Friday 4 October 2013

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက် ရှစ်နာရီကျော် အလုပ် လုပ် နေရကြောင်း ILO ထုတ်ပြန်

Photo: မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက် ရှစ်နာရီကျော် အလုပ် လုပ် နေရကြောင်း ILO ထုတ်ပြန်
Friday, October 4, 2013

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်ချိန် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက်လျှင် ရှစ်နာရီကျော် အလုပ် လုပ်ကိုင် နေရကြောင်း ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်လုပ်ချင်စိတ် ရှိကြပြီး လုပ်ငန်းခွင်တွင် အမှန်တကယ် အလုပ်လုပ်ကိုင် နေသူများ ဖြစ်ကြောင်း၊ အချို့မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေ ရကြောင်း၊ ယင်းတို့ အနေဖြင့် အတင်းအဓမ္မ ခိုင်းစေမှု မဟုတ်ဘဲ လုပ်ငန်းခွင် လုံခြုံမှုရှိခြင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များရှိခြင်း စသည့် အမှန်တကယ် သင့်လျော်သည့် လုပ်ငန်းခွင်ဖြစ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အသက်မပြည့် သေးသော်လည်း တရားဝင် အလုပ်လုပ် ကိုင်ခွင့် ရထားသည့် ကလေးသူငယ်များ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရန် လိုကြောင်း ILO က ထုတ်ပြန်သည်။

''ကလေးသူငယ်တွေက သူတို့ရဲ့ အနေအထားကို တိုးတက်ဖွံ့ဖြိုး စေချင် ကြ တယ်။ သူတို့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်မှ လွတ်လပ်ခွင့် ရှိလာ မယ်လို့ အများစုက ထင်နေကြတယ်။ ကလေးသူငယ်တွေရဲ့ လုပ်ငန်း ခွင် ပြုစုပျိုးထောင်ရေးတွေ မလုပ်ခဲ့ဘူးဆိုရင် သူတို့ဟာ လုပ်အားခ ခေါင်း ပုံဖြတ်ခံရ မှုတွေကို ကြုံတွေ့နိုင်ပြီး ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ပါတယ်'' ဟု ILO မြန်မာမှ Liaison officer စတိမာရှာယ်က ဆိုသည်။ ILO အနေဖြင့် လူမှုအသိုက်အ၀န်းတွင် အခွင့်အလမ်း နည်းပါးသည့် ကလေး သူငယ် များ၊ တပ်မတော်မှ အသက်မပြည့်ဘဲ စုဆောင်းခံခဲ့ရပြီး နုတ်ထွက် ခွင့်ရခဲ့သည့် ကလေးသူငယ်များ အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ် သွားရန် ရှိကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ILO ပြဋ္ဌာန်းချက် အတင်းအဓမ္မ ခိုင်းစေမှုတွင် ပါဝင်သည့် ကလေးအလုပ်သမား ခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှုကို ၂၀၁၅ ခုနှစ်အကုန် ပပျောက်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group
ရထားသံလမ်းဘေးတွင် ရေသန့်ဘူး လိုက်လံရောင်းချနေသည့် ကလေးတစ်ဦးအား တွေ့ရစဉ်
ရထားသံလမ်းဘေးတွင် ရေသန့်ဘူး လိုက်လံရောင်းချနေသည့် ကလေးတစ်ဦးအား တွေ့ရစဉ်
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်ချိန် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက်လျှင် ရှစ်နာရီကျော် အလုပ် လုပ်ကိုင် နေရကြောင်း ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်လုပ်ချင်စိတ် ရှိကြပြီး လုပ်ငန်းခွင်တွင် အမှန်တကယ် အလုပ်လုပ်ကိုင် နေသူများ ဖြစ်ကြောင်း၊ အချို့မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ် ကိုင် နေရကြောင်း၊ ယင်းတို့ အနေဖြင့် အတင်းအဓမ္မခိုင်းစေမှုမဟုတ်ဘဲ လုပ်ငန်းခွင်လုံခြုံမှုရှိခြင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရှိခြင်း စသည့်အမှန်တကယ် သင့်လျော်သည့် လုပ်ငန်းခွင်ဖြစ်ရန် လို အပ်ကြောင်း၊ လက်ရှိတွင် အသက်မပြည့် သေးသော်လည်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရထားသည့် ကလေးသူငယ်များ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရန် လိုကြောင်း ILO က ထုတ်ပြန်သည်။

''ကလေးသူငယ်တွေက သူတို့ရဲ့ အနေအထားကို တိုးတက်ဖွံ့ဖြိုး စေချင် ကြ တယ်။ သူတို့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်မှ လွတ်လပ်ခွင့် ရှိလာ မယ်လို့ အများစုက ထင်နေကြတယ်။ ကလေးသူငယ်တွေရဲ့ လုပ်ငန်း ခွင် ပြုစုပျိုးထောင်ရေးတွေ မလုပ်ခဲ့ဘူးဆိုရင် သူတို့ဟာ လုပ်အားခ ခေါင်း ပုံဖြတ်ခံရ မှုတွေကို ကြုံတွေ့နိုင်ပြီး ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ပါတယ်'' ဟု ILO မြန်မာမှ Liaison officer စတိမာရှာယ်က ဆိုသည်။ ILO အနေဖြင့် လူမှုအသိုက်အ၀န်းတွင် အခွင့်အလမ်း နည်းပါးသည့် ကလေး သူငယ် များ၊ တပ်မတော်မှ အသက်မပြည့်ဘဲ စုဆောင်းခံခဲ့ရပြီး နုတ်ထွက် ခွင့်ရခဲ့သည့် ကလေးသူငယ်များ အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ် သွားရန် ရှိကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ILO ပြဋ္ဌာန်းချက် အတင်းအဓမ္မ ခိုင်းစေမှုတွင် ပါဝင်သည့် ကလေးအလုပ်သမား ခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှုကို ၂၀၁၅ ခုနှစ်အကုန် ပပျောက်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment