Wednesday 24 July 2013

နျူးကလီးယားစက်ရုံက အခိုးငွေ့တွေ ထွက်လို့ စိုးရိမ်မကင်းဖြစ်ကြ

ဖူကူရှီးမားဒေသခံတွေကို ဆူနာမီနဲ့ ငလျင်လှုပ်ခဲ့တဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား အတွင်း တွေ့ရစဉ် (Credit: Reuters)


ဂျပန်နိုင်ငံ ​ဖူကူရှီးမား ​နျူးကလီးယားစက်ရုံကနေ ​အခိုးအငွေ့တွေ ​ထပ်မံထွက်ပေါ်လာတဲ့အတွက် ​စိုးရိမ် မကင်း ​ဖြစ်နေကြပါတယ်။
တပတ်အတွင်း ​နျူးကလီးယားစက်ရုံကနေ ​ဒုတိယအကြိမ် ​အခိုးအငွေ့တွေ ​ထပ်မံထွက်ပေါ်လာတာဖြစ် ပြီး ​ဒါဟာ ​စက်ရုံတွင်းက ​နေရာတစ်ခုမှာ ​ရေတွေ ​ဆူပွက်နေတာကြောင့် ​ဖြစ်မယ်လို့ ​ယူဆနေ ကြပါတယ်။
အဲဒီနျူးကလီးယားစက်ရုံဟာ ​ဂျပန်နိုင်ငံမှာ ​လှုပ်ခတ်ခဲ့တဲ့ ​မြေငလျင်နဲ့ ​ဆူနာမီကြောင့် ​ပျက်စီးသွားခဲ့ပြီး ​စက်ရုံမှာ ​ပေါက်ကွဲမှုတွေ ​မဖြစ်အောင် ​အမြဲတမ်းအေးအောင် ​လုပ်ဆောင်ထားပေမယ့် ​ခုလို ​ရေတွေ ဆူပွက်ပြီး အခိုးအငွေ့တွေ ​ထွက်နေတာကြောင့် ​နျူးကလီးယားစက်ရုံပိုင်ရှင် ​Tepco ​ကုမ္ပာဏီက ​စစ်ဆေး မှုတွေ ​လုပ်နေပါတယ်။
၂၀၁၁ ​ခုနှစ် ​ငလျင်လှုပ်ခတ်မှုကြောင့် ​ဖူကူရှီးမား ​နျူးကလီးယားစက်ရုံ ပျက်စီးပြီးနောက် ​ရေဒီယို ဓာတ်သတ္တိ ​ယိုစိမ့်မှုတွေဖြစ်ခဲ့ပြီး ​အနီးအနားပတ်ဝန်းကျင်မှာ​နေထိုင်သူ ​ထောင်နဲ့ချီကို ​နေ ရာပြောင်းရွှေ့ မှုတွေ လုပ်ခဲ့ရပါတယ်။ ​လူကိုအန္တရာယ်ပေးတဲ့ ​ရေဒီယိုဓာတ်သတ္တိယိုစိမ့်မှုကြောင့် ​စိုက်ပျိုးရေး လုပ် ငန်းတွေ ​ရပ်တန့်ခဲ့ရပြီး ​ခုအခါမှာ ​မြေအောက်ရေကတဆင့် ​ရေဒီယိုဓာတ်သတ္တိတွေဟာ ​ပစိဖိတ်ပင်လယ် သမုဒ္ဒရာထဲ ​ယိုစိမ့်စီးဝင်နေတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။
ရေဒီယိုဓာတ်သတ္တိယိုစိမ့်မှု ​လျော့ကျသွားအောင် ​ဖူကူရှီးမား ​နျူးကလီးယားစက်ရုံအမှုထမ်းတွေ ​လနဲ့ချီ ​ကြိုးစားခဲ့ပေမယ့် ​သမုဒ္ဒရာထဲ ​ယိုစိမ့်တာတွေ ​ရှိခဲ့တယ်လို့ ​ကုမ္ပဏီက ​ဝန်ခံ ​ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ​သမုဒ္ဒရာကို ​ထိခိုက်မှု ​အများကြီး ​ဖြစ်စေမှာ ​မဟုတ်ဘူးလို့ ​ပြောဆိုလိုက်ကြောင်းလည်း ​သိရ ပါတယ်။
ABC Radio

No comments:

Post a Comment