Thursday 18 July 2013

အနောက် ဘက် ကမ်းခြေ ထောက်ပံ့မှု ရပ်သည့် ဥရောပ သမဂ္ဂ စည်းမျဉ်း သစ် အစ္စရေး ရှုတ်ချ

Photo: အနောက်ဘက်ကမ်းခြေ ထောက်ပံ့မှုရပ်သည့် ဥရောပသမဂ္ဂ စည်းမျဉ်းသစ် အစ္စရေး ရှုတ်ချ
Thursday, July 18, 2013

ဥရောပသမဂ္ဂက အစ္စရေးကို ထောက်ပံ့မှုပေးရာတွင် ၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးတို့ သိမ်းထားသော အရှေ့ဂျေရုဆလင်၊ အနောက်ဘက် ကမ်းခြေ စသော နယ်မြေများရှိ အစ္စရေး စီမံကိန်းများကို ဖယ်ထုတ်လိုက်ခြင်းအပေါ် အစ္စရေးက ပြစ်တင် ရှုတ်ချလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြ ထားသည်။

၂၀၁၄ ခုနှစ်တွင် စတင် အသက်ဝင်မည့် ဥရောပသမဂ္ဂ၏ စည်းမျဉ်း အသစ်အရ ဥရောပ သမဂ္ဂက အစ္စရေးကို ထောက်ပံ့မှုများ ပေးရာတွင် အရှေ့ ဂျေရုဆလင်၊ အနောက်ဘက် ကမ်းခြေ၊ ဂါဇာကမ်းမြောင်နှင့် ဂိုလန်ကုန်းမြင့်တို့ရှိ အစ္စရေး ပရောဂျက်များကို ပေးအပ်မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ အဆိုပါ စည်းမျဉ်းသစ်သည် တကယ့် အမှား ကြီးဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ဥရောပသမဂ္ဂ ဘက်လိုက်မှုမရှိ ဟူသည့် ကိစ္စကို သံသယဖြစ်စေကြောင်း အစ္စရေးဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးနှင့် စွမ်းအင်နှင့် ရေ အရင်းအမြစ်ရေးရာ ဝန်ကြီး စလိဗန်ရှာလွန်က ပြောကြားသည်။

ဥရာပသမဂ္ဂ၏ စည်းမျဉ်းသစ်အရ အစ္စရေးသို့ ပေးအပ်နေသော ထောက် ပံ့ငွေများ၊ ဆုကြေးများနှင့် အထောက်အပံ့ ချေးငွေများ ပေးအပ်ရာတွင် အထက်ပါဒေသ လေး နေရာအတွက် အသုံးပြုခွင့်ပေး မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ အဆိုပါ လုပ်ရပ်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အတွက် အထောက်အကူ မပြုကြောင်း အစ္စရေးက ဒေါသတကြီး တုံ့ပြန် ပြောကြားသော်လည်း ယင်းလုပ်ရပ်သည် အပြု သဘောဆောင်သော ခြေလှမ်း ဖြစ်သည်ဟု ပါလက်စတိုင်းက ပြောကြား သည်။

“ဥရောပ သမဂ္ဂကတော့ အမှားကြီးတစ်ခု ထပ်လုပ်လိုက်တာပါ။ သူတို့ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့နေရာက ပါဝင်ချင်ပေမယ့် သဘောထား မျှတမှု မရှိတဲ့ အတွက် သူတို့အနေနဲ့ အရေး ပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထပ်မံပြလိုက်တာ ပါပဲ” ဟု အစ္စရေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးနှင့် စွမ်းအင်နှင့် ရေ အရင်း အမြစ်ရေး ရာ ဝန်ကြီး စလိဗန်ရှာလွန်က ပြောကြားသည်။

ပါလက်စတိုင်းသည် အရှေ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်၍ အနောက်ဘက် ကမ်းခြေနှင့် ဂါဇာကမ်းမြှောင် ဒေသတို့ ပါဝင်သော နိုင်ငံ တစ်ခု တည်ထောင်ရန် လိုလားလျက် ရှိသည်။

အနောက်ဘက် ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်ရှိ အစ္စရေးက တည်ဆောက်နေသော အိမ်ရာ ၁၁၀ ခန့်တွင် ဂျူးလူမျိုး ငါးသိန်း ခန့် နေထိုင်လျက် ရှိသည်။

