Wednesday 18 September 2013

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ငါးဦးဒဏ်ရာရ


 
 ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ရှော့ပင်း မောလ်နှစ်ခု အတွင်းရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် စင်တင်ဘာ ၁၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ပထမအကြိမ် ပေါက်ကွဲမှုသည် ဒါဗာ အိုစီးတီးမြို့တော SM ရှော့ပင်းမောလ် တွင် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ပေါက်ကွဲမှုသည် ဘာဂျာဒါမြို့လယ်ကောင်ရှိ ရိုင်ဆာနိုရှော့ပင်း မောလ်တွင် ည ၉ နာရီ မိနစ် ၂ဝ ဝန်း ကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒါဗာ အိုရဲတပ်ဖွဲ့မှ အကြီးအကဲ ရော်နယ်လ်ဒီ လာရိုဆာ ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် ပြည်သူလူထုကို ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အများ ပြည်သူဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခဲ့ခြင်း မဟုတ်ကြောင်း ဒီလာရိုဆာက ထပ်မံပြောကြားခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် ရှော့ပင်းမောလ်နှစ်ခုကို ပြီးခဲ့သည့် ညသန်းခေါင်ယံထိ တိုင်အောင် ဝန်းရံ တားဆီး ထားကြောင်း ဒီလာရိုဆာက ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်တွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို စုံစမ်း စစ်ဆေးရေးမှူးများက ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment