Friday 19 July 2013

ကချင်ပြည် နယ် NDF ပါတီ ခေါင်းဆောင် ဖမ်းဆီး ခံရ

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ၏ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာသည် ယမန်နေ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ပုဒ်မ(၃)ခုဖြင့် အဖမ်းခံခဲ့ ရကြောင်း ယင်းပါတီ တာဝန် ရှိသူများထံမှ သိရသည်။

လူသေမှု ပုဒ်မ ၃၀၄ (ခ)၊ တရားမဝင် ဆေးထိုးအပ် ကိုင်ဆောင်မှု ပုဒ်မ၄၀၊ မူးယစ်မှု ပုဒ်မ ၃၃၃တို့ဖြင့် ဖားကန့်မြို့နယ် ရဲစခန်းက ဖမ်းဆီးခြင်းဖြစ်ကြောင်း ယင်းရဲစခန်းရှိ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြော ကြား သည်။
“၂၀၀၉ခုနှစ်က ဖိုးသမားလေးကို အသက်ကယ်ဆေး ထိုးပေးခဲ့တာကြောင့်လို့ ပြောပါတယ်။ အဲဒီအမှု ကလည်း ပြီးသွားပြီးဆိုပြီး အခုမှ ဖမ်းတာပါ။ အာမခံလည်း မရဘူး”ဟု ကချင်ပြည်နယ် NDFအတွင်းရေး မှူး ဦးမြင့်မိုးမြင့်က ဖြေကြားသည်။

အဆိုပါ ဒေါ်ဘောက်ဂျာသည် ၂၀၀၉ခုနှစ် ဖားကန့်၌ နေထိုင်စဉ် ဆေးစွဲနေသော အိမ်နီးနားချင်းအား အသက်ကယ်ဆေး ထိုး၍ ကူညီပေးခဲ့ကြောင်း၊ သို့သော် အသက်မမီဘဲ ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းအမှုကိစ္စကြောင့် ယခုအခါ အဖမ်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ကိုယ်စားပြု အနေဖြင့် ဖားကန့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သ ဖြစ်သည်။

ယင်းအပြင် ယုဇနကုမ္မဏီမှ ဟူးကောင်းချိုင့်ဝှမ်းရှိ ဒေသခံပြည်သူများ၏ လယ်မြေအသိမ်းခံရမှု အား ပြည်သူဖက်မှ ရပ်တည်ကာ ဦးဆောင်ပေးခဲ့သောကြောင့် ၂၀၁၁ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ပြည်ပမှ ကချင်အမျိုးသားများ ချီးမြှင့်သည့် “The Kachin Civilian Defender” ဆုကိုလည်း ရရှိထားသူ ဖြစ်သည်။
မြန်မာ့ခေတ်

No comments:

Post a Comment