Tuesday 13 August 2013

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံ ပါဝင်ရန် ဆွေးနွေးမှုအတွက် ဂျပန်က အဆိုပြုမည်

8.1.1
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ ပါဝင်ပေါင်းစည်းရန် မြန်မာ-ထိုင်း ၀န်ကြီးအဆင့်များ ပူးတွဲဖိတ်ကြား
ထားသည့် ဖိတ်ကြားစာ ပို့ပေးပြီးနောက် ဂျပန်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးမည့် ဆွေးနွေး ပွဲ ပြုလုပ်ရန် ဂျပန်နိုင်ငံမှ အဆိုပြုမည် ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် အလားအလာကောင်းများ ရှိနေသည့် ဂျပန်နိုင်ငံသည် လက်ရှိကာလတွင် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ၀င်ရောက်မြှုပ်နှံ မှုများ ပြုလုပ်နေပြီး ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ခေါ်နေသကဲ့သို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ ၀န်ကြီးများ တရားဝင်လက် မှတ် ရေးထိုးထားသည့် ဖိတ်ကြားစာအား ယခုနှစ် ဧပြီ ၂၄ ရက်က တရားဝင် ပေးပို့ ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးပို့ပြီးနောက် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ပါဝင်လာရေးအတွက် မြန်မာ-ထိုင်း-ဂျပန် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ထိုင်းနိုင်ငံတွင် ဇွန် ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းအပြင် မြန်မာ-ဂျပန် သီးသန့် တွေ့ဆုံ ပွဲအား မြန်မာနိုင်ငံတွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သကဲ့သို့ ထိုင်း-ဂျပန် သီးသန့်တွေ့ဆုံပွဲကို ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့သည်။

''ဂျပန်နိုင်ငံကို ကျွန်တော်တို့က ထားဝယ်အထူး စီးပွားရေးဇုန်ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတာ မဟုတ်ပါဘူး။ အကျိုးအမြတ် ခွဲဝေမှု မျှတရေး ဆောင်ရွက်ဖို့ မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ပါဝင်ပေါင်းစည်းဖို့ ဖိတ်ခေါ်နေတာပါ။ လက်ရှိကာလအထိ ပါဝင်မယ်၊ မပါဝင်ဘူး မသိရသေးပေမယ့် နောက်တစ်ကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုတော့ ဂျပန်နိုင်ငံက အဆိုပြုမှာပါ'' ဟု ဦးဆက်အောင်က ဆိုသည်။ မြန်မာ့ရေမြေ သယံဇာတအား အမှီပြု တည်ဆောက်မည့် စီမံကိန်း အကျိုးအမြတ် ခွဲဝေရေးတွင် နစ်နာမှုမရှိရေး ဂျပန်ပါဝင်ရန် လိုနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment