Thursday 21 November 2013

♥ ♥ ♥ မင်္ဂလာပွဲအကြို စိတ်ကူးပုံရိပ်များနဲ့ ဝိုင်းစုခိုင်သိန်း ♥ ♥ ♥

‘မက်လောက်စရာ’ တေး စီးရီးနဲ့ ဂီတအနုပညာမှတ်တိုင် စိုက်ထူခဲ့သူ ဖြစ်ပြီး ‘မျက်လှည့်’  တေးစီးရီး၊အခုနောက်ဆုံး ထွက် ရှိခဲ့တဲ့ ‘အာဘွား’ တေးစီးရီးတို့ ဖြင့် ဂီတချစ်သူေ တွရဲ့အားပေးမှုကို အခိုင်အမာရ ရှိနေသူ သရုပ်ဆောင်အဆိုတော်ဝိုင်းစုခိုင်သိန်း က အမေရိကက ချစ်သူဥက္ကာကြူနဲ့ ၂ဝ၁၄ ဖေ ဖော်ဝါရီလမှာ  မင်္ဂလာပွဲဆင်နွှဲတော့မှာ ဖြစ် ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ မနက်ပိုင်း ဆီဒိုးနားဟိုတယ်မှာ စုလျားရစ်ပတ် ဘိသိက် မင်္ဂလာပွဲ၊ ညပိုင်းကန်တော်ကြီးပဲလေ့စ်ဟို တယ်မှာ မင်္ဂလာညစာ စားပွဲပြုလုပ် မှာဖြစ်သလို ဖေဖော်ဝါရီ လဆန်းမှာလည်း လက်မှတ်ရေးထိုး ပွဲ၊မင်္ဂလာဦးဆွမ်းကျွေးပွဲ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ မကြာမီဘဝတစ်ခုကို အတူလက် တွဲကာ   လျှောက်လှမ်းကြတော့မယ့် လိုက်ဖက်တဲ့ စုံတွဲ ဥက္ကာကြူနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ စကားသံ များကိုလည်း မင်္ဂလာသတို့သား၊ သတို့သမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံရိပ်များဖြင့် ရိုက်ကူးတင် ဆက်ဖော်ပြလိုက်ပါတယ်။

