန်ထဲက အာဟာရဓာတ်များစွာသည် ထမင်းရည်ထဲတွင် ပါသွားလေသည်။ ယင်းကြောင့် မိမိတို့စားသော ထမင်းတွင် အာဟာရ ဓာတ်ဆို၍ လေးပုံတစ်ပုံ လောက်သာ ကျန်တော့သည်။ အမှန်ပင်  အာဟာရဓာတ် လေးပုံသုံးပုံသည် ဆန်ဆေးရေနှင့် ထမင်းရည်တွင် ပါသွား၍ဖြစ်သည်။

ချက်ပြီးရလာသော ထမင်းကို ငါးပိရည်၊ ကန်စွန်းရွက်၊ တို့စရာလောက်မျှဖြင့် စားသုံးနေရသူအဖို့ အာဟာရဓာတ် ပြည့်ဝရေးမှာ မဖြစ်နိုင်တော့ပေ။ အာဟာရဓာတ် မလုံလောက်သဖြင့် အလုပ်ကို အများနည်းတူ ပင်ပန်းခံ၍ မလုပ်နိုင်တော့ပေ။ အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်သည် အများနည်းတူ ခံနိုင်ရည် ပြည့်ပြည့်၀၀ မရှိတော့ ခံနိုင်ရည် ယုတ်လျော့လာသည်။ အားနည်းလာသည်။ ခံနိုင်ရည် ပျော့ညံ့သူကို ကူးစက်ရောဂါတို့ အလွယ်တကူ ကပ်ငြိနိုင်သည်။ ကူးစက်နိုင်သည်။ ရောဂါပိုးတို့ ခဏအတွင်းမှာ ချင်းနင်းဝင်ရောက်တော့သည်။ ခန္ဓာကိုယ်ကို ရောဂါပိုးတို့က ညှဉ်းပန်း နှိပ်စက်တော့သည်။

ထမင်းအိုးဆူ၍ ထမင်းရည်ငှဲ့ရတော့လည်း ဆန်ထဲက အာဟာရဓာတ်များစွာသည် ထမင်းရည်ထဲတွင် ပါသွားလေသည်။ ယင်းကြောင့် မိမိတို့စားသော ထမင်းတွင် အာဟာရဓာတ် ဆို၍ လေးပုံ တစ်ပုံ လောက်သာ ကျန်တော့သည်။ အမှန်ပင်  အာဟာရဓာတ် လေးပုံသုံးပုံသည် ဆန်ဆေးရေနှင့် ထမင်းရည်တွင် ပါသွား၍ဖြစ်သည် . . .

ရောဂါရ၍ မကျန်းမာသောအခါ ခန္ဓာကိုယ်သည် ကြုံလှီလာ၏။ ဖျော့တော့လာ၏။ အားအင်ယုတ်လျော့ လာ၏။ အစားပျက်၊ အအိပ်ပျက်၊ အနေပျက်လာ၏။

ယင်းသည် အာဟာရဓာတ် ချို့တဲ့မှုကြောင့် ရောဂါဝင်ခြင်း ဖြစ်သည်။ အာဟာရဓာတ် ချို့တဲ့သော ထမင်းကိုစားရာက အလွယ်တကူ ရောဂါဘယ ၀င်ရောက်လာခြင်း ဖြစ်၏။

ယင်းကို ကောက်ချက်ဆွဲကြည့်လျှင် ထမင်းချက်ပြုတ်ရာက အာဟာရချို့တဲ့မှု အစပြုခြင်း၏။ အာဟာရဓာတ် ချို့တဲ့မှု၏ တရားခံသည် ဆန်ရေဆေးသည်က ထမင်းရည်ငှဲ့သည်ထိ စွန့်ပစ်ပစ္စည်း ဖြစ်သွားရသည့် အကြောင်းခံပင် ဖြစ်၏။

ယင်းကို မည်ကဲ့သို့ ကာကွယ်မည်နည်း။ ကာကွယ်ရန် နှစ်နည်းရှိသည်။ ပထမနည်းမှာ ရေခန်းချက် စားရန် ဖြစ်၏။ ယင်းနည်းမှာ Pressure Cooker ရှိသူတို့အဖို့ အဆင်ပြေသည်။ Pressure Cooker မရှိသူတို့ အတွက်လည်း ထမင်းရေခန်းချက်နည်းမှာ ခက်လှသည် မဟုတ်ပေ။ ဆန်နှင့်ရေကို အတိုင်းအဆဖြင့် ထမင်းအိုးတွင် ထည့်ချက်ရန်သာ ဖြစ်၏။

