Wednesday 18 September 2013

အပြောင်းအလဲရှိခဲ့သည့် မြန်မာယူ-၂၃အသင်း ပဏာမလူစာရင်း ထပ်မံထုတ်ပြန်

ဆီး ဂိမ်းကာလ နှစ်လခွဲသာကျန်ရှိ တော့သည့်အချိန်တွင် မြန်မာယူ- ၂၃အသင်းသည် ပဏာမလူစာရင်း ကို ထပ်မံထုတ်ပြန်လိုက်ပြီဖြစ်ပြီး နည်းပြပတ်ဆောင်ဟွာအကြိုက် မတွေ့သည့် ကစားသမားတချို့မှာ လူစာရင်းမှထပ်မံထုတ်ပယ်ခံခဲ့ရ ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ စတင် ကစားရမည့် ဆီးဂိမ်းဘောလုံး အားကစားနည်းအတွက် ရည်ရွယ် ကာ လူဦးရေ ၃၀ ပါဝင်သော ပဏာ မလူစာရင်းကို ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းနောက် ဩဂုတ် ၁ရ ရက်တွင် ကစားသမားနှစ်ဦး ထပ်မံအပြောင်းအလဲပြုလုပ်ကာ လေ့ကျင့်မှုကိုဆက်လက်ပြုလုပ်ခဲ့ သည်။
ထို့အပြင် အပြောင်းအလဲ များစွာပြုလုပ်နေသည့် မြန်မာ ယူ- ၂၃ဘောလုံးအသင်းသည် မာဒေး ကားပြိုင်ပွဲအတွက် လူစာရင်းကို စက်တင်ဘာ ၂ရက်က ထပ်မံပြု လုပ်ခဲ့ပြီး ယခုအခါဆီးဂိမ်းအတွက် ထပ်မံ လေ့ကျင့်မည့် ပဏာမလူစာ ရင်းကိုထပ်မံကြေညာခဲ့ခြင်း ဖြစ် သည်။

အဆိုပါ လူစာရင်းတွင် ဩ ဂုတ် ၁ ရက်ကစတင်ဖွဲ့စည်းခဲ့သည့် လူစာရင်းတွင်သာမကဘဲ မာဒေး ကားပြိုင်ပွဲအထိ ပါဝင်ခဲ့သူ ဟံသာ ဝတီအသင်းမှ အောင်ဇော်၊ ဧရာ ဝတီအသင်းမှ ဖြိုးကိုကို သိန်းနှင့် နန္ဒလင်းကျော်ချစ်၊ မကွေးအသင်း မှ ဟိန်းဇာအောင်တို့မှာ ချန်လှပ် ခြင်းခံခဲ့ရသည်။ ကျန်ရစ်ခဲ့သည့် ကစားသမားများမှာ ပတ်ဆောင် ဟွာနှင့် အချိန်အတန်ကြာလက်တွဲ ထားသူများဖြစ်ပြီး ဒဏ်ရာပြဿ နာနှင့် စည်းကမ်းပိုင်းဆိုင်ရာများ ကြောင့် ချန်လှပ်ခံရခြင်းမဟုတ်ရာ အငြင်းပွားစရာဖြစ်နေသည်။

ယင်းကဲ့သို့ အဆိုပါကစား သမားလေးဦးချန်လှပ်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ မီဒီယာအရာရှိဦးစိုး မိုးက ''ဒီကစားသမားတွေက စည်း ကမ်းဖောက်ဖျက်တာနဲ့ ဒဏ်ရာ ပြဿနာတွေ မရှိပါဘူး''ဟု ပြောသည်။

ထို့အပြင် အပြောင်းအလဲ များနေသည့် မြန်မာယူ-၂၃ အ သင်းလူစာရင်းမှာ အောက်တိုဘာ ၁၅ ရက်တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့်မကစားမီ ဂျပန်နှင့် တောင်ကိုရီးယား သွားရောက်လေ့ ကျင့်မည့် ကာလ မတိုင်ခင်များတွင် လည်း လူစာရင်းပြောင်းလဲမှုတစ်စုံ တရာရှိနိုင်သေးကြောင်း သိရသည်။
ယင်းသို့ ပြောင်းလဲနိုင်မှုနှင့် ပတ်သက်၍ ၎င်းအရာရှိကပင် ''အ ခုဗီယက်နမ်နဲ့ကစားမယ့်ပွဲရော ဂျပန်နဲ့ တောင်ကိုရီးယားသွားလေ့ ကျင့်မယ့် လူစာရင်းကလဲ အပြောင်း အလဲတစ်စုံ တစ်ရာ ရှိလာနိုင်ပါ သေးတယ်။ ဒဏ်ရာရတာတို့နည်း ပြကြီးပတ်ဆောင်ဟွာရဲ့ နည်းစနစ် နဲ့ အံမဝင်တာ တို့ဆိုရင် နေရာအ ပြောင်းအလဲတွေရှိနိုင်ပါသေး တယ်''ဟု ထပ်မံပြောခဲ့သည်။

ချန်လှပ်ခံခဲ့ရသည့် ကစား သမားများနေရာတွင် ဇမ်ဘိုထွန်း၊ ဇာနည်ထက်နှင့် စည်သူအောင်၊ နိုင်လင်းဦး၊ ရဲဇော်ထက်အောင်၊ မျိုးမင်းလတ်၊ စိုးပိုင်သွေးတို့ကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပဏာမ ယူ-၂၃အသင်းလူစာရင်း

ဂိုး- ပြည့်ဖြိုးအောင်၊ ကျော် ဇင်ဖြိုး၊ မျိုးမင်းလတ်။
နောက်တန်း- သိန်းသန်းဝင်း၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ သက်နိုင်၊ အောင်ဟိန်းကျော်၊ ဇာ နည်ထက်၊ ဇမ်ဘိုထွန်း၊ မင်းကိုသူ၊ အာကာနိုင်။
အလယ်တန်း-ဆက်ဖြိုးဝေ၊ ရဲလင်းအောင်၊ ထူးထူးအောင်၊ ကြည်လင်း၊ စည်သူအောင်၊ ဒေး ဗစ်ထန်း၊ နေလင်းထွန်း၊ နိုင်လင်း ဦး၊ ရဲဇော်ထက်အောင်။
ရှေ့တန်း- ကောင်းစည်သူ၊ ကျော်ကိုကို၊ ကျော်ဇေယျာဝင်း၊ စိုးကျော်ကျော်၊ စိုးပိုင်သွေး။

Yangon Media Group

No comments:

Post a Comment