မင်္ဂလာမဆောင်ခင် ဗေဒင်မေး
“၁၄ ရက်နေ့မှာ အမှတ်တရဖြစ်သွား အောင်ပါ။သူနဲ့ဝိုင်းစုရဲ့ အဓိကနေ့နံက ဗုဒ္ဓဟူး နဲ့တနင်္ဂနွေဆိုတော့ အမှန်တကယ်က မတည့် ဘူး။ ဒါပေမဲ့တွက်ချက်ကြည့်တော့ ၂လပိုင်းဆို အဆင်ပြေမယ်တဲ့။ ၂လပိုင်းမှာ ရက်လှတာက Valentine’s Day က လှတာလေ။အမှတ်တရ လည်းဖြစ်သွားအောင် အဲဒီနေ့မှာ ဆောင်ဖြစ် သွားတာပါ။သူနဲ့ ဝိုင်းစုက ဂြိုဟ်စီးဂြိုဟ်နင်းတွေဆို လားဘာတွေဆို လားသေချာ တော့မသိဘူး။အိမ်ထောင် ပြု မယ် ဆို တော့ဗေဒင် မေးကြည့်ရ တာပေါ့။အဲ ဒီလိုမျိုး အရ ဆိုတည့်တယ်။
ယောက်ျားလေးကဗုဒ္ဓဟူးဆို မတည့် ဘူး။မိန်းကလေးက ဗုဒ္ဓဟူးဖြစ်နေတဲ့ အတွက် တည့်တယ်။ တချို့တွေအိမ် ထောင်ပြုတဲ့အထဲမှာလည်း မိန်းက လေး ဗုဒ္ဓဟူး ၊ယောက်ျားလေး တနင်္ဂ နွေရှိတယ်။ မတည့်ဘူး တဂျိမ်းဂျိမ်း ပဲ။ ဒါပေမဲ့ ရန်ဖြစ်တာပဲရှိတယ်။ဘာမှထွေထွေထူးထူးမရှိဘူး။ အဲဒါ ကြောင့်  နေ့ နံနဲ့ ပတ်သက်ပြီး ဗေဒင်   မေးကြည့်ရတာ။”
မင်္ဂလာပွဲအတွက် ကြိုတင်စိတ်ကူး
ဝိုင်းစုက အစောကြီးကတည်းက မင်္ဂလာဆောင်မယ်ဆိုရင် မနက် ပိုင်း ကို တကယ့်မြန်မာထုံးတမ်းစဉ် လာ အရ စုလျားရစ်ပတ်နဲ့ဆောင်မယ် ဆိုပြီးအစောကြီးကတည်း က စိတ်ကူး ထားတာရှိတယ်။ ညပိုင်းက တော့ လုံးဝအပျော်ပဲ။ ကိုယ်နဲ့ တကယ်ခင်တဲ့ သူတွေပဲ အားလုံးဖိတ်မယ်။ ညပိုင်းက တော့ သောင်းကျန်းမယ့်ပွဲပေါ့။
ဒီအရွယ်မှာ အိမ်ထောင်ပြုမယ်
“ဝိုင်းစုက တော့ အစက တည်းက ၂၇၊၂၈၊ ၂၉က အလွန်ဆုံး ပဲ။၂၇၊ ၂၈ဆိုရင်အိမ်ထောင် ပြုမယ်လို့အစောကြီး ကတည်း က ရည်ရွယ်ထားတယ်။မိန်းက လေးတစ်ယောက် အနေနဲ့ ဒီ အရွယ်မှာအိမ်ထောင်ပြုသင့်တယ်။ အဓိကက မိသားစုဘဝပေါ့။ကလေး ယူရမယ်။ အသက် ၃ဝမကျော်ခင် ကလေးယူမယ်လို့စဉ်းစားထားတယ်။ အိမ်ထောင်ပြုပြု ပြီးချင်း ကလေးယူ ဖို့လည်း အဆင်မပြေဘူး။ အသက် ၂၈နှစ်ကျမှ ကလေးယူရင် အသက် ၂၉ နှစ်လောက်မှာ ကလေးမွေးလို့ရ မယ်။ အဲဒီလိုစဉ်းစားပြီး ဒီအသက် အရွယ် မှာ အိမ်ထောင်ပြုဖို့ ဆုံး ဖြတ်လိုက်တာပါ။”
အောင်မြင်မှုနဲ့  အိမ်ထောင်ရေး
“အများကြီး စဉ်း စားပါတယ်။ အောင် မြင်မှုဆိုတာတော့ တစ်ယောက် တည်းအတင်း ကြီးလုယူ ပြီးတစ်သက် လုံး ယူထား လို့ရတဲ့အရာ မဟုတ်ဘူး။ကိုယ့်ရဲ့မိ သားစုဘဝ ကလည်း အရေး ကြီးသေးတယ်။ဒီ အလုပ်ကို ကိုယ်က မြတ်နိုးပြီး သား၊ ချစ် ပြီးသား။ကိုယ့်ပရိသတ်တွေအ တွက် ဝိုင်းစုကတော့ တတ်နိုင်သမျှ အမြဲတမ်းကြိုးစားနေမှာပဲ။ အနည်း နဲ့ အများတော့ ထိခိုက်မှုလည်း ရှိရင် လည်း ရှိမယ်။ ရှိဖို့တော့ ပိုများတာ ပေါ့။ ဒါပေမဲ့ အခုခေတ်ကြီးက အိမ် ထောင်ပြုတယ်မပြုဘူးဆိုတာနဲ့ တော့ မဆိုင်တော့ပါ ဘူး။ ဂီတက တော့ အမြဲတမ်းကို အိုဟောင်းသွား တယ်လို့ မရှိပါဘူး။ သီချင်းစာသား နဲ့ သီချင်းကိုပဲ သေချာနားထောင်တာ လေ။ သီချင်းကတော့ ရုပ်နဲ့ မဆိုင် ဘူးလို့ ထင် ပါတယ်။”