Pressure Cooker ဖြင့် ချက်သည်ဖြစ်စေ၊ ရိုးရိုးထမင်းအိုးဖြင့် ရေခန်းချက်သည် ဖြစ်စေ၊ ဆန်ကို ဆေးကြောသန့်စင်ရာတွင် လိုသည်ထက်ပို၍ ပွတ်တိုက်ဆေးကြောခြင်းကို ရှောင်ကြဉ်ရပါမည်။ ဆန်ကို နှစ်ထပ်ဆေးမည့်အစား သန့်စင်ရုံ တစ်ထပ်ဆေးလည်း ဖြစ်၏။ တစ်ထပ်ဆေးခြင်းဖြင့် ဆန်ဆေးရေတွင် အာဟာရဓာတ်များ များများ ပါမသွားတော့၍ အာဟာရဓာတ် လျော့ပါးမှုကို မထိခိုက်လှပေ။

ဒုတိယနည်းကတော့ ခါတိုင်းလို ထမင်းရည်ငှဲ့ချက်သော နည်းပင်ဖြစ်၏။ ထမင်းရည်၌ ဆန်တွင်ပါဝင်သော အာဟာရဓာတ် တစ်ဝက်လောက် ပါသွားသည်ကို သတိထားမိကြပေမည်။ ယင်းကြောင့် ထမင်းရည်ကို စွန့်ပစ်ပစ္စည်းအစား  အာဟာရပစ္စည်းအဖြစ် ပြောင်းလဲနိုင်ဖို့လိုသည်။ ပြောင်းလဲနည်းက ရိုးရိုးကလေးပင်။ ထမင်းရည်ငှဲ့သည့်အခါ သန့်သန့်ခံထားရမည်။ ယင်းနောက် ဆားသင့်ရုံ ထည့်လျက် အအေးခံ၍ဖြစ်စေ၊ ပူပူ ဖြစ်စေ၊ နေ့စဉ် သောက်သုံးရန်ပင် ဖြစ်သည်။

ထမင်းရည် မှန်မှန်သောက်သုံး၍ အကျိုးများပုံသည် အံ့သြထိုက်သည်။ မကြာခဏ ဇာတ်ထိုး၊ ခေါင်းကိုက်သော ရောဂါသည် တစ်လအတွင်း ယူပစ်သလို ပျောက်ကင်းသွားမည်။ မျက်စိအား မကောင်း၍ မျက်မှန်တပ်ရသူသည် တပ်လက်စ မျက်မှန်ဒီဂရီ လျော့သွားမည်။ စင်စစ် ဇာက်ထိုးခေါင်း ကိုက်ခြင်းကို ထမင်းရည်က နေ့စဉ်နှင့်အမျှ တတိတိ လျော့နည်းသွားအောင် အာဟာရဖြင့် ကုစား သွားခြင်း ဖြစ်သည်။

ထို့ပြင် ထမင်းရည်သည် ဟင်းတစ်ခွက်လည်း ဖြစ်နိုင်သေးသည်။ ထမင်းရည်ပူပူမှာ နံနံပင်နည်းနည်းနှင့် ကြက်သွန်ပါးပါးလှီးထည့်၊ ကြက်သွန်ဖြူ ဆီချက်နည်းနည်းချက်ကာ ငံပြာရည်၊ ငရုတ်သီးကောင်းမှုန့်တို့ ထည့်လျှက် သောက်ကြည့်ပါက အရသာရှိသော ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်မည် ဖြစ်သည်။

အာဟာရရှိအောင် စားသုံးနိုင်မှသာ ကျန်းမာသန်စွမ်းနိုင်မည်။ ကျန်းမာသန်စွမ်းအောင် မိမိတို့ရရှိသည့် အခွင့်အခါ အခြေအနေအလျောက် အာဟာရဖြစ်အောင် ချက်ပြုတ် စားသုံးနိုင်ကြောင်း တင်ပြလိုက် ရပေသည်။

Eleven Media Group

No comments:

Post a Comment