Friday 19 July 2013

ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားနေပြီး အာဟာရ ချို့တဲ့မှုနှင့် ဆေးဝါး အခက်အခဲကြောင့် ယခင်နှစ်များထက် သေဆုံးသူ များပြားနေ

7.18.20
ကချင်ပြည်နယ်ရှိ KBC ဒုက္ခသည်စခန်း တစ်နေရာ (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြန်မာ-တရုတ် နယ်စပ်ရှိ ကချင်စစ်ဘေးဒုက္ခသည်စခန်းများ၌ မိုးတွင်းကာလ ဖြစ်သောကြောင့် ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အာဟာရချို့တဲ့ မှုနှင့် ဆေးဝါးအခက် အခဲကြောင့် သေဆုံးသူများမှာလည်း ယခင်နှစ်များထက် များပြားနေကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။
''ကချင်မှာ အခုလို မိုးတွင်းဘက်ဆို ငှက်ဖျားရောဂါတွေ ဖြစ်တတ်ပါတယ်။ ကချင်စစ်ဘေး ဒုက္ခသည် စခန်းတွေမှာဆိုရင် ခုချိန်မှာ ငှက်ဖျားရော ၀မ်းရောဂါရော အဖြစ်များ နေပါတယ်။ ဥပမာ-ခုချိန်က ခြင်တအားများတော့ ငှက်ဖျားဖြစ်တယ်။ နောက်တစ်ခုက ယင်ကောင်လည်းများတော့ ၀မ်းရောဂါတွေ ဖြစ်တယ်။ ပြီးတော့ ခုချိန်က ခါတိုင်းထက် ပိုစွတ်စိုတော့ အစားအသောက်တွေက ပုပ်တာတို့ နံတာတို့ ဖြစ်တာပေါ့။ နောက်တစ်ခုက ကလေးတွေက မိုးတွင်းက နွေထက်ပို ညစ်ပတ်တာပေါ့။ အဲဒီအခါကျတော့ မိုးတွင်းဘက်က နွေရာသီနဲ့စာရင် ရောဂါပိုပြီး ဖြစ်လွယ် တာပေါ့။ မြန် မာပြည်မှာလည်း ဒါတွေ ဖြစ်တတ်ကြ ပါတယ်။ ဒါပေမယ့် ဟိုမှာက ပိုဆိုးတာပေါ့'' ဟုလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ဝမ်းရောဂါတွေဖြစ်တယ်။ ငှက်ဖျားဖြစ်တယ်။ ခါတိုင်းနှစ်တွေလည်း သေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်က Camp တွေမှာ လူပိုကြပ်နေတော့ ခါတိုင်းထက်ကို သေတဲ့သူတွေ ပိုများနေတယ်။ ရာခိုင်နှုန်းနဲ့ ပြောဖို့တော့ ခက်ပါတယ်။ ၀မ်းရောဂါတွေကြောင့် သေ တာပိုများတယ်...


အလားတူ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အစားအသောက် အာဟာရနှင့် ဆေးဝါး လှူဒါန်း မှုများမှာလည်း ယခင်နှစ်များထက် နည်းပါးနေကြောင်းလည်း သိရှိရ သည်။
''၀မ်းရောဂါတွေဖြစ်တယ်။ ငှက်ဖျားဖြစ်တယ်။ ခါတိုင်းနှစ်တွေလည်း သေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်က Camp တွေမှာ လူပိုကြပ်နေတော့ ခါတိုင်းထက်ကို သေတဲ့သူတွေ ပိုများနေတယ်။ ရာခိုင်နှုန်းနဲ့ ပြောဖို့တော့ ခက်ပါတယ်။ ၀မ်းရောဂါတွေကြောင့် သေတာပိုများတယ်။ အဓိကက ကလေးတွေမှာ ၀မ်းရောဂါ ဖြစ်တာကို မိဘတွေ သိလိုက်တဲ့ အချိန် မှာ နောက်ကျနေပြီ။ စခန်းတွေမှာ အကြောဆေး ချက်ချင်းသွင်း နိုင်ဖို့က အခက်အခဲရှိတယ်။ စခန်းတိုင်း မှာ ဖြစ်နေ ပါတယ်။ လူနည်းတဲ့ စခန်းက အရေအတွက် နည်းတယ် လူများတဲ့ စခန်းက အရေအတွက် ပိုများတယ်။ ဖြစ်တာကတော့ ခါတိုင်းနှစ်လည်း ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ခံအား မကောင်းတော့ ခါတိုင်းနှစ်တွေထက် ပိုခံရတာပေါ့။ အရင်တွေနဲ့စာရင် အသေအပျောက် များတဲ့အကြောင်းကတော့ အာဟာရ ချို့တဲ့တာနဲ့ ဆေးဝါးမရ နိုင်တာတွေကြောင့် ပိုဖြစ်နေရတာ'' ဟုလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။
7.18.21
ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
ယခင်နှစ်များက ကချင်စစ်ဘေး ဒုက္ခသည်စခန်းများသို့ ဆေးဝါးနှင့် အစားအသောက် လာရောက် လှူဒါန်းမှုများ များပြားခဲ့သော်လည်း ယခုနှစ်အတွင်း နည်းပါးနေကာ လှူဒါန်းမည့်သူပင် မရှိ သလောက် ဖြစ်နေကြောင်း၊ ပန်းရဲ့လမ်းအဖွဲ့နှင့် အဖြူရောင် တွဲလက်များကဲ့သို့ အဖွဲ့များမှ လာရောက် လှူဒါန်းမှုသာ ရှိနေကြောင်းလည်း သိရှိရသည်။
Eleven Media Group

No comments:

Post a Comment