Thursday 18 July 2013

Capital Market ထူထောင်ရန် ကြီး မားသော စိန်ခေါ်မှု များ ရှိနေကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ပြောကြား

Photo: Capital Market ထူထောင်ရန် ကြီးမားသော စိန်ခေါ်မှုများ ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ပြောကြား
Thursday, July 18, 2013

မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် (Capital Market) ဖြစ်လာရေး အတွက် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဇူလိုင် ၁၆ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနာဂတ်ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံ အနေနဲ့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘဏ်လုပ်ငန်း ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဥပမာ-Capital Market ထူထောင်မယ့် ကိစ္စဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှု ကိစ္စပါ။ အမှန်တော့ Capital Market က စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်းတစ်ခုလုံး ကြီးထွား လာဖို့ အတွက် မရှိလို့ မရပါဘူး။ မရှိဘူးဆိုရင် Private Sector တွေ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ထူထောင် သွားဖို့ လိုအပ်ပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

မြန်မာနိုင်ငံအား စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက် တိုင်းပြည်အနေနှင့် တင်ရှိနေသော အကြွေးများအား အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ အလားတူ Uniform Exchange Rate System ကို ထူထောင်နိုင်ခဲ့ပြီး ယင်းကဲ့သို့ ထူထောင်နိုင်ခဲ့သောကြောင့် ယခင်ဒေါ်လာဈေး တရားဝင်ဈေးကွက်တွင် ၆ ကျပ်နှင့် တရားမ၀င်ဈေးကွက်တွင် ကျပ် ၁၀၀၀ ၀န်းကျင် ပေါက်နေသော အနေအထားမှ နှုန်းရှင်သတ်မှတ်၍ ငွေလဲသည့်စနစ်အား အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ အလားတူပင် အာမခံ ကုမ္ပဏီများလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့အတူ မကြာမီ ရက်ပိုင်းအတွင်းက ဗဟိုဘဏ် ဥပဒေသစ်အား ပြဋ္ဌာန်းလိုက်သည့်အတွက် ဗဟိုဘဏ်အနေဖြင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်လာတော့ မည်ဖြစ်ကြောင်း၊ အလားတူ အသေးစားချေးငွေဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများ သာမက နိုင်ငံတကာ အဖွဲ့အစည်းများကပါ ပြည်တွင်း တွင် ငွေကြေးထောက်ပံ့မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် ဆင်းရဲမွဲတေမှုအား လျှော့ချနိုင်ရေးအတွက် နည်းလမ်းကောင်းဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းကဲ့သို့ တိုးတက်မှုများ ရှိသော်လည်း အခြားတစ်ဘက်တွင် အရင်းအနှီးဈေးကွက် (Capital Market) ထူထောင်ရေးအတွက် အခက်အခဲများလည်းရှိကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် ဖြစ်လာဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါကြောင့် အခု Security Exchange Law ကို ရေးဆွဲနေပါတယ်။ အခုကျင်းပနေ တဲ့ လွှတ်တော်ထဲမှာလည်း တင်ထားပါပြီ။ ဒီလ ဒါမှမဟုတ် နောက်လထဲမှာ ထွက်ပေါ်လာတော့မှာပါ။ ဥပဒေ ထွက်လာတာနဲ့ ကျွန်တော်တို့က ဂျပန်နိုင်ငံက ဒိုင်ဝါရဲ့ အကူအညီနဲ့ Capital Market ကို ထူထောင်သွားမှာပါ။ ပြီးရင် ဦးဆုံးအနေနဲ့ Stock Exchange ဈေးကွက် မြန်မာနိုင်ငံမှာ ရရှိလာတော့မှာ ဖြစ်ပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သော ဘဏ်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးအား တွေ့ရစဉ်
Eleven Media Group
ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သော ဘဏ်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် (Capital Market) ဖြစ်လာရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုများ
ရှိနေကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ဇူလိုင် ၁၆ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနာဂတ်ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံ အနေနဲ့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းဆိုင်ရာတွေနဲ့ ပတ်သက် ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဥပမာ-Capital Market ထူထောင်မယ့်ကိစ္စဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှု ကိစ္စပါ။ အမှန်တော့ Capital Market က စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်းတစ်ခုလုံး ကြီးထွားလာဖို့အတွက် မရှိလို့ မရပါဘူး။ မရှိဘူးဆိုရင် Private Sector တွေ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ထူထောင်သွားဖို့လိုအပ်ပါတယ်"ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင် သိမ်း က ပြောကြားသည်။

မြန်မာနိုင်ငံအား စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက် တိုင်းပြည်အနေနှင့် တင်ရှိနေသော အကြွေးများအား အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ အလားတူ Uniform Exchange Rate System ကို ထူထောင်နိုင်ခဲ့ပြီး ယင်းကဲ့သို့ ထူထောင်နိုင်ခဲ့သောကြောင့် ယခင်ဒေါ် လာဈေး တရားဝင်ဈေးကွက်တွင် ၆ ကျပ်နှင့် တရားမ၀င်ဈေးကွက်တွင် ကျပ် ၁၀၀၀ ၀န်း ကျင် ပေါက်နေသော အနေ အထား မှ နှုန်းရှင်သတ်မှတ်၍ ငွေလဲသည့်စနစ်အား အကောင် အထည် ဖော်နိုင်ခဲ့ကြောင်း၊ အလားတူပင် အာမခံ ကုမ္ပဏီများလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့အတူ မကြာမီ ရက်ပိုင်း အတွင်းက ဗဟိုဘဏ် ဥပဒေသစ်အား ပြဋ္ဌာန်းလိုက်သည့်အတွက် ဗဟိုဘဏ်အနေဖြင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း၊ အလားတူ အသေးစားချေးငွေ ဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများ သာမက နိုင်ငံတကာ အဖွဲ့အစည်း များကပါ ပြည်တွင်းတွင် ငွေကြေးထောက်ပံ့မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် ဆင်းရဲ မွဲတေမှုအား လျှော့ချနိုင်ရေးအတွက် နည်းလမ်းကောင်းဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းကဲ့သို့ တိုးတက်မှုများ ရှိသော်လည်း အခြားတစ်ဘက်တွင် အရင်းအနှီးဈေးကွက် (Capital Market) ထူထောင်ရေးအတွက် အခက်အခဲများလည်းရှိကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် ဖြစ်လာဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါကြောင့် အခု Security Exchange Law ကို ရေးဆွဲနေပါတယ်။ အခုကျင်းပနေတဲ့ လွှတ်တော်ထဲမှာလည်း တင်ထားပါပြီ။ ဒီလ ဒါမှမဟုတ် နောက်လထဲမှာ ထွက်ပေါ်လာတော့မှာပါ။ ဥပဒေ ထွက်လာတာနဲ့ ကျွန်တော်တို့က ဂျပန်နိုင်ငံက ဒိုင်ဝါရဲ့ အကူအညီနဲ့ Capital Market ကို ထူထောင်သွားမှာပါ။ ပြီးရင် ဦးဆုံးအနေနဲ့ Stock Exchange ဈေးကွက် မြန်မာနိုင်ငံမှာ ရရှိလာတော့မှာ ဖြစ်ပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment