Friday 20 September 2013

သိမ်းဆည်း လယ်ယာမြေပြဿနာ ဒုတိယသမ္မတများ ကိုယ်တိုင်ဖြေရှင်းမည်

Photo: သိမ်းဆည်း လယ်ယာမြေပြဿနာ ဒုတိယသမ္မတများ ကိုယ်တိုင်ဖြေရှင်းမည် 
Friday, September 20, 2013

တပ်မတော် အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက သိမ်းယူခဲ့သော လယ်ယာမြေ ပြဿနာများကို ဖြေရှင်း ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဒုတိယသမ္မတ နှစ်ဦးထဲမှ တစ်ဦးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြား သည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခြင်း ပြဿနာများကို ကာလတိုအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယင်းသို့ စီစဉ်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အဲဒီအစည်းအဝေး မှာ မြေသိမ်း ကိစ္စတွေ ဖြေရှင်းဖို့ ဒုတိယသမ္မတ တစ်ဦးကို ဦးဆောင်ခိုင်းမယ်လို့ သိရတယ်” ဟု ၎င်းအစည်းအဝေးကို တက်ရောက်သည့် စိုက် ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ လယ်ယာမြေ ပြဿနာများကို တစ်နှစ် အတွင်း ဖြေရှင်း မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ်လ နောက်ဆုံး ပတ် တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ ဖြေရှင်းရာ တွင် နှေးကွေးကြောင်း ဝေဖန်ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်က သိမ်းဆည်းထားသည့် လယ် ယာမြေဧက နှစ်သိန်းကျော်ရှိပြီး တပ်မတော် စီမံကိန်း မဆောင်ရွက်ဖြစ် သည့် မြေယာများကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုထားသည်။

အဆိုပါ လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန် နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly
တပ်မတော် အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက သိမ်းယူခဲ့သော လယ်ယာမြေ ပြဿနာများ ကို ဖြေရှင်း ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဒုတိယသမ္မတ နှစ်ဦးထဲမှတစ်ဦးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခြင်း ပြဿနာများကို ကာလတိုအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယင်းသို့ စီစဉ်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အဲဒီအစည်းအဝေးမှာ မြေသိမ်းကိစ္စတွေ ဖြေရှင်းဖို့ ဒုတိယသမ္မတ တစ်ဦးကို ဦးဆောင် ခိုင်းမယ်လို့ သိရတယ်” ဟု ၎င်းအစည်းအဝေးကို တက်ရောက်သည့် စိုက် ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ လယ်ယာမြေ ပြဿနာများကို တစ်နှစ် အတွင်း ဖြေရှင်း မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ်လ နောက်ဆုံးပတ်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး တွင် အစိုးရက လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ ဖြေရှင်းရာ တွင် နှေးကွေးကြောင်း ဝေဖန်ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက နှစ်သိန်းကျော်ရှိပြီး တပ်မတော် စီမံကိန်း မဆောင် ရွက်ဖြစ်သည့် မြေယာများကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုထားသည်။

အဆိုပါ လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန် နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment