Friday 20 September 2013

မြေလျော်ကြေး ၅၀%ထုတ်ပြီးရင် ကြေးနီစီမံကိန်း ပြန်စမယ်

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေ ယာတွေ ရဲ့ လျော်ကြေးငွေ တစ်ဝက်လောက်ကို ဒေသခံတွေထုတ်ယူပြီးရင် ကြေးနီစီမံကိန်းကို ပြန်လည် စတင်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာ လိုက် ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်မြေဧက ၇၀၀၀ ကျော် သိမ်း ဆည်းထားပြီး အဲဒီထဲက လျော်ကြေးငွေ မထုတ် ယူသေးသူ ၅၇% ရှိနေပြီး ထုတ်ယူသူ ၅၀% ရှိတဲ့အခါ လုပ်ငန်းတွေ စတင်မယ်လို့ လက်ပံတောင်းတောင် အစီရင်ခံစာ အကော် အထည်ဖော်ရေး လုပ်ငန်းကော် မတီက ကြေညာ လိုက်တာဖြစ်ပြီး မြေယာလျော်ကြေးတွေကို ယခုလ ၃၀ ရက်နေ့ နောက်ဆုံးထား ထုတ်ယူဖို့လည်း ကြေညာ ထားပါတယ်။

သတ်မှတ်ချိန်အတွင်း လျော်ကြေးငွေ မထုတ်ယူခဲ့ရင် အဲဒီ လျော်ကြေးငွေတွေကို ဒေသဖွံဖြိုးရေး လုပ် ငန်းတွေ မှာ အသုံးပြုသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သိမ်းဆည်းမြေတွေမှာ ထွန်ယက်စိုက်ပျိုးဖို့ လုပ်လာမယ်ဆိုရင်တော့ အရေးယူသွားမှာ ဖြစ်တယ်လို့ သက် ဆိုင်ရာက ပြောဆိုခဲ့တဲ့အကြောင်း လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က
ပြောပြပါတယ်။

“၁၀၀ မှာ ၅၀ ရာခိုင်နှုန်းပြည့်သွားရင် ထုတ်ယူရမယ့် လယ်ဧက ရာခိုင်နှုန်း တစ်ဝက်လောက်ကို ထုတ်ယူပြီဆိုတာနဲ့ သူတို့ စီမံကိန်းကို စတော့မှာ ဖြစ်ကြောင်း အဲဒီကျရင် မြေလျော်ကြေးထုတ်ယူတဲ့ လယ် သမား ဖြစ်စေ မထုတ်ယူတဲ့ လယ်သမားဖြစ်စေ ဒီမြေတွေမှာ မူလလယ်မြေတွေမှာ ထွန်ယက်လုပ်ကိုင်ခွင့် ပေးတော့မှာ မဟုတ်ဘူး။ လျော်ကြေး မယူလည်း ဝင်ထွန်တယ်ဆိုရင် သူတို့ဖမ်းမယ်ဆိုတဲ့ အကြောင်း ရဲမှူးကြီး နေထွန်းက တရားဝင်ပြောတယ်”

ဒါ့အပြင် သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာ လယ်ယာမြေ သိမ်းဆည်းထားတယ်ဆိုတဲ့ အမှတ်အသား အလံတွေ လုံထိမ်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ရက်တွေကပဲ စိုက်ထူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလိုမျိုး ဖိအားပေးမှုတွေ ပြင်းထန်လာတဲ့အတွက် လယ်သမားတွေအနေနဲ့ မတရားတဲ့ အမိန့် အာဏာတွေ ကို ဂရုမစိုက်တော့ဘဲ အဖမ်းဆီးခံပြီး ဆက် လက် လုပ်ဆောင်သွားရမယ့် အနေအထားဖြစ်နေ တယ်လို့ ကိုဟန်ဝင်းအောင် က ပြောဆိုခဲ့ပါတယ်။

“အဓိကကတော့ဗျာ သူတို့မှာ အာဏာရှိတယ် လုပ်ပိုင်ခွင့်ရှိတယ် ဆိုပြီးတော့ အရင် ဒီစစ်အာဏာရှင် လက်ထက်က ပုံစံအတိုင်း ဒီနေ့အချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပက်သက်ပြီး သူတို့ တစ်ဖက်သက် ဆောင်ရွက်မယ်ဆိုရင် လယ်သမားတွေ အနေနဲ့တော့ နောက်ဆုတ်မှာ မဟုတ်ဘူး အဖမ်း အဆီးခံပြီးတော့ တရားမျှတတဲ့ အခွင့်အရေးတွေကို ဆက်လက်တောင်းဆိုသွားဖို့ မတရားတဲ့ အမိန့် အာဏာကို ဂရုစိုက်တော့မှာ မဟုတ်ဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဖော်ထုတ်သွားမယ်။ တက်နိုင် သမျှတော့ ကျွန်တော်တို့က မတရားတဲ့ အမိန့်အာဏာနဲ့ တဖက်သက် ဖမ်းဆီးမှုကို အလွယ်တကူ ယုန်လေးတွေ ကြောင်လေးတွေလို အဖမ်းခံသွားမှာ မဟုတ်ဘူး”

လက်ပံတောင်းတောင် ဒေသမှာ ယခုရက်ပိုင်းအတွင်း ယခင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့စဉ်က တာဝန်ယူ ခဲ့တဲ့ ဒေသအာဏာပိုင်တွေ ပြန်လည် ရောက်ရှိနေပြီး ဒေသခံတွေအနေနဲ့လည်း အကြမ်းဖက်မှု ဖြစ်ပွား ခဲ့ရင်တော့ တက်နိုင် သမျှ ထိခိုက်မှုနည်းအောင် ကာကွယ်ဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

ABC

No comments:

Post a Comment