Wednesday 18 September 2013

ထိုင်းရော်ဘာ စိုက်ပျိုးရေး သမားများနှင့် အစိုးရ တပ်ဖွဲ့ဝင်များ အကြား အဓိကရုဏ်း ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၇၇ဦး ဒဏ်ရာ ရရှိ



Photo: ထိုင်းရော်ဘာ စိုက်ပျိုးရေး သမားများနှင့် အစိုးရ တပ်ဖွဲ့ဝင်များ အကြား အဓိကရုဏ်း ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၇၇ဦး ဒဏ်ရာ ရရှိ
Wednesday, September 18, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင် ၇၇ဦးထိခိုက် ဒဏ်ရာ ရရှိပြီးနောက် အဆိုပါ ဒေသတွင် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာ ပိုင်များက ပြောကြားခဲ့သည်။

ကမ္ဘာ့ စီးပွားရေး ကျဆင်းနေစဉ် အတွင်း ထိုင်းနိုင်ငံတွင် ၂ဝ၁၁ခုနှစ်မှစ၍ ရော်ဘာ ဈေးနှုန်းများ ကျဆင်းမှုကြောင့် အခက်အခဲ ကြုံတွေ့နေရသော ရော်ဘာ လယ်သမားများက အစိုးရထံမှ အထောက်အပံ့ ရရန်အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြရာမှ အဓိကရုဏ်း များ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဓိကရုဏ်း များသည် နာခွန်ဆရီသမ် မာရက်ပြည်နယ် ချာအူယက်တ် ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုကို ထိန်းချုပ်နိုင်ရန် အစိုးရက ဥပဒေတစ်ခု ထုတ်ပြန်သွားရန် စဉ်းစားလျက် ရှိကြောင်း ဝန်ကြီးချုပ်၏ အကြံပေး တစ်ဦး က ပြောကြား ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုတွင် ဆန္ဒပြပြည်သူများက အုတ်ခဲများနှင့် အခြား အရာဝတ္ထုများဖြင့် ပစ်ပေါက် ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင် ၇၇ဦးထိခိုက် ဒဏ်ရာ ရရှိပြီးနောက် အဆိုပါ ဒေသတွင် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာ ပိုင်များက ပြောကြားခဲ့သည်။


ကမ္ဘာ့ စီးပွားရေး ကျဆင်းနေစဉ် အတွင်း ထိုင်းနိုင်ငံတွင် ၂ဝ၁၁ခုနှစ်မှစ၍ ရော်ဘာ ဈေးနှုန်းများ ကျဆင်း မှုကြောင့် အခက်အခဲ ကြုံတွေ့နေရသော ရော်ဘာ လယ်သမားများက အစိုးရထံမှ အထောက်အပံ့ ရရန် အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြရာမှ အဓိကရုဏ်း များ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဓိကရုဏ်း များသည် နာခွန်ဆရီသမ် မာရက်ပြည်နယ် ချာအူယက်တ် ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆန္ဒပြမှု ကို ထိန်းချုပ်နိုင်ရန် အစိုးရက ဥပဒေတစ်ခု ထုတ်ပြန်သွားရန် စဉ်းစားလျက် ရှိကြောင်း ဝန်ကြီးချုပ်၏ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုတွင် ဆန္ဒပြပြည်သူများက အုတ်ခဲများနှင့် အခြား အရာဝတ္ထုများဖြင့် ပစ်ပေါက် ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment