Friday 4 October 2013

ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်

Photo: ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်
===================================

Friday, October 4, 2013

မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာက အသိ အမှတ်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာတော့ လွတ်လပ်မှုဟာ ကြောက်စရာကောင်းလောက်ကို လွတ်လပ်နေ ပါတယ်။ နေ့စဉ်ထုတ်ဝေနေတဲ့သတင်းစာတွေ၊ အပတ်စဉ်ထုတ်နေတဲ့ ဂျာနယ်သတင်းတွေမှာ ရေးသားချက်တွေဟာ လူပုဂ္ဂိုလ်တစ်ဦးကို နာမည်တပ်ပြီးဆဲရေးတိုင်းတွာခြင်းမပြုရုံတမယ်ပဲကျန်ပါတော့တယ်။ ဟိုတလောက ငြိမ်းချမ်းရေး ပွဲတော်မှာ လူရွှင်တော်တစ်ဦးပြက်လိုက် တဲ့ပြက်လုံးဟာ တော်တော်လေးကိုမိုက်ရိုင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေနွေးခန်းပြက်လုံးတစ်ခုပြက်ပါတယ်။

အဲဒီမှာပြောတဲ့စကားက..နေပြည်တော်မှာဗုံးကွဲတာ မြင်ချင်ပါတယ်… ဆိုပြီး ပြက်ချသွားပါတယ်။ ပြက်လုံးတစ်ခုဆိုတာပြက်လုံးရှိသလို ဖြေလုံးလဲရှိ ရပါ မယ်။ ဒါလူရွှင်တော်စစ်စစ်ကြီးတွေ ဆိုရင် သိပါတယ်။

အခုပြက်လုံးပျက်တဲ့သူဟာ လူရွှင်တော်တော့ စစ်စစ်မဖြစ်နိုင်ပါဘူး။ မြန်မာ နိုင်ငံမှာက ဇဗ္မူဒိပ်နိမိတ် ဆိုတာရှိ ပါတယ်။ အစောကပြောတဲ့ပြက်လုံးနဲ့ ပတ်သက်ပြီး ဖြေလုံးထုတ်သွားတာ မတွေ့လိုက် ပါဘူး။ ပြောရမယ် ဆိုရင် တော့ဒီမို ကရေစီခေတ်ရောက်နေပြီ၊ ငါတို့ပြောချင်သလိုပြောလို့ရနေပြီလို့ ယူဆထားပုံရပါတယ်။ အတိတ်က နာကြည်းချက်တွေ မကျေနပ်ချက်တွေဟာ ကိုယ့်ကြောင့်ဖြစ်ပေါ် လာ ရတာချည်းပါပဲ။ ကိုယ်တိုင်က ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာစရာမရှိ ပါဘူး။ အကြောင်းအကျိုး ဆိုတာဆက်စပ်ပါတယ်။

လူတွေရဲ့မကျေနပ်ချက်တွေဟာ တရားဥပဒေနဲ့ ဖြေရှင်းလို့ရတဲ့ခေတ်ဖြစ် နေပါပြီ။ နစ်နာချက်ရှိရင် တိုင်တန်း လို့ရပါတယ်။ မှန်မှန်ကန်ကန်တိုင်ရက် သားနဲ့မှအရေးမယူတာမျိုးရှိခဲ့ရင် ပွင့်လင်း မြင်သာစွာ ပြောလို့ရတဲ့ မီဒီယာတွေ အများကြီးရှိပါတယ်။ အဲလိုမှမဟုတ်ဘဲနဲ့ အဖျက်သမား စိတ်ဓာတ်နဲ့အဖျက်တွေကိုပဲ မြင်နေ ပြောနေ လုပ်နေမယ် ဆိုရင်ဒီမိုကရေစီကို ဖျက်ဆီးရာရောက် ပါတယ်။

