Friday 4 October 2013

မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင် စစ်ဆေး ပြီ

မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံးဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှုစစ်အဖွဲ့ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
သေဆုံးသူ သုံးဦးစလုံးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ထုရိုက်ဒဏ်ရာများ ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီမန်နေဂျာ ဦးလှဖုန်းကျော်၏ ပြောဆိုချက်အရ ကုမ္ပဏီအပေါ် ထပ်အ ရှေ့ ဘက်ခန်းရှိ အမြင့်သုံးပေ၊ တစ် ပေခွဲပတ်လည်အကျယ်ရှိ Leeco အမျိုးအစားမီးခံသေတ္တာသော့ အား မာသောကိရိယာဖြင့်ဖွင့်ရန် ကြိုးစားမှုတွေ့ရှိရသော်လည်း ပစ္စည်းတစ်စုံ တစ်ရာပျောက်ဆုံးမှု မတွေ့ ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာ သို့ ပြောသည်။

''အခုဖြစ်ပွားတဲ့ ပုံစံကတော့ မီးခံသေတ္တာထဲက ပစ္စည်းကို ရယူ ဖို့အတွက် တရားခံကကြိုးစားခဲ့ ပုံကို စစ်ဆေးတွေ့ရှိရတယ်။ မီးခံ သေတ္တာဆိုတော့ လွယ်လွယ်ကူကူ ဖွင့်လို့မရတာကြောင့် အထဲက ပစ္စည်းတွေ ကတော့ နဂိုအတိုင်း ရှိပါတယ်။ မသင်္ကာဖွယ်ရာနေ့စား ဝန်ထမ်းကိုလဲ စတင်စစ်ဆေးနေပြီ ဖြစ်လို့ အမှုမှန်အမြန်ဆုံးပေါ် ပေါက်တော့မှာပါ''ဟု ယင်းက ဆက်လက်ရှင်းပြသည်။

အဆိုပါမှုခင်းဖြစ်စဉ်တွင် ဦးဟန်သောင်း အသက် ၇၀ PSS ကုမ္ပဏီလုံခြုံရေး ဝန်ထမ်း၊ (အမရပူရ)၊ ဦးတင်လှိုင် ၅၄ နှစ် PSS ကုမ္ပဏီလုံခြုံရေးဝန်ထမ်း (အမရပူရ)နှင့် ဒေါ်ကြည်ဟန်၊ ၃၈ နှစ် (အမရပူရ) တို့သေဆုံးခဲ့သည်။

အမှုဖြစ်ပွားခဲ့သည့်ကုမ္ပဏီသည် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၉လမ်း နှင့် နှင်း ဆီ လမ်းထောင့်တွင် တည် ရှိပြီး အောက်တိုဘာ ၂ရက်ကအ ရောင်းဝန်ထမ်းဖြစ်သူ သက်ပိုင်စိုး သည် ပစ္စည်းများလာရောက် ထုတ်ယူရန်အတွက် လာရောက်စဉ် ခြံဝင်းအတွင်း လူသုံးဦးလဲကျနေသည် ကို တွေ့ရသောကြောင့် ကုမ္ပဏီတာဝန်ရှိသူ ဦးလှဖုန်းကျော်မှ တစ်ဆင့် ရဲစခန်းသို့အကြောင်း ကြား ခဲ့ခြင်းဖြစ် သည်။

သေဆုံးသူများအနီးမှ Shower တံဆိပ်ပါ သဲကြိုးအစိမ်းတပ် ထားသည့် နံပါတ် ၁ဝခွဲ အဖြူ ရောင်ဖိနပ် တစ်ရံ၊ ကျွတ်ထွက်နေသည့် သွားတစ်ချောင်းတို့ကို သက်သေခံပစ္စည်းများအဖြစ်သိမ်းဆည်း ရမိ ထားကြောင်းသိရသည်။

ခွန်စိုင်းအောင်
Yangon Media Group

No comments:

Post a Comment