Thursday 12 September 2013

ထိုင်းနိုင်ငံမှ တင်သွင်းရသည့် ရေငန်ပုစွန်ဖြူများအား စင်ကာပူရှိ Gold Coin ကုမ္ပဏီနှင့် ငါးလုပ်ငန်း ဦးစီးဌာန ပူးပေါင်းရန် စီစဉ်

ထိုင်းနိုင်ငံမှ တင်သွင်းနေရသည့် ပြည်တွင်းပြည်ပ ဈေးကွက်ဝင်၍ စားသုံးမှုများသော ပနားမီး ရေငန်ပုစွန်ဖြူ (vennami)များကို စင်ကာပူနိုင်ငံရှိ ရွှေဒင်္ဂါး (Gold Coin) ကုမ္ပဏီနှင့် ပူးပေါင်း၍ ချောင်းသာရှိ ပုစွန် သားဖောက်စခန်းတွင် သားဖောက်မွေးမြူ ထုတ်လုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန (FIQC) ၏ သတင်းထုတ်ပြန်ချက်မှ သိရသည်။

ပနားမီး ရေငန်ပုစွန်ဖြူ သားပေါက်များထုတ်လုပ်ရာတွင် Gold Coin ကုမ္ပဏီမှ သားပေါက်မွေးမြူရေးနှင့် သက်ဆိုင်သော ဆေးဝါး၊ အစားနှင့် နည်းပညာများကို အရင်းအနှီး စိုက်ထုတ်ကာ ရရှိလာသော သားပေါက် ထုတ်ကုန်ကို Product Share အနေဖြင့် ဝေမျှခွဲဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

"ကုမ္ပဏီက ရာခိုင်နှုန်း ၆၀ ယူပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကိုရမယ်။ ပုစွန်သားပေါက် ၁၀ ကောင်ရရင် ကုမ္ပဏီက ခြောက်ကောင်ယူပြီး ကျန်တဲ့လေးကောင် က ကျွန်တော်တို့ ရမှာပါ။ မြေငှားခနဲ့ တခြားဆောက် လုပ်ရေးစရိတ်တွေပါ ကုမ္ပဏီက ပေးဆောင်ရမှာပါ။ ဒီဟာကို Gold Coin တစ်ခုတည်း မပာုတ်ဘဲ တခြားလုပ်ချင်တဲ့ ကုမ္ပဏီတွေရှိရင်လည်း ပေါင်းပြီးတော့ လုပ်ဆောင်သွားပါမယ်" ပာု မြန်မာနိုင်ငံ ငါးလုပ် ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းဝင်းက ပြောကြားသည်။

လက်ရှိတွင် ရောဂါဖြစ်ပွားမှုနှုန်း များပြားနေသော ရေငန်ကျားပုစွန်များထက် ရောဂါခံနိုင်ရည် အားကောင်း ၍ ဈေးကွက်ရှိသော ရေငန်ပုစွန်ဖြူများကို ပိုမိုမွေးမြူနိုင်ရန်အတွက် သားပေါက်ထုတ်လုပ်ခြင်းကို လုပ်ဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုလက်ရှိတွင် ပနားမီးပုစွန်ဖြူများကို ထိုင်းနိုင်ငံမှ တင်သွင်းနေရသဖြင့် ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် အတွက်ကိုလည်း ရည်ရွယ်၍ လုပ်ဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းက ယူသွင်းတာပဲရှိတယ်။ ထုတ်မယ့်နည်းပညာမပေးဘူး။ ဒါကြောင့် အခုနည်းပညာသိတဲ့ စင်ကာပူ ကုမ္ပဏီ Gold Coin ကိုချိတ်ပြီး ထုတ်ဖို့ စီစဉ်နေတယ်၊ ထိုင်းဆို အရင်က ရေငန်ကျားပုစွန် ထုတ်တယ်၊ အခုဆို ပုစွန်ထုတ်လုပ်မှုရဲ့ ရာခိုင်နှုန်း ၉၀ ကို ပုစွန်ဖြူ ပြောင်းထုတ်နေတယ်၊ ဗီယက်နမ် ဆိုရင်လည်း ရာခိုင်နှုန်း ၇၀ က ဒါကိုထုတ်နေတယ်" ပာု ဦးထွန်းဦးမှ ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ပုစွန်မွေးမြူရေးဇုန် (၃) ဇုန်ရှိပြီး ကျောက် တန်းဇုန်၊ မရမ်း-ဇွဲဘာဇုန်နှင့် ပြင်ပဇုန်တစ်ခု ပါဝင်ကြောင်း သိရသည်။ ကျောက်တန်းဇုန်တွင် ၁၀၉၃ ဒသမ ၃၈ ဧက၊ မရမ်း-ဇွဲဘာဇုန်တွင် ၅၄၁၄ ဒသမ ၄၆ ဧက၊ ပြင်ပဇုန်တွင် ၉၉၂ ဒသမ ၈၈ ဧကရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment