Thursday 12 September 2013

မာဒေးကား ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာ ယူ-၂၃ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက် နိုင်ပြီ

Photo: မာဒေးကား ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာ ယူ-၂၃ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက် နိုင်ပြီ
Thursday, September 12, 2013

မာဒေးကားဖလား အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ ယူ- ၂၃ အသင်းနှင့် စင်ကာပူ ယူ- ၂၃အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာ ယူ-၂၃ အသင်းက ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီ ဖြစ်သည်။ မြန်မာ အသင်းသည် ယခုပွဲတွင် ကစားသမားများကို အပြောင်းအလဲ ပြုလုပ်၍ ပွဲပယ်ခံရသော ကြည်လင်းနှင့် ဒဏ်ရာ ရရှိနေသော ကျော်ဇေယျာဝင်းတို့၏ နေရာ တွင် ကောင်းစည်သူနှင့် ထူးထူးအောင် တို့အား အစားထိုး၍ ကစား ခဲ့သည်။

မြန်မာအသင်းတွင် ဂိုးပြည့်ဖြိုးအောင်၊ နောက်တန်း သက်နိုင်၊ အောင် ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ အလယ်တန်း နေလင်းထွန်း၊ ထူးထူးအောင်၊ ရဲလင်းနှင့် ဒေးဗစ်ဒန်း၊ ရှေ့တန်းတွင် ကျော်ကို ကိုနှင့် ကောင်းစည်သူ တို့ကို ပွဲထွက် စေကာ ၄- ၄- ၂ ကစားကွက်ဖြင့် ကစားခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲတွင် သေချာပေါက် အနိုင်ရရှိရန် လိုအပ် နေသဖြင့် ပွဲအစမှ စ၍ တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် ၁၅မိနစ်တွင် ဘယ်တောင်ပံမှ ဖြတ်တင်ဘောကို ကျော်ကိုကို က ခေါင်း တိုက်၍ မြန်မာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ သည်။ နောက် ပိုင်းတွင် မြန်မာအသင်း ထပ်မံ တိုက်စစ် ဆင်ကစား နိုင် ခဲ့သော်လည်း ပထမပိုင်း ပြီးသည်အထိ ဂိုးထပ်မံ မရရှိခဲ့ပေ။

ဒုတိယပိုင်း အစတွင် နေလင်းထွန်း အစား နန္ဒလင်းကျော် ချစ်နှင့် ဒေးဗစ် ဒန်း အစား သက်ဖြိုးဝေတို့ ဝင်ရောက် ကစား ခဲ့ရာ တိုက်စစ် ပိုမို ကောင်း မွန် လာခဲ့သည်။ မြန်မာ အသင်းအတွက် နောက်ဆုံးဂိုးကို ထပ်ဆောင်း အချိန်ပို ၂ မိနစ်တွင် ကောင်းစည်သူ အစား ဝင်လာသော တိုက်စစ်မှူး စိုးကျော်ကျော်က သက်ဖြိုးဝေ၏ ဖန်တီးပေးပို့မှုမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့သဖြင့် မြန်မာ အသင်း နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့သည်။

အခြား ပွဲစဉ်တွင် မလေးရှား ယူ-၂၃ အသင်းက ထိုင်း Selected Team အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိ သွားခဲ့ သည်။ ထို့ကြောင့် မြန်မာ ယူ-၂၃ အသင်းနှင့် မလေးရှား ယူ-၂၃ အသင်း တို့သည် လာမည့် စက်တင်ဘာ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ကစား ကြတော့မည် ဖြစ်သည်။

ကျော်ဇင်ထွဋ်
မြ၀တီ
မာဒေးကားဖလား အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ ယူ- ၂၃ အသင်းနှင့် စင်ကာပူ ယူ- ၂၃အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ ယူ-၂၃ အသင်းက ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် ကစားသမားများကို အပြောင်းအလဲ ပြုလုပ်၍ ပွဲပယ်ခံရသော ကြည်လင်းနှင့် ဒဏ်ရာရရှိနေသော ကျော်ဇေယျာဝင်းတို့၏ နေရာတွင် ကောင်းစည်သူနှင့် ထူးထူးအောင် တို့အား အစားထိုး၍ ကစား ခဲ့သည်။

မြန်မာအသင်းတွင် ဂိုးပြည့်ဖြိုးအောင်၊ နောက်တန်းသက်နိုင်၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ အလယ်တန်း နေလင်းထွန်း၊ ထူးထူးအောင်၊ ရဲလင်းနှင့် ဒေးဗစ်ဒန်း၊ ရှေ့တန်းတွင် ကျော်ကို ကိုနှင့် ကောင်းစည်သူ တို့ကို ပွဲထွက် စေကာ ၄- ၄- ၂ ကစားကွက်ဖြင့် ကစားခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲတွင် သေချာပေါက် အနိုင်ရရှိရန် လိုအပ် နေသဖြင့် ပွဲအစမှ စ၍ တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် ၁၅မိနစ်တွင် ဘယ်တောင်ပံမှ ဖြတ်တင်ဘောကို ကျော်ကိုကို က ခေါင်း တိုက်၍ မြန်မာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ နောက်ပိုင်းတွင် မြန်မာအသင်း ထပ်မံတိုက်စစ်ဆင်ကစား နိုင် ခဲ့သော်လည်း ပထမပိုင်း ပြီးသည်အထိ ဂိုးထပ်မံ မရရှိခဲ့ပေ။

ဒုတိယပိုင်းအစတွင် နေလင်းထွန်း အစား နန္ဒလင်းကျော်ချစ်နှင့် ဒေးဗစ်ဒန်း အစား သက်ဖြိုးဝေတို့ ဝင်ရောက် ကစား ခဲ့ရာ တိုက်စစ် ပိုမို ကောင်း မွန် လာခဲ့သည်။ မြန်မာ အသင်းအတွက် နောက်ဆုံးဂိုးကို ထပ်ဆောင်း အချိန်ပို ၂ မိနစ်တွင် ကောင်းစည်သူ အစား ဝင်လာသော တိုက်စစ်မှူး စိုးကျော်ကျော်က သက်ဖြိုးဝေ၏ ဖန်တီးပေးပို့မှုမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့သဖြင့် မြန်မာအသင်း နောက်ဆုံး ဗိုလ်လုပွဲ သို့ တက်လှမ်း နိုင်ခဲ့သည်။

အခြား ပွဲစဉ်တွင် မလေးရှား ယူ-၂၃ အသင်းက ထိုင်း Selected Team အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိ သွားခဲ့ သည်။ ထို့ကြောင့် မြန်မာ ယူ-၂၃ အသင်းနှင့် မလေးရှား ယူ-၂၃ အသင်း တို့သည် လာမည့် စက်တင်ဘာ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ကစား ကြတော့မည် ဖြစ်သည်။

ကျော်ဇင်ထွဋ်
မြ၀တီ

No comments:

Post a Comment