Wednesday 24 July 2013

ကော့မှူးမြို့နယ် စာကြည့်တိုက် ပြန်လည်ပြုပြင် လှူဒါန်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းတည်ထောင် ထားသော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်သော ရွေ့
လျား စာကြည့်တိုက် ဖွင့်ပွဲနှင့် ကော့မှူးမြို့နယ် စာကြည့်တိုက်ပြန်လည် မွမ်းမံလှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါဖွင့်ပွဲနှင့် လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေလည်း တက်ရောက်ရန်ရှိကြောင်း သိရသည်။ ရွေ့လျားစာကြည့်တိုက် ဘတ်စ်ကားအား ဂျပန်နိုင်ငံမှ လှူဒါန်း ပြီး  ခေတ်မီ ICT နည်းပညာများဖြင့် ရွေ့လျားစာကြည့်တိုက်ကို လုပ်ဆောင်ထားကြောင်းလည်း သိရသည်။ အိုင်စီတီ နည်းပညာများနှင့်ပတ်သက်၍ Global Technology Co.,Ltd မှ တာဝန်ယူ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment