Friday 4 October 2013

ဖက်ဒရယ် နှင့် သေနတ်

Photo: ဖက်ဒရယ် နှင့် သေနတ် 
Friday, October 4, 2013

ယနေ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသ ငါးခု၊ ပြည်ထောင်စု နယ်မြေတစ်ခု (နေပြည်တော်) တို့ ပါဝင် ပါတယ်။ ပြည်ထောင်စုနယ်မြေ သတ်မှတ်တာတော့ ပြည်နယ်၊ တိုင်းတွေ မှာ သီးခြားလွှတ်တော်၊ သီး ခြားအစိုးရတွေ ရှိနေတာမို့ ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာနေရာ သီးခြားရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် မှာ ၀ါရှင်တန်၊ သြစတေးလျ မှာကင်ဘာရာ စသည်ဖြင့် ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာနေရာတွေကို သီးခြားထားသလိုပါဘဲ။ ဒါဟာ ဖက်ဒရယ်ရဲ့ သဘောတရားပါပဲ။

ဖက်ဒရယ်ရဲ့ အနှစ်သာရဆိုတာ -
၁။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာခွဲဝေမှုများကို အခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားရ မယ်။
၂။ အဲဒီလို အခြေခံဥပဒေ က ပေးထားတဲ့ အခွင့်အာဏာများ ကို ပြည်ထောင် စု အစိုး ရ သဘော တစ် ခုတည်းနဲ့ ပြင်ဆင်လို့မရ ဘူး၊ ပြည်နယ် လွှတ်တော်များသို့မဟုတ် ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပြီး ပြည်သူတွေ သဘောတူညီမှုယူရမယ်ဆိုတာပါ။

ဗြိတိန်နိုင်ငံမှာဝေလပြည်နယ်၊ စကော့တလန်ပြည်နယ်တို့မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အရေးတွေ အ များကြီးရှိ ပါတယ်။ ဒါပေမယ့် ဒီအခွင့် အရေးတွေကို ဗြိတိသျှ ပါလီမန်ရဲ့ ဥပဒေနဲ့ ပေးထားတာဖြစ်လို့ အ ချိ န်မရွေးပြန် ရုပ်သိမ်း လို့၊ ပြင်ဆင်လို့ရပါတယ်။ ဝေလလွှတ်တော်နဲ့ စကော့တလန်လွှတ်တော်က ဘာမှ ပြော ပိုင်ခွင့်မရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖက်ဒရယ်လို့ မပါပေမယ့် ပြည်နယ် လွှတ်တော်၊ ပြည်နယ်အစိုး ရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ တည်ဆောက်ပုံ ကတော့ ဖက်ဒရယ်ဆန်ပါတယ်။ အခြေခံ ဥပဒေအတို င်း လူတွေ က တိတိကျကျ မလုပ်နိုင်ခြင်းများကြောင့်သာ ဖက်ဒရယ်အသက် မဝင်သေးတာ ဖြစ်ပါတယ်။ ဖွဲ့စ ည်းပုံအတိုင်း အတိ အကျလုပ်ဖို့အတွက် အဓိကပြဿနာက လက်နက်ကိုင်တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ လက်န က်ကိုင်တပ်ဖွဲ့တွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တိတိကျကျ အကောင်ထည်ဖော်ဖို့ ခက်သလို၊ လ က်နက်ကိုင်တပ်ဖွဲ့တွေကလည်း လက်နက်မစွန့်ချင်တာကြောင့် ဖွဲ့စည်းပုံပြင်ဖို့နဲ့ ဖက်ဒရယ် နိုင်ငံ ထူထောင် ဖို့ လိုလားကြပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေ တဲ့ ဒေါ်အောင် ဆန်း စုကြည်တောင် ဖက်ဒရ ယ်ဆိုရင် ဘယ်လို ဖက်ဒရယ် လဲ၊ ပြည်နယ်က ၇ ခုလား၊ ၈ ခုလား၊ ၁၄ ခုလား ဆိုပြီး မေးခွန်းထုတ် ထားတာ ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ မိမိပြည်နယ်ကို မိမိတို့ကောင်းမွန် စွာစီမံခန့်ခွဲနိုင်ကြောင်း ယုံကြည် ရင်၊ ပြည်နယ်လူထုတစ်ရပ်လုံးက မိမိ တို့ကိုထောက်ခံအားကိုးကြောင်းယုံကြည်ရင်၊ ကိုယ်တိုင်က အရ ည် အ ချင်း ရှိရင် ပြည်နယ်လွှတ်တော်ထဲ ဝင်ဖို့ပဲလိုပါတယ်။ လက်နက်ကိုင်ချင် ရင်တော့ တပ်မတော် ထဲ ဝင်ရမှာပါ။ စစ်တပ်ထဲက စည်းကမ်းနဲ့ လေ့ကျင့် မှု ဒဏ်မ ခံနိုင်၊ ပြည်နယ် လူထုကလည်း ထောက်ခံမှု မရှိပဲေ သနတ် ကိုင်ပြီး ပြည်နယ် အတွက်လို့ အော်နေတာကတော့ ဖက်ဒရယ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ် ပါတယ်။ တို င်းရင်းသားလက်နက်ကိုင်တွေ အဓိက နားလည်ဖို့က ဖက်ဒရယ်နဲ့ သေနတ်က ပြဒါးတစ်လမ်း သံတစ်လမ်း ပါ။ ဖက်ဒရယ်အမှန်တကယ်လိုချင်ရင်တော့ သေနတ် ကို စွန့်ပါ။ သေနတ်ကိုင် ထားတဲ့ ဘဝကို အရသာတွေ့ နေသမျှ ကာလတစ်လျှောက်လုံးကတော့ ဖက်ဒရယ်နဲ့ အလှမ်း ဝေးနေအုံး မှာပါ။ ကမ္ဘာပေါ်က နော်ဝေ၊ ဆွီဒ င် တို့လို ထိပ်တန်းလူ့အခွင့် အရေးတွေ၊ ဒီမိုကရေစီတွေကိုလည်း အပြည့်လိုချင်၊ အမေရိကန်၊ ဂျာမဏီတို့ လို ဖက်ဒရယ်လည်း လိုချင်၊ လက်နက်ကိုင်တပ်ဖွဲ့ ဘဝကလည်း မစွန့်လွှတ်နိုင် ဆိုရင်တော့ ဒီလူတွေရဲ့ လို ချင်တောင်းဆို သမျှ ကို အစိုးရ နဲ့ စစ်တပ်က ဘယ်လိုဖြည့်ဆည်းပေးရ မလဲ၊ ဖြည့် ဆည်းပေး လိုက်ရင် နိုင်ငံေ တ်ာနဲ့ ပြည်သူတွေဘဝ ဘယ်လိုဖြစ်သွား မလဲဆိုတာ တွေးတော်မူကြပါကုန်…။ 

ကျော်မျိုးထက် (မုဒုံ)
ယနေ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသငါးခု၊ ပြည်ထောင်စုနယ်မြေတစ်ခု(နေပြည်တော်) တို့ပါဝင်ပါတယ်။ ပြည်ထောင်စုနယ်မြေ သတ်မှတ်တာတော့ ပြည်နယ်၊ တိုင်းတွေမှာ သီးခြားလွှတ်တော်၊ သီး ခြား အစိုးရတွေ ရှိနေတာမို့ ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာနေရာ သီးခြားရှိဖို့ လိုအပ် ပါတယ်။ အမေရိကန် မှာ ၀ါရှင်တန်၊ သြစတေးလျ မှာကင်ဘာရာ စသည်ဖြင့် ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာနေရာတွေကို သီးခြား ထားသလိုပါဘဲ။ ဒါဟာ ဖက်ဒရယ်ရဲ့ သဘောတရားပါပဲ။
ဖက်ဒရယ်ရဲ့ အနှစ်သာရဆိုတာ -
၁။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ ခွဲဝေ မှုများကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားရမယ်။
၂။ အဲဒီလို အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အာဏာများကို ပြည်ထောင်စု အစိုးရသဘော တစ်ခု တည်းနဲ့ ပြင်ဆင်လို့မရဘူး၊ ပြည်နယ် လွှတ်တော်များသို့မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ပြည်သူတွေ သဘောတူညီမှုယူရမယ်ဆိုတာပါ။

ဗြိတိန်နိုင်ငံမှာဝေလပြည်နယ်၊ စကော့တလန်ပြည်နယ်တို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အရေးတွေ အ များကြီး ရှိပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးတွေကို ဗြိတိသျှပါလီမန်ရဲ့ ဥပဒေနဲ့ ပေးထားတာဖြစ်လို့ အချိန် မရွေးပြန်ရုပ်သိမ်းလို့၊ ပြင်ဆင်လို့ရပါတယ်။ ဝေလလွှတ်တော်နဲ့ စကော့တလန်လွှတ်တော်က ဘာမှ ပြော ပိုင်ခွင့် မရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖက်ဒရယ်လို့ မပါပေမယ့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုး ရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစတဲ့ တည်ဆောက်ပုံကတော့ ဖက်ဒရယ်ဆန်ပါတယ်။ အခြေခံဥပဒေအတိုင်း လူတွေကတိတိကျကျ မလုပ်နိုင်ခြင်းများကြောင့်သာ ဖက်ဒရယ်အသက်မဝင်သေးတာ ဖြစ်ပါတယ်။ ဖွဲ့ စည်းပုံအတိုင်းအတိ အကျလုပ်ဖို့အတွက် အဓိကပြဿနာက လက်နက်ကိုင်တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တိတိကျကျ အကောင်ထည်ဖော်ဖို့ ခက် သလို၊ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လက်နက်မစွန့်ချင်တာကြောင့် ဖွဲ့စည်းပုံပြင်ဖို့နဲ့ ဖက်ဒရယ် နိုင်ငံထူထောင်ဖို့ လိုလားကြပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်း စုကြည်တောင် ဖက်ဒရ ယ်ဆိုရင် ဘယ်လိုဖက်ဒရယ်လဲ၊ ပြည်နယ်က ၇ ခုလား၊ ၈ ခုလား၊ ၁၄ ခုလား ဆိုပြီး မေးခွန်းထုတ်ထားတာ ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ မိမိပြည်နယ်ကို မိမိတို့ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ကြောင်း ယုံကြည် ရင်၊ ပြည်နယ်လူထုတစ်ရပ်လုံးက မိမိတို့ကိုထောက်ခံအားကိုးကြောင်းယုံကြည်ရင်၊ ကိုယ်တိုင်က အရ ည် အ ချင်းရှိရင် ပြည်နယ်လွှတ်တော်ထဲ ဝင်ဖို့ပဲလိုပါတယ်။ လက်နက်ကိုင်ချင်ရင်တော့ တပ်မတော် ထဲ ဝင်ရမှာပါ။ စစ်တပ်ထဲက စည်းကမ်းနဲ့ လေ့ကျင့်မှုဒဏ်မ ခံနိုင်၊ ပြည်နယ် လူထုကလည်း ထောက်ခံမှု မရှိပဲေ သနတ်ကိုင်ပြီး ပြည်နယ် အတွက်လို့ အော်နေတာကတော့ ဖက်ဒရယ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ် ပါတယ်။ တို င်းရင်းသားလက်နက်ကိုင်တွေ အဓိက နားလည်ဖို့က ဖက်ဒရယ်နဲ့ သေနတ်က ပြဒါးတစ်လမ်း သံတစ်လမ်း ပါ။ ဖက်ဒရယ်အမှန်တကယ်လိုချင်ရင်တော့ သေနတ် ကို စွန့်ပါ။ သေနတ်ကိုင် ထားတဲ့ ဘဝကို အရသာတွေ့ နေသမျှ ကာလတစ်လျှောက်လုံးကတော့ ဖက်ဒရယ်နဲ့ အလှမ်း ဝေးနေအုံး မှာပါ။ ကမ္ဘာပေါ်က နော်ဝေ၊ ဆွီဒင်တို့လို ထိပ်တန်းလူ့အခွင့် အရေးတွေ၊ ဒီမိုကရေစီတွေကိုလည်း အပြည့် လိုချင်၊ အမေရိကန်၊ ဂျာမဏီတို့ လို ဖက်ဒရယ်လည်း လိုချင်၊ လက်နက်ကိုင်တပ်ဖွဲ့ ဘဝကလည်း မစွန့် လွှတ်နိုင်ဆိုရင်တော့ ဒီလူတွေရဲ့ လိုချင်တောင်းဆိုသမျှကို အစိုးရနဲ့ စစ်တပ်က ဘယ်လိုဖြည့်ဆည်းပေး ရမလဲ၊ ဖြည့်ဆည်းပေးလိုက်ရင် နိုင်ငံတော်နဲ့ ပြည်သူတွေဘဝ ဘယ်လိုဖြစ်သွား မလဲဆို တာ တွေးတော် မူကြပါကုန်…။ 

ကျော်မျိုးထက် (မုဒုံ)

No comments:

Post a Comment