Thursday 18 July 2013

၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါကNLD နိုင်မည်၊ သမ္မတဖြစ်ရေး တားဆီးထားသည့် ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေး ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါက NLD နိုင်မည်ဖြစ်ပြီး သမ္မတဖြစ်ရေးတားဆီးထားသည့် ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများနှင့် လွှတ်တော်
တွင်တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအား ပြောကြားခဲ့သည်။
၂၀၁၅ခုနှစ် ရွှေးကောက်ပွဲကို အတတ်နိုင်ဆုံး သန့် ရှင်းမျှတ သည့် ရွှေးကောက်ပွဲ ဖြစ် ရန် ဖေါ်ဆောင်ပေး မည်ဟုပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် လေ့လာရေး လာရောက်သော သတင်းမီဒီယာသမား များ နှင့်တွေ့ ဆုံစဉ်ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို မည်သူက နိုင်မည်ဆိုသည်ကို ပိတ်ကားပေါ်တွင် ဆက်လက်ကြည့်ရှူပါရန် ပြန်လည်ပြောကြားခဲ့ပြီး၊မိမိသည် ယှဉ်ပြိုင်ရသည်ကို နှစ်သက်ကြောင်း၊ ဧရာဝတီတိုင်း တိုင်းမှုးဖြစ်စဉ်က ပြိုင်လျှင်နိုင်ရမည်ဆိုသော ဆောင်ပုဒ်ကို လက်ကိုင် ထားကြောင်း သို့ သော် လက်အောက်ငယ်သားများက နိုင်လျှင်ပြီးရော လုပ်ဆောင်မှာကို စိုးရိမ်သည့် အတွက် " ရိုးရိုးသားသားယှဉ်ပြိုင်နိုင်အောင်ကြိုးစား " ဟူသောဆောင်ပုဒ်ကို လမ်းညွှန်ခဲ့ကြောင်း ပြော ကြား ခဲ့ သည်။

ထို့နောက် ဆက်လက်၍ ၂၀၁၅ခုနှစ် ရွေးေ ကာက်ပွဲအထိ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်းမရှိပါက မည်ကဲ့သို့ ဆောင်ရွက်မည်ကို မီဒီယာများကမေးမြန်ရာ ဒေါ်အောင်ဆန်းစုကြည်က တံခါးပိတ်သည့် နိုင်ငံ ရေးကို အယုံအကြည်မရှိကြောင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်ဆုံးအချိန်ထိ တံခါးဖွင့် ထားကြောင်း မျှော်လင့်ချက် သက်သက်မဟုတ်ပဲ အလုပ်သဘောပါရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပုံနှိပ်နှင့်ထုတ်ဝေရေး ဥပဒေကြမ်းကို ကန့်ကွက် ကြသည်ကို ယခုမှသိရှိကြောင်း ပြ ည်သူ့ လွှတ်တော်တွင် အတည်ပြုထားသော်လည်း လွှတ်တော်က ပြည် သူ များ အကျိုး ပြုသည့် ဥပဒေကိုသာပြ ဌာန်းကြောင်း အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်၍ မီဒီယာများ အနေဖြင့်ကော်မတီများတွင် လာရောက်ဆွေးနွေး နိုင်ကြောင်း ၎င်းကပြောကြားခဲ့ သည်။
စိုင်းနောင်
Popular Myanmar News Journal

No comments:

Post a Comment