Friday 20 September 2013

ကိုရီးယားတွင် အလုပ်လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ၀မ်ခုနစ်သောင်းခွဲ

Photo: ကိုရီးယားတွင် အလုပ်လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ၀မ်ခုနစ်သောင်းခွဲ 
Friday, September 20, 2013

လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင် မည့် မြန်မာလုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်း ရှစ်သောင်းကျော် ရရှိမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံမှ နိုင်ငံခြားသား လုပ်သားများအတွက် လုပ်ခလစာတိုးမြှင့်ရန် ယင်းနိုင်ငံရှိ အနည်းဆုံးအခကြေးငွေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ရာ လာမည့် ၂၀၁၄ခုနှစ်တွင် ယခင်ထက် လုပ်ခလစာ ကိုရီးယားငွေ ၀မ်ခုနစ်သောင်း ခွဲကျော် တိုးမြှင့်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများ သည် တစ်နာရီလျှင် ၀မ် ၄၈၅၀ ရရှိခဲ့ပြီး အလုပ်ချိန် ၈ နာရီသတ်မှတ်ထား ရာ တစ်လလျှင် ၀မ် ၁၀ သိန်းရှစ်ထောင်ခန့် ရရှိသည်။

ယခုအခါ အလုပ်လုပ်ချိန် တစ်နာရီလျှင် ၀မ် ၅၂၁၀ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး တစ်လလျှင် ကိုရီးယားငွေ ၀မ် ၁၀ သိန်းရှစ်သောင်းကျော် ရရှိတော့မည်ဖြစ်သည်။ လစာတိုးမြှင့်ပေးရန်အတွက် ယင်းနိုင်ငံရှိ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးကော်မတီသည် ပြီးခဲ့သည့် ဇူလိုင်လက မဲခွဲဆုံးဖြတ်ခဲ့ကာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိုရီးယားနိုင်ငံ ၌ စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်ရန် မြန်မာအလုပ် သမားနှစ်ထောင်ကျော်အား အလုပ်ခေါ်ဆိုထားလျက်ရှိကြောင်း ယင်းအေဂျင်စီထံမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားအဖြစ် သွားရောက် လုပ်ကိုင် သည့် နိုင်ငံခြားသားလုပ်သားများသည် ၎င်းနိုင်ငံတွင် တည်ဆဲဥပဒေ အဖြစ် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေ၌ ၎င်းတို့လုပ်သားများ အတွက် အကျိုးခံစားခွင့် ပါဝင်ခြင်းမရှိသဖြင့် အလုပ်ချိန်၊ နားရက်၊ ခွင့်ရက်များ အတည်တကျ သတ်မှတ်ထားခြင်းမရှိဟု ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားအများစုမှာ လုပ်ငန်းခွင်မှ ထွက်ပြေး ကာ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ယခုအခါ ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားများ လိုအပ်လျက် ရှိသဖြင့် အလုပ်ခေါ်ဆိုရန် မြန်မာအလုပ်သမားများကို ကမ်းလှမ်းထားပြီး လုပ်သားများခေါ်ဆိုမှုအတွက် ကိုရီးယားဘာသာ အရည်အချင်းစစ် EPS စာမေးပွဲဖြေဆိုရန် လျှောက်လွှာများအား စက်တင်ဘာ ၃၀၊ ၃၁ရက်တွင် ထုတ်ပေးမည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရန် စုစုပေါင်းလုပ်သား ၃၅၀၀ ခေါ်ယူထားသည့် အနက် စိုက်ပျိုးရေးလုပ်သားဦးရေ ၂၅၀၀၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း လုပ်ကိုင်ရန် မြန်မာအလုပ်သမား  ၁၀၀၀ တို့ကို စာမေးပွဲဖြေဆို ရန် ခေါ်ယူထားသည်။

ကိုရီးယားနိုင်ငံသို့ သုံးနှစ်ကျော်အတွင်း မြန်မာအလုပ်သမား ၈၀၀၀ ကျော် စေလွှတ်ပြီးဖြစ်ကာ ယခုနှစ်အတွင်း လုပ်သား ၃၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။

7day daily
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်းရှစ်သောင်းကျော် ရရှိမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေ ဂျင်စီ မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။
ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံမှ နိုင်ငံခြားသား လုပ်သား များအတွက် လုပ်ခလစာတိုးမြှင့်ရန် ယင်းနိုင်ငံရှိ အနည်းဆုံးအခကြေးငွေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ရာ လာမည့် ၂၀၁၄ခုနှစ်တွင် ယခင်ထက် လုပ်ခလစာ ကိုရီးယားငွေ ၀မ်ခုနစ်သောင်း ခွဲကျော် တိုးမြှင့်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများ သည် တစ်နာရီလျှင် ၀မ် ၄၈၅၀ ရရှိခဲ့ပြီး အလုပ်ချိန် ၈ နာရီသတ်မှတ်ထား ရာ တစ်လလျှင် ၀မ် ၁၀ သိန်းရှစ်ထောင်ခန့် ရရှိသည်။

ယခုအခါ အလုပ်လုပ်ချိန် တစ်နာရီလျှင် ၀မ် ၅၂၁၀ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး တစ်လလျှင် ကိုရီးယားငွေ ၀မ် ၁၀ သိန်းရှစ်သောင်းကျော် ရရှိတော့မည်ဖြစ်သည်။ လစာတိုးမြှင့်ပေးရန်အတွက် ယင်းနိုင်ငံရှိ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးကော်မတီသည် ပြီးခဲ့သည့် ဇူလိုင်လက မဲခွဲဆုံးဖြတ် ခဲ့ကာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိုရီးယားနိုင်ငံ ၌ စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင် ရန် မြန်မာအလုပ် သမားနှစ်ထောင်ကျော်အား အလုပ်ခေါ်ဆိုထားလျက်ရှိကြောင်း ယင်းအေဂျင်စီ ထံမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားအဖြစ် သွားရောက် လုပ်ကိုင် သည့် နိုင်ငံခြားသားလုပ်သား များသည် ၎င်းနိုင်ငံတွင် တည်ဆဲဥပဒေ အဖြစ် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေ၌ ၎င်းတို့လုပ်သား များအတွက် အကျိုးခံစားခွင့် ပါဝင်ခြင်းမရှိသဖြင့် အလုပ်ချိန်၊ နားရက်၊ ခွင့်ရက်များ အတည်တကျ သတ်မှတ်ထားခြင်းမရှိဟု ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားအများစုမှာ လုပ်ငန်းခွင်မှ ထွက်ပြေး ကာ ပြောင်းရွှေ့လုပ်ကိုင်လျက် ရှိကြောင်း သတင်းရရှိသည်။ ယခုအခါ ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားများ လိုအပ်လျက် ရှိသဖြင့် အလုပ်ခေါ်ဆိုရန် မြန်မာအလုပ်သမားများကို ကမ်းလှမ်းထားပြီး လုပ်သားများခေါ်ဆိုမှုအတွက် ကိုရီးယား ဘာသာ အရည်အချင်းစစ် EPS စာမေးပွဲဖြေဆိုရန် လျှောက်လွှာများအား စက်တင်ဘာ ၃၀၊ ၃၁ရက်တွင် ထုတ်ပေးမည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရန် စုစုပေါင်းလုပ်သား ၃၅၀၀ ခေါ်ယူထားသည့် အနက် စိုက်ပျိုးရေးလုပ်သားဦးရေ ၂၅၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရန် မြန်မာအလုပ်သမား  ၁၀၀၀ တို့ကို စာမေးပွဲဖြေ ဆို ရန် ခေါ်ယူထားသည်။

ကိုရီးယားနိုင်ငံသို့ သုံးနှစ်ကျော်အတွင်း မြန်မာအလုပ်သမား ၈၀၀၀ ကျော် စေလွှတ်ပြီးဖြစ်ကာ ယခုနှစ် အတွင်း လုပ်သား ၃၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။

7day daily

No comments:

Post a Comment