Friday 4 October 2013

ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၂) နိဂုံး

Photo: ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၂) နိဂုံး

လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရအဖွဲ့တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြု လုပ်တော့မှာ ဖြစ်ပါတယ်။ အစိုးရနဲ့ သဘောတူညီမှုရဖို့ ကျန်တဲ့ အဖွဲ့နှစ်ဖွဲ့ မှာ KIO နဲ့ TNLA တို့ဖြစ်ကြောင်း သိရပါတယ်။ KIO ကိုတော့ အကောင်း ဘက် မှာ ထားပြီး တွေးပေး နိုင်ပါတယ်။ TNLA ကတော့ အစိုးရငြိမ်း ချမ်းရေးကော်မတီနဲ့ တွေ့ဆုံရန် မရှိသေးဘူးဆိုပြီး အသံထွက်နေတာ ရှိပါတယ်။ KIO နဲ့သဘောတူညီမှုရခဲ့သည့်တိုင်အောင် TNLA နဲ့ သဘော တူညီမှုရဖို့ အစပင်မပျိုးနိုင်သေးတဲ့ အနေအထား မျိုး ဖြစ်နေပါတယ်။

ဒါဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး မှုမှာ KIO ပါနိုင်ကောင်း ပါနိုင်ပေမယ့် TNLA ကိုတော့ မျှော်လင့်လို့ မရနိုင် တဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ၊ ပြည်သူအတွက် သူတို့ မစဉ်းစားဘူးဆို တာ သေချာပါတယ်။ ငါပါမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်လို့ရ မယ်၊ ငါလို ချင်တဲ့ အခွင့်အရေး မရရင် ငြိမ်းချမ်းရေးမယူဘူးဆိုတဲ့ အတွေး ဟာ ဟိုးအတိတ်ကာလဆီကနေ ဒီနေ့ဒီအချိန်အထိ မဖျောက် ဖျက်နိုင်ေ သး တဲ့ အရိုးစွဲနေတဲ့ အယူအဆတွေလို့ ပြောရပါမယ်။ ကျွန်တော်တို့ ပြည် သူတွေ ကတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ကိုပဲ လိုချင်ပါတယ်။ မငြိမ်း ချမ်းဘဲနဲ့ လက်နက် ကိုင်ပဋိပက္ခတွေကြားထဲမှာ ဒီမိုကရေစီခေါင်းစဉ်တပ် ထားလည်း အချည်းအနှီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မျှော် လင့်နေ တဲ့ ဒီမိုကရေစီခရီးလမ်းမှာ မပြီပြတ်သေးတဲ့ ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲဆို တာ စောင့်ကြည့်ရပါဦးမယ်။

နေဇော်
Ko Yarzar
လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရအဖွဲ့တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြု လုပ်တော့မှာ ဖြစ်ပါတယ်။
အစိုးရနဲ့ သဘောတူညီမှုရဖို့ ကျန်တဲ့ အဖွဲ့နှစ်ဖွဲ့ မှာ KIO နဲ့ TNLA တို့ဖြစ်ကြောင်း သိရပါတယ်။ KIO ကိုတော့ အကောင်းဘက်မှာထားပြီး တွေးပေး နိုင်ပါတယ်။ TNLA ကတော့ အစိုးရငြိမ်း ချမ်းရေးကော် မတီနဲ့ တွေ့ဆုံရန် မရှိသေးဘူးဆိုပြီး အသံထွက်နေတာ ရှိပါတယ်။ KIO နဲ့သဘောတူညီမှုရခဲ့သည့် တိုင်အောင် TNLA နဲ့ သဘော တူညီမှုရဖို့ အစပင်မပျိုးနိုင်သေးတဲ့ အနေအထား မျိုး ဖြစ်နေပါတယ်။

ဒါဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး မှုမှာ KIO ပါနိုင်ကောင်း ပါနိုင်ပေမယ့် TNLA ကိုတော့ မျှော်လင့်လို့ မရနိုင် တဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ၊ ပြည်သူအတွက် သူတို့ မစဉ်းစားဘူးဆိုတာ သေချာပါတယ်။ ငါပါမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်လို့ရမယ်၊ ငါလိုချင်တဲ့ အခွင့်အရေးမရရင် ငြိမ်းချမ်းရေးမယူဘူးဆိုတဲ့ အတွေးဟာ ဟိုးအတိတ်ကာလဆီကနေ ဒီနေ့ဒီအချိန်အထိ မဖျောက် ဖျက်နိုင်သေးတဲ့ အရိုးစွဲနေတဲ့ အယူအဆတွေလို့ ပြောရပါမယ်။ ကျွန်တော်တို့ ပြည်သူတွေ ကတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ကိုပဲ လိုချင်ပါတယ်။ မငြိမ်းချမ်းဘဲနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ထဲမှာ ဒီမိုကရေစီခေါင်းစဉ်တပ် ထားလည်း အချည်းအနှီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မျှော် လင့်နေတဲ့ ဒီမိုကရေစီခရီးလမ်းမှာ မပြီပြတ်သေးတဲ့ ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ် မလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

နေဇော်
Ko Yarzar

No comments:

Post a Comment