Friday 20 September 2013

ငါးတွေ ရေသောက်ကြပါသလား..........?


ကသိကအောက်နိုင်တဲ့မေးခွန်းပါ။
ငါးတွေကရေထဲမှာနေတော့ မသိရင်တော့သိမယောင်နဲ့ ခက်နိုင်တယ်။

ငါးတွေဟာအကြမ်းအားဖြင့်ပြောရရင် ရေသောက်တတ်ကြပါတယ်။
ငါးတွေမှာ နှစ်မျိုးနှစ်စားရှိပါတယ်ဒါကတော့ ရေချိုငါးနဲ့ 
ရေငံငါး(ပင်လယ်ငါး)ဖြစ်ပါတယ်။

ရေချိုငါးတွေကတော့ ရေမသောက်တတ်ပေမယ့်သူတို့ ရဲ့အရေပြားတွေအကြေးခွံနေကနေ ရေကိုစုပ်ယူတတ်ကြပါတယ်။
ရေငံငါး(ပင်လယ်ငါး)တွေ မှာတော့ရေသောက်တတ်ကြပြီးသူတို့ ရဲ့အကြေးခွံနေကနေပြီးတော့ ဆားတွေ ကိုပြန်လည်စွန်ထုတ်တတ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ဆော်လမွန်ငါးနဲ့ လင်းပိုင်တွေဖြစ်ပါတယ်။

ဆော်လမွန်ငါးတွေကတော့ ရေချိုနှင့်ရေငံနှစ်မျိုးစလုံးနေတတ်တဲ့ ငါးမျိုးဖြစ်ပြီးမွေးဖွားတဲ့ အချိန် မှာတော့ရေ အလွန်သန့် ရှင်းတဲ့ရေချိုနေရာမှာပဲ မွေးဖွား လို့ ရပါတယ်။ ပင်လယ် ဘက်သို့ ရောက်သွားတဲ့ အချိန်မှာတော့ရေငံကို ပဲပါးစပ် မှသောက်သုံးပြီး မလိုအပ်တဲ့ဆားနဲ့ အခြားစွန့် ပစ်ပစ္စည်းတွေ ကိုတော့အကြေးခွံနဲ့ ခန္ဓာကိုယ်အနှံမှစွန်ထုတ်တတ်ပါတယ်။ရေချိုသို့ ရောက်တဲ့အချိန်မှာတော့ပါးစပ်မှမသောက်တော့ပဲအကြေးခွံမှသာရေကိုစုပ်ယူပါတော့တယ်။

လင်းပိုင်းတွေကတော့ပင်လယ်ရေကိုလုံးဝသောက်လို့ မရပါဘူး။အကြောင်းကတော့ပင်လယ်ရေသောက်တာနဲ့ နေမကောင်းဖြစ်ပြီးသေစေနိုင်တဲ့အထိပြင်းထန်နိုင်ပါတယ်။ဒါ့ကြောင့်သူတို့ ဟာရေကို
သူတို့ စားတဲ့အစာမှတစ်ဆင့်စုပ်ယူတတ်ကြပါတယ်။

ZK(ကနောင်)

No comments:

Post a Comment