Thursday 12 September 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရန် အတွက် ရေးဆွဲခဲ့ပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံးကို ဗဟို အလုပ် အမှုဆောင်များက လေ့လာနေသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရန် အတွက် ရေးဆွဲခဲ့ပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံးကို ဗဟို အလုပ် အမှုဆောင်များက လေ့လာနေသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား
Thursday, September 12, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ဆွေးနွေးနိုင်ရန်အတွက် ရေးဆွဲထုတ်ပြန်ပြီးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အားလုံးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့များက လေ့လာနေသည်ဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေအပေါ် ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ပညာရှင် များ၏ အမြင်သဘောထားများကို သိရှိနိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး စာတမ်းဖတ်ပွဲတစ်ခုကို ပြုလုပ်ထားကြောင်း ဦးဌေးဦးက ပြောကြားသည်။

"ကျွန်တော်တို့ စာတမ်းဖတ်ပွဲပေါ်မှာ မူတည်ပြီး ဆွေးနွေးပါ့မယ်။ ဒါကိုလေ့ လာနေပါတယ်။ အားလုံးသမိုင်းကြောင်းကစပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစပေါ့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အား လုံးပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွေက ကိုယ် တိုင်လေ့လာနေပါတယ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

စာတမ်းဖတ်ပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် မည်ကဲ့သို့ ဆက်လုပ်မည် ဆိုခြင်းနှင့် ပတ်သက်၍မူ အများစုကသာ စဉ်းစားဆုံးဖြတ် သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် ပြော၍မရကြောင်း ဦးဌေးဦးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်တွင်း ပါဝင်သော ပါတီတစ်ခုစီ၏ လွှတ်တော်ကိုယ်စားလှယ် အချိုးကျစီဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၅၂ ဦးအထိ ပါဝင်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး ပါဝင်နေသည်။ ကျွန်တော် တို့ စာ တမ်း ဖတ် ပွဲပေါ်မှာ မူတည်ပြီး ဆွေးနွေးပါ့မယ်။ ဒါကိုလေ့လာနေပါတယ်။ အားလုံးသမိုင်းကြောင်းကစပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက အစပေါ့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အားလုံးပေါ့ . . . . .

အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့မှာလည်း ပြည်ခိုင်ဖြိုး ပါတီမှပင်ဖြစ်ပြီး ဥက္ကဋ္ဌ တာဝန် ယူမည့် သူရဦးရွှေမန်းမှာ လက်ရှိပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ အနေဖြင့် လေ့လာသုံးသပ် တွေ့ရှိချက် အစီရင် ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်းရမည်ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးချိန်အထိ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှု များ ပြုလုပ်သွား မည် ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များ အနေဖြင့် ၎င်းတို့ရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းများကို လွှတ်တော်တွင်းတွင်သာမက အစိုးရက ပြောကြား ထားသည့် လွှတ်တော်ပြင်ပ ပင်လုံကဲ့သို့သော ညီလာခံတစ်ခု ခေါ်ယူဖြစ် ပါကလည်း ကိုင်စွဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး အစည်းအဝေး၌ တွေ့ရစဉ်
ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး အစည်းအဝေး၌ တွေ့ရစဉ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ဆွေးနွေးနိုင်ရန်အတွက် ရေးဆွဲထုတ်ပြန်ပြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့များက လေ့လာနေသည်ဟု အာဏာ ရ ပြည် ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ပညာရှင်များ၏ အမြင်သဘောထားများကို သိရှိနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး စာတမ်းဖတ်ပွဲတစ်ခုကို ပြုလုပ်ထားကြောင်း ဦးဌေးဦး က ပြောကြားသည်။

"ကျွန်တော်တို့ စာတမ်းဖတ်ပွဲပေါ်မှာ မူတည်ပြီး ဆွေးနွေးပါ့မယ်။ ဒါကိုလေ့ လာနေပါတယ်။ အားလုံး သမိုင်းကြောင်းကစပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစပေါ့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အား လုံးပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွေက ကိုယ် တိုင်လေ့လာနေပါတယ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

စာတမ်းဖတ်ပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် မည်ကဲ့သို့ ဆက်လုပ်မည် ဆိုခြင်းနှင့် ပတ်သက်၍မူ အများစုကသာ စဉ်းစားဆုံးဖြတ် သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် ပြော၍မရကြောင်း ဦးဌေးဦးက ပြောကြား သည်။

ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်တွင်း ပါဝင်သော ပါတီတစ်ခုစီ၏ လွှတ်တော်ကိုယ်စားလှယ် အချိုးကျစီဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၅၂ ဦးအထိ ပါဝင်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး ပါဝင်နေသည်။ ကျွန်တော် တို့ စာ တမ်း ဖတ် ပွဲပေါ်မှာ မူတည်ပြီး ဆွေးနွေးပါ့မယ်။ ဒါကိုလေ့လာနေပါတယ်။ အားလုံးသမိုင်းကြောင်းကစပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက အစပေါ့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အားလုံးပေါ့ . . . . .

အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေ မန်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့မှာလည်း ပြည်ခိုင်ဖြိုး ပါတီမှပင်ဖြစ်ပြီး ဥက္ကဋ္ဌ တာဝန် ယူမည့် သူရဦးရွှေမန်းမှာ လက်ရှိပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ အနေဖြင့် လေ့ လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်းရမည်ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီး ချိန်အထိ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် အပတ်စဉ် စနေနေ့ တိုင်း တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှု များ ပြုလုပ်သွား မည် ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များအနေဖြင့် ၎င်းတို့ရေးဆွဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းများကို လွှတ်တော် တွင်းတွင်သာမက အစိုးရက ပြောကြား ထားသည့် လွှတ်တော်ပြင်ပ ပင်လုံကဲ့သို့သော ညီလာခံတစ်ခု ခေါ်ယူဖြစ် ပါကလည်း ကိုင်စွဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment