Wednesday 18 September 2013

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးဆိုင်ရာနှင့် အလှအပရေးရာ

မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ကျေးရွာ မြို့ပြမကျန် ဘာသာရေး ပွဲများနှင့် အချိုပွဲများ တည်ခင်းရာ၌ မပါမဖြစ်သော ငှက်ပျောသီးမှာ စားသုံးရုံသာ မက ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကဏ္ဍများတွင်လည်း အသုံးဝင်ကြောင်း တင်ပြလိုက်ရ ပါသည်။

နှလုံးဆဲလ် စွမ်းအင်မြှင့်တင် ပေးနိုင်သော ငှက်ပျောသီး နေ့စဉ်ပုံမှန် လှုပ်လှုပ်ရှားရှားဖြင့် လုပ်ကိုင် ဆောင် ရွက်နေကြရသည့် လုပ်သားများအဖို့ ခန္ဓာကိုယ်ထဲရှိ နှလုံးကြွက် သားဆဲလ်များ အမြဲ ကျန်းမာ သန်စွမ်း စေရန် တစ်နေ့လျှင် ငှက်ပျောသီး နှစ်လုံးစားခြင်းဖြင့် သေဆုံးသွားသည့် ဆဲလ်များ၏ နေရာသို့ ဆဲလ်အသစ် ထပ်မံအားဖြည့်သည့် အစွမ်းရရှိပြီး Instant Energy ကိုလည်း ထပ်မံဖြည့်စွမ်းပေးနိုင်သည့် အပြင် အနားယူအိပ် စက်သည့် နေရာ၌လည်း နှစ်ခြိုက်စွာ အိပ်ပျော်စေရန် များစွာ အထောက် အကူ ပြုပေးနိုင်စွမ်းရှိသည်။

နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် လူတစ်ဦး၏ ဦးနှောက်ထဲတွင်ရှိသော Pineal Gland ကထုတ်လိုက်သည့် melatonin ဟုခေါ်သော ဟော်မုန်းတစ်မျိုးသည် အိပ်စက်ခြင်းကို လှည့်လည် လှုံဆော်ပေးသည်။ ညအမှောင်တွင် လူ၏ဦးနှောက်ထဲ၌ Pineal Gland uae melatonin ထုတ်လွှင့်မှုအတွက် Tryptophan ဆိုသည့်အက်စစ်တစ်မျိုး ကိုလိုအပ်ရာ အဆိုပါ အက်စစ်ကို ငှက်ပျောသီးမှရရှိပြီး အိပ်ရာမဝင်မီ အနည်းငယ် အလိုတွင် စားသုံး ပေးပါက ဦးနှောက်ထဲရှိ ကြွက်သားများကို အထောက် အကူ ပေး စွမ်းနိုင်ကာ နှစ်ခြိုက်စွာ အိပ်စက် နိုင်ကြောင်း ကျန်းမာရေး သုတေသီများက စမ်းသပ် တွေ့ရှိ ခဲ့သည်။

အရေပြား ကျန်းမာရေးအတွက် ငှက်ပျောသီး

အရေပြား ကျန်းမာရေးအတွက် အရေးပါသော ဗီတာမင်စီကို ငှက်ပျောသီးမှ ရရှိနိုင်သည်။

ထို့အပြင် ငှက်ပျောသီးတွင် ရေဓာတ် ၇၅ ရာခိုင်နှုန်း ပါဝင်သည့်အတွက် ခန္ဓာကိုယ်ထဲတွင် လိုအပ် သည့် ရေဓာတ် ကို ထိန်းညှိပေးနိုင်ပြီး အရေပြား ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် pyiridoxine ဟု လူသိများသော ဗီတာမင် ဘီ 6 ကို ထပ်မံပေးစွမ်းနိုင်ကာ အရေပြားကို Ree Radicals ရန်မှ ကာကွယ်ပေးသည့် (manganese) ကိုလည်း ငှက်ပျောသီးက ပေးစွမ်းနိုင်ပြီး ငှက်ပျောသီးအခွံကို မျက်နှာပြင်တွင် မိနစ် ၂ဝ ခန့်ကပ်၍ ထားပါက မျက်နှာပြင်ရှိ ချွေးပေါက်ထဲမှ ပိုးမွှားများ ကို စုပ်ယူပေးနိုင် သည်ကို တွေ့ရှိရသဖြင့် ငှက်ပျောသီး တစ်လုံး လိုရာသုံး သို့မဟုတ် ဥာဏ်ရှိသလို သုံးနိုင်ရန် ရေးသား လိုက်ရ ပေသည်။

http://www.myawady.net.mm/health/item/25227-2013-09-13-10-16-33

No comments:

Post a Comment