Friday 9 August 2013

စစ်မှန်သော ဒီမို ကရေစီနိုင်ငံ ထူထောင်ရေး လုပ်ငန်းမှာ မပြီးစီးသေးကြောင်း၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စသည်တို့ လက်ရှိတွင် အကောင်အထည် မပေါ်သေးကြောင်း ရှစ်လေးလုံး ငွေရတုနေ့တွင် ဒေါ်အောင်ဆန်း စုကြည် ပြောကြား

8.8.1
သြဂုတ် ၈ ရက်က ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပသော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုမိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ- ဖြိုးပြည့်စုံ)
စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းမှာ မပြီးစီးသေးကြောင်း မန္တလေးမြို့တွင် ကျင်းပခဲ့သော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားသို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာ ပေးပို့ရာတွင် ထည့်သွင်း ပြောကြားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်မှာ ၂၅ နှစ်ရှိခဲ့ပြီဖြစ်ပြီး ဤ ၂၅ နှစ်အတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမှန်တကယ် မြတ်နိုးတန်ဖိုးထား သူများ၏ ဇွဲ၊ လုံ့လ၊ ၀ီရိယဖြင့် ရုန်းကန် လှုပ်ရှားမှုများမှာ မရပ်စဲခဲ့ကြောင်း၊ ဤကဲ့သို့ အရေးတော်ပုံအပေါ် သစ္စာရှိမှုသည် ယနေ့တွေ့ ရှိနေသော ပြုပြင်ပြောင်းလဲရေးလမ်းစ ပေါ်လာခဲ့ခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်သည် ဟုပြောလျှင် မှားမည်မဟုတ်ပါဟု အဆိုပါ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၈၈ သြဂုတ် ၈ ရက်တွင် စတင်ခဲ့သော အရေးတော်ပုံကြီးသည် မြန်မာတစ်နိုင်ငံလုံးသို့ ပြန့်သွား ခဲ့ပြီး ပြည်သူများ တက်ကြွစွာ ပါဝင်ခဲ့သော မြို့များအနက် မန္တလေးမြို့ကြီးက ထင်ရှားတောက်ပြောင် စွာ ရှေ့တန်းမှာ ရှိခဲ့ပါကြောင်း၊ ကျော်ဖြတ်ခဲ့သော ကြမ်းတမ်းသည့် အတွေ့အကြုံများမှ တန်ဖိုးရှိသော သင်ခန်းစာယူ၍ အနာဂတ်အတွက် တည်ဆောက်ရမည့်အချိန် ရောက်နေပါပြီ။ အရေးတော် ပုံ အောင်မြင်ခြင်း ဆုံးခန်းတိုင်အောင် မနေနိုင်သွားခဲ့ရသော ရဲဘော်ရဲဘက်များအတွက် လည်းကောင်း၊ နောင်လာနောက်သားများ အတွက်လည်းကောင်း၊ ကျန်ရှိသော ဒီမိုကရေစီ ဘက်တော် သားများက သစ္စာရှိစွာဖြင့် ဆက်လက်၍ ကိုယ်စွမ်းဥာဏ်စွမ်း စိတ်ဓာတ်စွမ်းအား ရှိသရွေ့ လုပ်ဆောင် သွားကြပါရန် ဆန္ဒပြုအပ် ပါသည်ဟု သ၀ဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။


ရှစ်လေးလုံး ငွေရတုနေ့မှာ နိုင်ငံရဲ့ အနာဂတ်ကို မျှော်ကိုးပြီးတော့ လုပ်သင့်လုပ်ထိုက် တာတွေကို ရဲရဲဝံ့ဝံ့နဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်သွားဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ ညီညီညွတ်ညွတ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် မဟုတ်ဘူး။ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာကို ပြောတာ။ ကျွန်မတို့မတူတဲ့ သဘောတွေကို ညှိနှိုင်းပြီး သဘောတူညီချက် ယူပြီးတော့ လုပ်ရမယ်။ မတူတဲ့ ပန်းတိုင်တွေကိုလည်း ညှိယူရမယ်...


ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ပြုလုပ်သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စသည်တို့မှာ လက်ရှိအချိန်အထိ အကောင် အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်းနှင့် မိမိတို့အနေဖြင့် ဆက်လက် ဆောင်ရွက်သွားရ မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏အသက်သည် ပြည်သူလူထု၏လက်ခံယုံကြည် မှု ဖြစ်သောကြောင့် ပြည်သူလူထုသည် လက်ခံယုံကြည်မှုမရှိလျှင် သက်မဲ့စာကြောင်းများသာ ဖြစ် သွားလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့် သွင်း ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ ရေးဆွဲခဲ့သည့် ဥပဒေဖြစ်ကြောင်း ၊ ကြောက်ရွံ့ကာမထိရဲ၊ မကိုင်ရဲဖြစ်၍ ပြင်ဆင်ခြင်း မပြုလုပ်ပါက အသက်ရှိ ပြည်သူများသည် သက်မဲ့ စာတန်း တစ်ခုကို ကြောက်ရွံ့နေရာ ရောက်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

8.8.1
ရန်ကုန်မြို့တွင် ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးပြည့်စုံ)
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံငွေရတု အထိမ်းအမှတ် ဆွေးနွေးပွဲ၌ ချမှတ်သည့် အချက်များသည် အဖွဲ့ချုပ်၏ မူဝါဒများနှင့် ကိုက်ညီကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''ရှစ်လေးလုံး ငွေရတုနေ့မှာ နိုင်ငံရဲ့ အနာဂတ်ကို မျှော်ကိုးပြီးတော့ လုပ်သင့်လုပ်ထိုက် တာတွေကို ရဲရဲဝံ့ဝံ့နဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်သွားဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ ညီညီညွတ်ညွတ်ဆိုတာ တစ်သွေး တစ်သံတစ်မိန့် မဟုတ်ဘူး။ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာကို ပြောတာ။ ကျွန်မတို့မတူတဲ့ သဘောတွေ ကို ညှိနှိုင်းပြီး သဘောတူညီချက် ယူပြီးတော့ လုပ်ရမယ်။ မတူတဲ့ ပန်းတိုင်တွေကိုလည်း ညှိယူရမယ်။ အားလုံးရဲ့ အဓိက ရည်ပန်းတိုင်ကတော့ အေးအေးချမ်းချမ်းနဲ့ နေချင်ကြတယ်။ ဂေါက်နေတဲ့ တစ်ချို့တော့ မပါဘူးပေါ့နော်'' ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ထို့အပြင် အဖွဲ့ချုပ် အနေဖြင့် ၁၉၈၈ ခုနှစ်က ချမှတ်ခဲ့သည့် ပြည်သူနှင့် တပ်မတော်အကြား အမျိုးသားပြန် လည် ရင်ကြားစေ့ရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။ ၁၉၉၈ ခုနှစ် အရေးတော်ပုံနှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် အတိတ်က ဖြစ်စဉ်များအပေါ် သုံးသပ် သင်ခန်းစာယူကာ နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်သင့်ကြောင်း၊ မည်သူ့အပေါ်မှ အာဃာတ မထားဘဲ အားလုံးကို မေတ္တာထားကာ နိုင်ငံ၏ ဒဏ်ရာဒဏ်ချက် အနာတရများကို ပျောက်ကင်းရေး အတွက် ဦးတည်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒ၊ ရည်မှန်းချက်များကို အုပ်ချုပ်သူများက နားလည်မှု မပေးနိုင်ခဲ့ခြင်းဟာ ပြည်သူလူထု အတွက် များစွာထိခိုက် ခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ပြည်သူများ၏ အင်အားကြောင့် မိမိတို့သည် ဒီမိုကရေစီ အရေးကိစ္စများကို ဆောင် ရွက်နိုင်ခြင်း ဖြစ်ကြောင်း၊ ပြည်သူများ၏ ကျေးဇူးကို မည်သူမျှ မည်သည့်အချိန်မှ မမေ့ကောင်းကြောင်း၊ ၂၅ နှစ်အတွင်း သစ္စာရှိရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားခဲ့သူများ၊ ကျဆုံးခဲ့သူများ၊ တိုင်းရင်းသား ညီအစ်ကိုအားလုံး၊ မိမိထက် အသက်ကြီးရင့် သူများနှင့် လူငယ်များ အားလုံးကို ကျေးဇူး တင်ရှိ ပါကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment