Thursday 18 July 2013

ရန်ကုန်နှင့် မန္တလေး ရှိ ကြက် ဘဲဈေးများ တွင် ကြက်ငှက် တုပ်ကွေး H7N9 ရှိမရှိ စစ်ဆေး မည်

Photo: ရန်ကုန်နှင့်မန္တလေးရှိ ကြက်ဘဲဈေးများတွင် ကြက်ငှက်တုပ်ကွေး H7N9 ရှိမရှိ စစ်ဆေးမည်

Thursday, 18 July 2013 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် H7N9 ရှိမရှိ ရန်ကုန်နှင့် မန္တလေးရှိ ကြက်ဘဲဈေးများတွင် ယခုလ နောက်ဆုံး
ပတ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

စစ်ဆေးရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့
လာရေး ဌာနစိတ်နှင့် FAO အဖွဲ့တို့ ပူးပေါင်းကွင်းဆင်း စစ်ဆေးမည်ဖြစ်ပြီး
 ဈေးများအတွင်း ရောင်းချနေသည့် ကြက်နှင့်အခြား ကြက်ထွက်ပစ္စည်း
များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် မတ်လနှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှု ရှိမရှိ သိရှိနိုင်ရန် မြန်မာ-တရုတ် နယ်စပ်ဒေသများရှိ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများအား သုတေသနပြု စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သုတေသန ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ သိန္ဓီ၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက်ပစ္စည်း ၅၀၀ ကျော်ကို နမူနာယူကာ ရန်ကုန်
တိုင်းဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊တိရစ္ဆာန်ရောဂါရှာဖွေရေး
ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးမှု ရလဒ်
များအရ ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 ကို မတွေ့ရှိရကြောင်း
သိရသည်။

ပြည်တွင်း၌ အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါပိုး မျိုးစိတ်သစ်များ ဖြစ်ပွားမှု မတွေ့ရှိရသော်လည်း ကြက်မွေးမြူရေးခြံများ၌ ပုံမှန်မဟုတ်သည့် ကြက်သေ
ဆုံးမှုများ တစ်နှစ်ပတ်လုံး ဖြစ်ပွားမှု ရှိနေကြောင်းနှင့် သေဆုံးမှုများသည် အများအားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်း
ကျရောဂါနှင့် ကြက်များအပူမိခြင်း (အပူရှိန် ရုတ်တရက်ပြောင်းလဲမှု) ကြောင့်
 သေဆုံးနေခြင်းများ အများဆုံးဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။

eleven media group 
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် H7N9 ရှိမရှိ ရန်ကုန်နှင့် မန္တလေး ရှိ ကြက်ဘဲဈေးများတွင် ယခုလ နောက်ဆုံးပတ်အတွင်း စစ်ဆေးသွား မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
စစ်ဆေးရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်နှင့် FAO အဖွဲ့တို့ ပူးပေါင်းကွင်းဆင်း စစ်ဆေးမည်ဖြစ်ပြီး ဈေးများအတွင်း ရောင်းချနေသည့် ကြက်နှင့်အခြား ကြက်ထွက် ပစ္စည်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် မတ်လနှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် H7N9 ကြက်ငှက် တုပ်ကွေး ရော ဂါမျိုးစိတ်သစ် ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှု ရှိမရှိ သိရှိနိုင်ရန် မြန်မာ-တရုတ် နယ်စပ်ဒေသများရှိ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများအား သုတေသနပြု စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သုတေသန ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ သိန္ဓီ၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက်ပစ္စည်း ၅၀၀ ကျော်ကို နမူနာယူကာ ရန်ကုန်တိုင်းဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးမှု ရလဒ်များအရ ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 ကို မတွေ့ရှိရကြောင်း သိရသည်။

ပြည်တွင်း၌ အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါပိုး မျိုးစိတ်သစ်များ ဖြစ်ပွားမှု မတွေ့ရှိရသော်လည်း ကြက်မွေးမြူရေးခြံများ၌ ပုံမှန်မဟုတ်သည့် ကြက်သေဆုံးမှုများ တစ်နှစ်ပတ်လုံး ဖြစ်ပွားမှု ရှိနေကြောင်းနှင့် သေဆုံးမှုများသည် အများအားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျရောဂါနှင့် ကြက်များအပူမိခြင်း (အပူရှိန် ရုတ်တရက်ပြောင်းလဲမှု) ကြောင့် သေဆုံးနေခြင်းများ အများဆုံးဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။
eleven media group

No comments:

Post a Comment