အဆိုပါ အိမ်ရာများမှာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဟု ယူဆထားသော်လည်း အစ္စရေးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ လက်ခံခြင်း မရှိပေ။
The Voice Weekly
ဥရောပသမဂ္ဂက အစ္စရေးကို ထောက်ပံ့မှုပေးရာတွင် ၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးတို့ သိမ်းထားသော အရှေ့ဂျေရုဆလင်၊ အနောက်ဘက်ကမ်းခြေစသောနယ်မြေများရှိ အစ္စရေးစီမံကိန်းများကို ဖယ်ထုတ်
လိုက်ခြင်းအပေါ် အစ္စရေးက ပြစ်တင်ရှုတ်ချလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။၂၀၁၄ ခုနှစ်တွင်စတင် အသက်ဝင်မည့် ဥရောပသမဂ္ဂ၏ စည်းမျဉ်းအသစ်အရ ဥရောပသမဂ္ဂက အစ္စရေး ကို ထောက်ပံ့မှုများ ပေးရာတွင် အရှေ့ ဂျေရု ဆလင်၊ အနောက်ဘက် ကမ်းခြေ၊ ဂါဇာကမ်းမြောင်နှင့် ဂိုလန် ကုန်းမြင့် တို့ရှိ အစ္စရေး ပရောဂျက်များကို ပေးအပ်မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ အဆိုပါ စည်းမျဉ်းသစ်သည် တကယ့် အမှား ကြီးဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ဥရောပသမဂ္ဂ ဘက်လိုက်မှုမရှိ ဟူသည့် ကိစ္စကို သံသယဖြစ်စေကြောင်း အစ္စရေးဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးနှင့် စွမ်းအင်နှင့် ရေ အရင်းအမြစ်ရေးရာ ဝန်ကြီး စလိဗန်ရှာလွန်က ပြောကြားသည်။

ဥရာပသမဂ္ဂ၏ စည်းမျဉ်းသစ်အရ အစ္စရေးသို့ ပေးအပ်နေသော ထောက် ပံ့ငွေများ၊ ဆုကြေးများနှင့် အထောက်အပံ့ ချေးငွေများ ပေးအပ်ရာတွင် အထက်ပါဒေသ လေး နေရာအတွက် အသုံးပြုခွင့်ပေး မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ အဆိုပါ လုပ်ရပ်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုကြောင်း အစ္စရေးက ဒေါသတကြီး တုံ့ပြန် ပြောကြားသော် လည်း ယင်းလုပ်ရပ်သည် အပြု သဘောဆောင်သော ခြေလှမ်း ဖြစ်သည်ဟု ပါလက်စတိုင်းက ပြောကြား သည်။

“ဥရောပ သမဂ္ဂကတော့ အမှားကြီးတစ်ခု ထပ်လုပ်လိုက်တာပါ။ သူတို့ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့နေရာက ပါဝင်ချင်ပေမယ့် သဘောထား မျှတမှု မရှိတဲ့ အတွက် သူတို့အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထပ်မံပြလိုက်တာ ပါပဲ” ဟု အစ္စရေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးနှင့် စွမ်းအင်နှင့် ရေအရင်းအမြစ်ရေးရာ ဝန်ကြီး စလိဗန်ရှာလွန် က ပြောကြားသည်။

ပါလက်စတိုင်းသည် အရှေ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်၍ အနောက်ဘက် ကမ်းခြေနှင့် ဂါဇာကမ်းမြှောင် ဒေသတို့ ပါဝင်သော နိုင်ငံ တစ်ခု တည်ထောင်ရန် လိုလားလျက် ရှိသည်။

အနောက်ဘက် ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်ရှိ အစ္စရေးက တည်ဆောက်နေသော အိမ်ရာ ၁၁၀ ခန့်တွင် ဂျူးလူမျိုး ငါးသိန်းခန့် နေထိုင်လျက် ရှိသည်။ အဆိုပါ အိမ်ရာများမှာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဟု ယူဆထားသော်လည်း အစ္စရေးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ လက်ခံခြင်း မရှိပေ။
The Voice Weekly

No comments:

Post a Comment