Wednesday 24 July 2013

ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်လိုသည့် အချက်များအားလုံးကို ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ခွင့် မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ပြောကြား

ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြင်ဆင် လို သည့် အချက်များအားလုံးကို ဥပဒေကြမ်းကော် မတီက ပြင်ဆင်ခွင့် မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က "တစ်ဖက်မှာ ဥပဒေကြမ်းကော်မတီက ၀န်ကြီးဌာနနဲ့ သူတို့ဟာ ပလဲနံပသင့်စွာနဲ့ လုပ်သွားတာတွေ၊ သူတို့ချင်း သူတို့ချင်း တိုင်ပင်ထားတာတွေ ရှိတယ်။ သူတို့လည်း ပြောတယ်။  ပြစ်မှုပြစ် ဒဏ်တော်တော် ပြောထားပြီးပါပြီ။ ညှိထားပါပြီတဲ့။ ဘယ်တုန်းက ညှိထားတာလဲတော့ မသိဘူး။ ကျွန်တော် တို့ လုပ်ပိုင်ခွင့် စာမျက်နှာက စလိုက်တာ တတိယစာမျက်နှာကို ရောက်နေပြီ။ ရှေ့က ပြန်ပြင် ချင်တယ် ဆိုတာကို ပြင်လို့မရဘူးတဲ့" ဟု ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပယ်ဖျက်ပေးရန်အထိ ၎င်းအနေဖြင့် အဆိုတင်သွင်း ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ သို့သော် လွှတ်တော်တွင် ယင်းအချက် ကို နောက်ဆုတ်လိုက်သည့်အတွက် ဘာမှမလုပ်လိုက် ရခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပြစ်မှုပြစ်ဒဏ်များကို ပယ်ဖျက်ပေးရန် အထိသာ ပြောနိုင် ခဲ့ကြောင်းလည်း ဦးခိုင်မောင်ရည်က ပြောကြားသည်။

ဥပဒေကြမ်းကော်မတီအနေဖြင့် အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ဖိတ်ခေါ်ရာတွင် ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တစ်ခုလုံးအား ဖိတ်ခေါ်ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဦးသာတက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ပထမနေ့တွင် မီဒီယာနှင့် ပတ်သက်ပြီး ဘာမှမပြောခဲ့ကြောင်း၊ မပါသည့်အတွက် ၎င်းဘာသာ ပြင်ဆင်ချင်သည့် အချက်တစ်ချက် ထပြောရာတွင်ပင် ဥပဒေကြမ်းကော်မတီဝင် တစ်ဦးက ကန့်ကွက်ခဲ့ကြောင်းလည်း ၎င်းကပြောကြားသည်။

ဇူလိုင် ၂၄ ရက်တွင် စာနယ်ဇင်းကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် လည်း ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေး ကော် မတီမှ စာနယ်ဇင်းကောင်စီ၏ သဘောထား အမြင်များကို တစ်ထိုင်တည်း နားထောင်သွား မည် ဖြစ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ အနေဖြင့်လည်း ၎င်းတို့အား ပြင်ဆင်လိုသည့် အချက်များကို အသေးစိတ် ပေးစေလိုကြောင်း လည်း ဦးခိုင်မောင်ရည်က ပြောကြားသည်။

"တချို့ကိစ္စတွေကို ၀န်ကြီးဌာနက တာဝန်ရှိသူတွေကိုယ်တိုင် ရှိနေတုန်း ပြောသင့်တာတွေ ပြောရမယ်။ အပြင်မှာ ပြောနေကြတာတွေကို ကျွန်တော်တို့က အကုန်လုံးမကြားနိုင်ဘူး။ စာစောင်ထဲ ပါတာတွေ ကိုလည်း အကုန်လုံး မဖတ်နိုင်ခဲ့ဘူး။ စာနယ်ဇင်းကောင်စီ အနေနဲ့ ပြင်ချင်တဲ့ အချက်တွေကို အသေးစိတ် မသိရှိရဘူး" ဟု ဦးခိုင်မောင်ရည်က ဆိုသည်။
Eleven Media Group

No comments:

Post a Comment