အိမ်ထောင်ရေးခရီးလမ်း
အိမ်ထောင်ပြုပြီဆိုမှတော့ ဘဝ တစ်သက်လုံးအတွက် လက်တွဲမှာဖြစ် တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သွားမှာပါ။ လူတိုင်း ကတော့ ဖြည်းဖြည်း ချင်းပြုပြင် ပြောင်းလဲယူရမှာပေါ့။ သူ့အကြိုက်နဲ့ ကိုယ့်အကြိုက်ကတော့ တအားကြီးထပ်တူကျမှာမဟုတ်ဘူး။ ကိုယ့်ဟာ နဲ့ ကိုယ်တောင် တစ်ခါတလေကျရင် စိတ်တိုင်းမ ကျတာရှိတယ်။ ညှိစရာ တော့ အသေးအဖွဲ့ကအစ ညှိဖို့လို မယ်ထင်တယ်။ ဝိုင်းစုက တစ်ဦး တည်းသော သမီးလည်းဖြစ်တယ်။ အနုပညာရှင်လည်းဖြစ်တော့ သူက တော့ ပိုပြီး သည်းခံရမှာပေါ့။ ဒါပေမဲ့ ဝိုင်းစုက တစ်ဦးတည်းသော သမီး ပေမယ့် တအားကြီးတစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူတော့ မဟုတ်ပါဘူး။ တချို့ဟာတွေနည်းနည်း ဇီဇာ ကြောင်တတ်တယ်။ ကိုယ့်ဘက်ကနေ လည်း ပြန်လျော့ရတာတွေ၊ ပြန်ညှိရ တာတွေလည်းရှိတယ်။
ဘာကြောင့် သူ့ကိုရွေးချယ်လဲ
သူက ဝိုင်းစုအပေါ်မှာ ချစ် တယ်။ ဝိုင်းစုထက်လည်း အသက် ၅နှစ်ကြီးတယ်။ တတ်နိုင်သမျှ ဝိုင်းစု ကို အလိုလိုက်တာများတယ်။ သူ့ခြေ ထောက်ပေါ်သူ ရပ်တည်နိုင် တယ်။ သူ့ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရပ်တည်မှု ရှိတယ်။သူ့ရဲ့မိသားစုအသိုင်းအဝိုင်း နဲ့လည်း တအားအဆင်ပြေတယ်။ သူ့မိသားစုက လည်း တကယ့်သမီး တစ်ယောက်လိုပဲ ဆက်ဆံတယ်။ သူ့နဲ့ဝိုင်းစုနဲ့ယှဉ်ရင်တောင် ဝိုင်းစုကို ပိုအလေးထားတယ်။ တစ်ခုခုပြောရင် ဝိုင်းစုဘက်က ပိုပါကြတာများတယ်။
အမေရိကမှာ အခြေချနေထိုင်မယ်
သူ့အလုပ်က ဟိုမှာအခြေချပြီး သား။ သူ့ကိုယ်ပိုင်ကုမ္ပဏီရှိတယ်။ သွားလိုက်လာလိုက်တော့လုပ်မယ်။ ဒါပေမဲ့ ဒီဘက်ကို သူလုပ်တဲ့အလုပ် လည်း လာလုပ်လို့ရမယ်။ ဒီမှာ စီးပွားရေးတွေလည်းပွင့်နေပြီ။ ဒီမှာ ဆိုရင်တော့ အစက ပြန်လုပ်ရမှာ ပေါ့။အခုအဆက်အသွယ်တွေလည်း ရပြီ။ သူ့ဟာနဲ့သူအဆင်ပြေနေပြီ ဆိုတော့ ဒီမှာလုပ်ပြီး   နောက်ပိုင်း ကလေး ၂နှစ်၊ ၃နှစ်ဆိုရင်တော့ အမေရိကမှာစပြီး အခြေချနေဖြစ် မယ်ထင်တယ်။ ကလေးယူမယ်ဆိုရင် ဟိုမှာ ပညာရေးတွေ၊ ကျောင်းထား ဖို့အတွက်နေ မယ်။ဟိုမှာပေမယ့် မိဘလည်း မိဘမှန်းသိရမယ်။ မြန်မာ့ ယဉ်ကျေးမှုလည်း သိရမယ်။ မြန်မာစာ၊ မြန်မစကားကိုလည်း ကောင်းကောင်းတတ်ရမယ်။ အဲဒီလို ဖြစ်အောင် ဝိုင်းစုသင်ပေးမယ်။ မိသားစုတစ်ခုတည်ဆောက်ပြီဆိုရင် တော့ ကိုယ့်ကလေးတွေအတွက်အားလုံးကိုတော့ ကြည့်ရမှာပေါ့။

AsiaFame Media Group

No comments:

Post a Comment