Thursday 18 July 2013

ရွာလုံးကျွတ် အကျေမဆပ်နိုင်လျှင် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ်မပေးသည့် စနစ် အား ပြန်လည်ပြင်ဆင်

Photo: ရွာလုံးကျွတ် အကျေမဆပ်နိုင်လျှင် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ်
မပေးသည့် စနစ်အား ပြန်လည်ပြင်ဆင်
Thursday, 18 July 2013

မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ရွာလုံးကျွတ် အကျေမဆပ်နိုင်ပါက မိုးစပါးချေးငွေ ထုတ်မပေးသည့် စနစ်ဟောင်း ပြန်လည်ပြင်ဆင်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဇူလိုင် ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ရွာလုံးကျွတ်ပြေကျေ
သည့် ရွာများကို ဦးစားပေးထုတ်ချေးနေကြောင်း၊ရွာလုံးကျွတ်မပြေကျေသေး
သည့် ကျေးရွာအုပ်စုများတွင် ချေးငွေအကျေဆပ်ပြီးသည့် တောင်သူလယ်သမားများကို အစုအဖွဲ့အလိုက် ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ
ထုတ်ချေးရာတွင် ရွာလုံးကျွတ်ပြေကျေသည့် ရွာများကို ဦးစားပေး ထုတ်ချေးနေကြောင်း၊ ရွာလုံးကျွတ် မပြေကျေသေးသည့် ကျေးရွာအုပ်စု
များတွင် ချေးငွေအကျေဆပ်ပြီးသည့် တောင်သူလယ်သမားများကို အစုအဖွဲ့အလိုက် ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း . . . . .

"ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးပေးပြီးပါပြီ။ မြို့နယ်ပေါင်း ၂၂၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၃၀၈၀၊ တောင်သူပေါင်း ၃၈၇၂၄၃ ဦးကို ထုတ်ချေးပေးထား
ပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို သီးနှံစိုက်ပျိုးချိန်အမီ ထုတ်ချေးနိုင်ရန်အတွက် ထုတ်ချေးသည့်ကာလကို သတ်မှတ်ထားကြောင်း၊ မိုးချေးငွေကို ဧပြီလမှ သြဂုတ်လ၊ ဆောင်းချေးငွေ
များကို စက်တင်ဘာလမှ ဒီဇင်ဘာလ၊ မိုးကြိုချေးငွေကို ဇန်န၀ါရီလနှင့်
ဖေဖော်ဝါရီလများတွင် ထုတ်ချေးနိုင်ရန်အတွက် ထုတ်ချေးမည့်ကာလ သတ်မှတ်ထားကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

eleven media group
မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ရွာလုံးကျွတ် အကျေမဆပ်နိုင်ပါက မိုးစပါးချေးငွေ ထုတ်မပေး သည့် စနစ်ဟောင်း ပြန်လည်ပြင်ဆင်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဇူလိုင် ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ပြောကြားသည်။
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ရွာလုံးကျွတ်ပြေကျေသည့် ရွာများကို ဦးစားပေး ထုတ်ချေးနေကြောင်း၊ရွာလုံးကျွတ်မပြေကျေသေးသည့် ကျေးရွာအုပ်စုများတွင် ချေးငွေအကျေဆပ်ပြီးသည့်   တောင်သူလယ်သမားများကို အစုအဖွဲ့အလိုက် ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ရွာလုံး ကျွတ်ပြေကျေသည့်ရွာများကို ဦးစားပေး ထုတ်ချေးနေကြောင်း၊ ရွာလုံးကျွတ် မပြေကျေသေး သည့် ကျေး ရွာ အုပ်စုများတွင် ချေးငွေအကျေဆပ်ပြီးသည့် တောင်သူလယ်သမားများကို အစုအဖွဲ့အလိုက် ဆက်လက် ထုတ်ချေးပေးမည်ဖြစ်ကြောင်း . . . . .

"ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးပေးပြီးပါပြီ။ မြို့နယ်ပေါင်း ၂၂၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၃၀၈၀၊ တောင်သူပေါင်း ၃၈၇၂၄၃ ဦးကို ထုတ်ချေးပေးထားပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို သီးနှံစိုက်ပျိုးချိန်အမီ ထုတ်ချေးနိုင် ရန်အတွက် ထုတ်ချေးသည့်ကာလကို သတ်မှတ်ထားကြောင်း၊ မိုးချေးငွေကို ဧပြီလမှ သြဂုတ် လ၊ ဆောင်းချေးငွေများကို စက်တင်ဘာလမှ ဒီဇင်ဘာလ၊ မိုးကြိုချေးငွေကို ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီ လများတွင် ထုတ်ချေးနိုင်ရန်အတွက် ထုတ်ချေးမည့်ကာလ သတ်မှတ်ထားကြောင်း ဒုတိယ၀န်ကြီး က ပြောကြားသည်။
eleven media group

No comments:

Post a Comment