ရန်ကုန် လှည်းတန်းမှာ မကြာမီကဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဆိုရင် ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လှည်းတန်းမှာ ညဖက်ဆို အိမ်ရှေ့တွေ မှာကားတွေ ရပ်ပြီးညအိပ်ကြ ပါတယ်။ ညအိပ်ရပ်နားထားတဲ့ကားတွေရဲ့ ကားဘီးတွေကို လူတစ်စုက လိုက်ပြီးဖောက်ပစ်လိုက်ပါတယ်။ ကားဘီးတွေ လုံးဝသုံးမရအောင်ဖြစ်သွားပါတယ်။ အနည်းဆုံး ကား အစီး ၄၀ ကျော်ပါ တယ်။ ကားဘီးလိုက်ဖောက်နေတဲ့သူတွေ အတွက် ဘာတွေအကျိုးအမြတ် ရသွားသလဲ။ ဘာအဓိပ္ပာယ်နဲ့ လုပ်တာပါလဲ။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် စိတ်ပျက်ဖို့အလွန် ကောင်းပါတယ်။

နောက်တစ်ခုကတော့ နေပြည်တော်မှာဖြစ်ပျက်တာပါ။ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှာ ရှိတဲ့ပြစ်မှု ကျူးလွန်တဲ့ တရားခံတွေကိုတရားဥပဒေ နဲ့အညီဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဇော်လတ်ရဲ့ မိသားစုတွေက ဓားပြ…သူခိုးအော်ဟစ်ခြင်း၊မီး…မီးအော်ဟစ်ခြင်း၊ ဇော်လတ်၏ဇနီးမမာသင်းက ၀တ်ဆင်ထားတဲ့ထမိန်ကိုချွတ်ပြီး မုဒိန်းကျင့်တယ်လို့ လိမ်လည်အော် ဟစ်ခြင်းကြောင့် ရွာသားတွေ ရောက်လာပြီးရဲတပ်ဖွဲ့ဝင်တွေကို တုတ်ဓား လက်နက် မျိုးစုံနဲ့ဝင်ရိုက်ခုတ် လိုက် လို့ရဲတပ်ဖွဲ့ဝင်(၇)ဦးဒဏ်ရာတွေရသွားခဲ့ပါတယ်။

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေ က၀ိုင်းပြီးဖမ်းဆီးချုပ်နှောင် ထားလိုက်ပါတယ်။နောက် တစ်နေ့ကျမှမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား နဲ့သွားရောက်ထုတ်ယူခဲ့ရပါတယ်။ အဲဒီမှာခေါင်းဆောင်ပါဝင်တဲ့ ဇော်လတ်က NLDပါတီဝင် ကျေးရွာစည်းရုံးရေးမှူးတစ်ဦးဖြစ်ပါတယ်။

NLD ပါတီဝင်တွေရဲ့ အနေအထိုင်မတတ်မှု၊လူပါးဝမှုတွေဟာ ခေါင်းဆောင် ဖြစ်တဲ့ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာချတဲ့လုပ်ရပ်တွေဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌလဲတာဝန် ယူထားတဲ့အတွက် ၀ဲကြီးရွာသားတစ်ချို့နဲ့ NLD ကဇော်လတ် ရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီနည်းလမ်းတကျဖြစ်ပါရဲ့လား။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ၊တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသူတစ်စုအပေါ်မှာဒီလိုမျိုးအုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနဲ့ညီညွတ်ပါသလား။

ဒီမိုကရေစီရတာမှမကြာသေးဘူး ပြန်ပြီးဆုံးရှုံးသွားမယ့် လုပ်ရပ်မျိုးကို တော့ ဆင်ခြင်သင့်လှပါတယ်။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်ပဲ စိတ်ပျက် ဖို့ကောင်း ပါတယ်လို့ပြောချင် ပါတယ်။

https://www.facebook.com/photo.php?fbid=246406775507649&set=a.238865946261732.1073741828.100004149842479&type=1&ref=nf

မှကူးယူဖော်ပြသည်။
မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာကအသိ အမှတ်ပြုခဲ့ပါ တယ်။ မြန်မာနိုင်ငံအတွင်း မှာတော့ လွတ်လပ်မှုဟာ ကြောက်စရာကောင်းလောက်ကို လွတ်လပ်နေ ပါတယ်။
နေ့စဉ်ထုတ်ဝေနေတဲ့ သတင်းစာတွေ၊ အပတ်စဉ်ထုတ်နေတဲ့ ဂျာနယ်သတင်းတွေမှာ ရေးသားချက်တွေဟာ လူပုဂ္ဂိုလ်တစ်ဦးကို နာမည် တပ်ပြီး ဆဲရေး တိုင်း တွာခြင်း မပြုရုံ တမယ်ပဲ ကျန်ပါတော့တယ်။ ဟိုတလောက ငြိမ်းချမ်းရေး ပွဲတော်မှာ လူရွှင်တော်တစ်ဦးပြက်လိုက် တဲ့ပြက်လုံး ဟာ တော်တော်လေးကိုမိုက်ရိုင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေနွေးခန်းပြက်လုံး တစ်ခုပြက်ပါတယ်။

အဲဒီမှာပြောတဲ့စကားက..နေပြည်တော်မှာဗုံးကွဲတာ မြင်ချင်ပါတယ်… ဆိုပြီး ပြက်ချသွားပါတယ်။ ပြက်လုံးတစ်ခုဆိုတာပြက်လုံး ရှိသလို ဖြေလုံးလဲ ရှိ ရပါ မယ်။ ဒါလူရွှင်တော်စစ်စစ်ကြီးတွေ ဆိုရင် သိပါတယ်။

အခုပြက်လုံးပျက်တဲ့သူဟာ လူရွှင်တော်တော့ စစ်စစ်မဖြစ်နိုင်ပါဘူး။ မြန်မာ နိုင်ငံမှာက ဇဗ္မူဒိပ်နိမိတ် ဆိုတာရှိ ပါတယ်။ အစောကပြော တဲ့ပြက်လုံးနဲ့ ပတ်သက်ပြီး ဖြေလုံးထုတ်သွားတာ မတွေ့လိုက် ပါဘူး။ ပြောရမယ် ဆိုရင် တော့ဒီမို ကရေစီခေတ်ရောက်နေပြီ၊ ငါတို့ပြောချင်သလိုပြောလို့ရနေပြီလို့ ယူဆထားပုံရပါတယ်။ အတိတ်က နာကြည်းချက်တွေ မကျေနပ်ချက်တွေဟာ ကိုယ့်ကြောင့်ဖြစ်ပေါ် လာ ရတာချည်းပါပဲ။ ကိုယ်တိုင်က ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာစရာမရှိ ပါဘူး။ အကြောင်းအကျိုး ဆိုတာဆက်စပ်ပါတယ်။

လူတွေရဲ့မကျေနပ်ချက်တွေဟာ တရားဥပဒေနဲ့ ဖြေရှင်းလို့ရတဲ့ခေတ်ဖြစ် နေပါပြီ။ နစ်နာချက်ရှိရင် တိုင်တန်း လို့ရပါတယ်။ မှန်မှန်ကန်ကန်တိုင်ရက် သားနဲ့မှအရေးမယူတာမျိုးရှိခဲ့ရင် ပွင့်လင်း မြင်သာစွာ ပြောလို့ရတဲ့ မီဒီယာတွေ အများကြီးရှိပါတယ်။ အဲလိုမှမဟုတ်ဘဲနဲ့ အဖျက်သမား စိတ်ဓာတ်နဲ့အဖျက်တွေကိုပဲ မြင်နေ ပြောနေ လုပ်နေမယ် ဆိုရင်ဒီမိုကရေစီကို ဖျက်ဆီးရာရောက် ပါတယ်။

ရန်ကုန် လှည်းတန်းမှာ မကြာမီကဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဆိုရင် ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လှည်းတန်းမှာ ညဖက်ဆို အိမ်ရှေ့တွေ မှာကားတွေ ရပ်ပြီးညအိပ်ကြ ပါတယ်။ ညအိပ်ရပ်နားထားတဲ့ကားတွေရဲ့ ကားဘီးတွေကို လူတစ်စုက လိုက်ပြီးဖောက်ပစ်လိုက်ပါတယ်။ ကားဘီးတွေ လုံးဝသုံးမရအောင်ဖြစ်သွားပါတယ်။ အနည်းဆုံး ကား အစီး ၄၀ ကျော်ပါ တယ်။ ကားဘီးလိုက်ဖောက်နေတဲ့သူတွေ အတွက် ဘာတွေအကျိုးအမြတ် ရသွားသလဲ။ ဘာအဓိပ္ပာယ်နဲ့ လုပ်တာပါလဲ။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် စိတ်ပျက်ဖို့အလွန် ကောင်းပါတယ်။

နောက်တစ်ခုကတော့ နေပြည်တော်မှာဖြစ်ပျက်တာပါ။ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှာ ရှိတဲ့ပြစ်မှု ကျူးလွန်တဲ့ တရားခံတွေကို တရား ဥပဒေ နဲ့အညီဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဇော်လတ်ရဲ့ မိသားစုတွေက ဓားပြ…သူခိုးအော်ဟစ်ခြင်း၊ မီး…မီးအော်ဟစ်ခြင်း၊ ဇော်လတ်၏ဇနီးမမာသင်းက ၀တ်ဆင်ထားတဲ့ထမိန်ကိုချွတ်ပြီး မုဒိန်းကျင့်တယ်လို့ လိမ်လည်အော် ဟစ်ခြင်းကြောင့် ရွာသားတွေ ရောက်လာပြီးရဲတပ်ဖွဲ့ဝင်တွေကို တုတ်ဓား လက်နက် မျိုးစုံနဲ့ဝင်ရိုက်ခုတ် လိုက် လို့ရဲတပ်ဖွဲ့ဝင်(၇)ဦးဒဏ်ရာတွေ ရသွားခဲ့ပါတယ်။

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေ က၀ိုင်းပြီးဖမ်းဆီးချုပ်နှောင် ထားလိုက်ပါတယ်။နောက် တစ်နေ့ကျမှမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား နဲ့သွားရောက် ထုတ်ယူ ခဲ့ရပါတယ်။ အဲဒီမှာခေါင်းဆောင်ပါဝင်တဲ့ ဇော်လတ်က NLDပါတီဝင် ကျေးရွာစည်းရုံးရေး မှူးတစ်ဦးဖြစ် ပါတယ်။

NLD ပါတီဝင်တွေရဲ့ အနေအထိုင်မတတ်မှု၊လူပါးဝမှုတွေဟာ ခေါင်းဆောင် ဖြစ်တဲ့ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာချတဲ့လုပ် ရပ်တွေဖြစ်နေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌလဲတာဝန် ယူထားတဲ့အတွက် ၀ဲကြီးရွာသား တစ်ချို့နဲ့ NLD ကဇော်လတ် ရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီနည်းလမ်းတကျဖြစ်ပါရဲ့လား။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ၊တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသူတစ်စုအပေါ်မှာဒီလိုမျိုးအုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနဲ့ညီညွတ်ပါသလား။

ဒီမိုကရေစီရတာမှမကြာသေးဘူး ပြန်ပြီးဆုံးရှုံးသွားမယ့် လုပ်ရပ်မျိုးကို တော့ ဆင်ခြင်သင့်လှပါတယ်။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်ပဲ စိတ် ပျက် ဖို့ကောင်း ပါတယ်လို့ပြောချင် ပါတယ်။

https://www.facebook.com/photo.php?fbid=246406775507649&set=a.238865946261732.1073741828.100004149842479&type=1&ref=nf

မှကူးယူဖော်ပြသည်။

No comments:

Post a Comment