Thursday 18 July 2013

ကမ္ဘာ့ အကြီးဆုံး ကျောက် မီးသွေးထုတ် ကုမ္ပဏီ မြန်မာ တွင် ကျောက် မီးသွေး ထုတ်ရန် စီစဉ်

Photo: ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးထုတ်ကုမ္ပဏီ မြန်မာတွင် ကျောက်မီးသွေး ထုတ်ရန် စီစဉ်
Thursday, July 18, 2013

အိန္ဒိယနိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး တူးဖော်ထုတ်
လုပ်ရေးကုမ္ပဏီ Coal India Limited (CIL)က မြန်မာနိုင်ငံတွင် ကျောက်
မီးသွေးတူးဖော်ထုတ်လုပ်ရန် စီစဉ်နေကြောင်း အိန္ဒိယမီဒီယာများတွင် ဖော်ပြ
ထားသည်။

ယင်းကုမ္ပဏီသည် မိုဇမ်ဘစ်နိုင်ငံတွင် ယခုနှစ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ စတင်နိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ဘောစ်ဆွာနာနိုင်ငံ တို့တွင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ထပ်မံစီစဉ်နေခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ မြေအောက် ကျောက်လွှာများအောက်တွင် ကျောက်မီးသွေးသတ္တုပမာဏ တန်သန်းပေါင်း ၂၇၀ ခန့် ခိုအောင်းနေသည်ဟု ခန့်မှန်းထားပြီး
နှစ်စဉ် တန်ချိန်နှစ်သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း သတ္တုတွင်းဝန်ကြီး
ဌာန စာရင်းဇယားများအရ သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအထိ စာရင်းများအရ မြန်မာနိုင်ငံ၏ သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၈၂၉ ဒသမ ၆၉၄ သန်းရှိသည်။

“ကျောက်မီးသွေးက မြန်မာနိုင်ငံမှာ စီးပွားဖြစ် မထုတ်နိုင်သေးဘူး။ သူ့ကိုအသုံးချတော့လည်း ပတ်ဝန်းကျင်နဲ့လည်း မသင့်တော်ဘူး။ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သိပ်တော့သဘောမကျဘူး” ဟု ပြည်ပ ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် စက်မှုပစ္စည်း အစိတ်အပိုင်းများ ပြည်တွင်း၌ ထုတ်လုပ်သူ ဦးစိုးအောင်မြင့်က မှတ်ချက်ပေးသည်။

၁၉၈၅ ခုနှစ်က စတင်တည်ထောင်ခဲ့သော Coal India Limited သတ္တုနှင့် ကျောက်မီးသွေး ထုတ်လုပ်ရေးကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျောက်မီးသွေး ထုတ်လုပ်သူဖြစ်ပြီး အိန္ဒိယအစိုးရက ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ အိန္ဒိယတစ်နိုင်ငံလုံး ကျောက်မီးသွေး ထွက်ရှိမှုပမာဏ၏ ၈၅ ရာခိုင်နှုန်း ထုတ်လုပ်နေသည်။

ကျောက်မီးသွေးထုတ်လုပ်ရုံ သက်သက်ဖြင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်သော်လည်း မြန်မာနိုင်ငံအတွင်းရှိ အဓိက ကျောက်မီးသွေး
သိုက်ဖြစ်သော ကလေးဝမှ ထုတ်ယူလျှင် သိုက်တည်ရှိမှု နယ်မြေအနေ
အထားနှင့် ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု စရိတ်စကတို့ကြောင့် မဖြစ်နိုင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား အထွေထွေ
မန်နေဂျာ ဦးစောမိုးမြင့်က ပြောကြားသည်။

“Export လုပ်ချင်ရင် နယ်စပ်နဲ့နီးတဲ့နေရာတွေ ဥပမာ- မောတောင်လို
နေရာတွေမှာ ထုတ်မှရမယ်” ဟု ၎င်းကဆိုသည်။

ကျောက်မီးသွေး ထုတ်လုပ်ရန်နှင့် ပတ်သက်၍ ပြည်တွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးပညာရှင်များ ထုတ်ဖော်ပြောဆိုလေ့ မရှိသော်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်
ရန်ကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

The Voice Weekly
အိန္ဒိယနိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ Coal India Limited (CIL)က မြန်မာနိုင်ငံတွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရန် စီစဉ်နေကြောင်း အိန္ဒိယ မီဒီယာများတွင် ဖော်ပြထားသည်။
ယင်းကုမ္ပဏီသည် မိုဇမ်ဘစ်နိုင်ငံတွင် ယခုနှစ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ စတင်နိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ဘောစ်ဆွာနာနိုင်ငံ တို့တွင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန် ထပ်မံစီစဉ်နေခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ မြေအောက် ကျောက်လွှာများအောက်တွင် ကျောက်မီးသွေးသတ္တုပမာဏ တန်သန်းပေါင်း ၂၇၀ ခန့် ခိုအောင်းနေသည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် တန်ချိန်နှစ်သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအထိ စာရင်းများအရ မြန်မာနိုင်ငံ၏ သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၈၂၉ ဒသမ ၆၉၄ သန်းရှိသည်။

“ကျောက်မီးသွေးက မြန်မာနိုင်ငံမှာ စီးပွားဖြစ် မထုတ်နိုင်သေးဘူး။ သူ့ကိုအသုံးချတော့လည်း ပတ်ဝန်းကျင် နဲ့လည်း မသင့်တော်ဘူး။ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သိပ်တော့သဘောမကျဘူး” ဟု ပြည်ပ ပို့ကုန်သွင်း ကုန်လုပ်ငန်းနှင့် စက်မှုပစ္စည်း အစိတ်အပိုင်းများ ပြည်တွင်း၌ ထုတ်လုပ်သူ ဦးစိုးအောင်မြင့်က မှတ်ချက်ပေး သည်။

၁၉၈၅ ခုနှစ်က စတင်တည်ထောင်ခဲ့သော Coal India Limited သတ္တုနှင့် ကျောက်မီးသွေး ထုတ်လုပ်ရေးကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျောက်မီးသွေး ထုတ်လုပ်သူဖြစ်ပြီး အိန္ဒိယအစိုးရ က ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ အိန္ဒိယတစ်နိုင်ငံလုံး ကျောက်မီးသွေး ထွက်ရှိမှုပမာဏ၏ ၈၅ ရာခိုင်နှုန်း ထုတ်လုပ်နေသည်။

ကျောက်မီးသွေးထုတ်လုပ်ရုံ သက်သက်ဖြင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်သော်လည်း မြန်မာနိုင်ငံအတွင်းရှိ အဓိက ကျောက်မီးသွေးသိုက်ဖြစ်သော ကလေးဝမှ ထုတ်ယူလျှင် သိုက်တည်ရှိမှု နယ်မြေအနေအထားနှင့် ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု စရိတ်စကတို့ကြောင့် မဖြစ်နိုင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား အထွေထွေ မန်နေဂျာ ဦးစောမိုးမြင့်က ပြောကြားသည်။

“Export လုပ်ချင်ရင် နယ်စပ်နဲ့နီးတဲ့နေရာတွေ ဥပမာ- မောတောင်လို နေရာတွေမှာ ထုတ်မှရမယ်” ဟု ၎င်းကဆိုသည်။

ကျောက်မီးသွေး ထုတ်လုပ်ရန်နှင့် ပတ်သက်၍ ပြည်တွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး ပညာရှင်များ ထုတ်ဖော်ပြောဆိုလေ့ မရှိသော်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။
The Voice Weekly

No comments:

Post a Comment