Friday 9 August 2013

သြဂုတ် ၉ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အကြီးအကဲများ တွေ့ဆုံမည်၊ ယင်းနေ့တွင် လွှတ်တော် အစည်းအဝေးများကို တစ်ရက် ရပ်နားမည်

သြဂုတ် ၉ ရက်တွင် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့အကြီးအကဲများ တွေ့ဆုံမည် ဖြစ်ကြောင်း နိုင် ငံတော် သမ္မတရုံးမှ သိရသည်။
နိုင်ငံတော် သမ္မတမှ တွေ့ဆုံမည့် အစိုးရအဖွဲ့ အကြီးအကဲများထဲ တွင် ပြည်ထောင် စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ၀န်ကြီးချုပ်များပါ ပါဝင်မည်ဟု သိရသည်။

နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ တာဝန်ရှိ သူတွေ တွေ့ ဆုံဖို့ ရှိပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး သီးခြားသတင်း ထုတ်ပြန်သွားဖို့ ရှိပါတယ်'' ဟု သြဂုတ် ၈ ရက် ညနေ ၄ နာရီ ၀န်းကျင်တွင် ပြောကြားသည်။

အစိုးရအဖွဲ့ဝင် အကြီးအကဲများ တက်ရောက်မည့် နိုင်ငံတော်သမ္မတ ၏ တွေ့ဆုံပွဲသို့ လွှတ်တော်မှ အကြီး အကဲများ၊ ကော်မရှင် ဥက္ကဋ္ဌများ တက်ရောက်ရန် မရှိဟု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

သို့သော် သြဂုတ် ၉ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို တစ်ရက် ရပ်နားမည် ဖြစ်သည်။

ပုံမှန်ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီးများ တက်ရောက် ကာ မေးခွန်းများ ဖြေကြားခြင်း၊ ဥပဒေပိုင်းဆိုင်ရာ အတည်ပြုခြင်း များ ဆောင်ရွက်လေ့ ရှိသော်လည်း သြဂုတ် ၉ ရက်တွင်တက်ရောက်နိုင်ခြင်းရှိမည် မဟုတ်ပေ။

သြဂုတ် ၉ ရက်တွင် လွှတ်တော် အစည်းအဝေးများ ရပ်နားသော်လည်း လွှတ်တော်တွင်း ကော် မတီ၊ ကော်မရှင် အစည်းအဝေးများကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌမှ ခေါ်ယူဆောင်ရွက်ရန် ရှိကြောင်း သိရသည်။ သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် အတည်ပြုရ မည်ဖြစ်သည့် ဥပဒေများ ထဲမှ တောင်သူလယ်သမား အကျိုးစီးပွား မြှင့် တင်ရေးဥပဒေနှင့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုပြဋ္ဌာန်း ရန် ကျန်ရှိနေသေးသဖြင့် ယခုကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများသည် သြဂုတ်လ ကုန်ပိုင်း အထိ ဆက်လက် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment