Friday 20 September 2013

မက္ကဆီကိုတွင်နှစ်ထပ်ကွမ်း မုန်တိုင်းတိုက် ကျေးရွာတစ်ရွာ မြေအောက်ရောက် လူ ၈၀ သေ


မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် နှစ်ထပ်ကွမ်းမုန်တိုင်း တိုက်ခတ်မှု ကြောင့်လူပေါင်း ၈၀ ထက် မနည်း သေဆုံးခဲ့ရပြီးနောက် မက္ကဆီကို အနောက်မြောက်ဘက် ကမ်းခြေ အနီးတွင် ဟာရီကိန်း မုန်တိုင်း သစ်တစ်ခု ဖြစ်ပေါ်ခဲ့ရာ မြေပြိုမှုများ ကြောင့် ကျေးရွာတစ်ရွာမြေအောက် သို့ ရောက်သွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့သည်။ ဂါရီယိုပြည်နယ် အနောက် တောင်ဘက် တောင်များရှိ ရွာ များတွင် မြေများပြိုကျပြီးနောက် ၅၈ ဦး ပျောက်ဆုံးနေကြောင်း သမ္မတအန်ရီကူပီနာနီတိုက ပြော ခဲ့သည်။

ပစိဖိတ် အပန်းဖြေစခန်း အနောက်ဘက်ရှိ အိမ်ပေါင်း ၂၀ ကျော် ပျက်စီးပြီးနောက် အခြေအနေ စိုးရိမ်ရကြောင်း မြို့စား အီဒီ ဘာတိုတာဘာရက်ဇ်ကပြောသည်။ ထို့အပြင် ရွာသား ၂၈ဝကျော် နေ ရာပြောင်းရွှေ့ခဲ့ရပြီး လူပေါင်း ၉၁ ဦးကို မကြာမီ ကယ်ဆယ်သွား မည်ဟုသိရသည်။ ယခုရက်သတ္တ ပတ်တွင် မက္ကဆီကိုတစ်ဝန်း မြေ ပြိုမှု၊ ရေကြီးမှုများ ဖြစ်ပေါ်ပြီး နောက် သေဆုံးသူဦးရေ တိုးလာ ကြောင်း အာဏာပိုင်များက ပြော ခဲ့သည်။

ထို့အပြင်အရှေ့ဘက်ကမ်း ခြေမှအပူပိုင်းမုန်တိုင်းတစ်ခုဝင်နိုင်ကြောင်းလည်း သိရသည်။ အ ဝေးပြေး လမ်းနှင့် ချိတ်ဆက်နေ သော မက္ကဆီကိုမြို့များတွင် မြေ များဖြင့် ဖုံးလွှမ်းနေပြီး ခရီးသွား ထောင်ပေါင်း များစွာ ပိတ်မိနေသည်။ ပစိဖိတ်အပန်းဖြေစခန်းနှင့် မက္ကဆီကိုမြို့များကြား လမ်းများကို ပြန် လည်ပြုပြင်နိုင်ရန် မျှော် လင့်ကြောင်း အာဏာပိုင်များက ပြော သည်။ လေဆိပ် တွင်လည်း ရေများ ဒူးခေါင်းအထက်အထိ ပြည့်နေသော်လည်း စီးပွားရေး လေကြောင်းလိုင်းသည် အင်္ဂါနေ့ တွင် စတင်ပြေး ဆွဲမည်ဟုသိရသည်။

''ဒီလိုအတွေ့အကြုံက နည်း နည်းတော့ ကြောက်စရာကောင်း ပေမယ့် ဒီလိုမှမသွားရင်လဲ ထွက် လို့ရမှာ မဟုတ်တော့ဘူး''ဟု လန် ဒန်မှခရီးသွားတစ်ဦးကပြောသည်။လူပေါင်း ၅၀၀၀ ကျော်တို့ သည် ပြီးခဲ့သော ရက်သတ္တပတ် က မက္ကဆီကိုလေကြောင်းလိုင်း ဖြင့် ထွက်ခွာသွားခဲ့ကြပြီး လူပေါင်း ၁၅၀၀၀ ကို ယနေ့တွင် ပို့ဆောင် ပေးမည်ဟု သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောသည်။
 
 Myawady

No comments:

Post a Comment