Tuesday 9 July 2013

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထား

အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ရွှေတိဂုံ စေတီတော် တွင် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သိရှိရသည်။
လုံခြုံရေးတိုးမြှင့် ချထားမှုအား သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့ပူးပေါင်းကာ လုံခြုံရေး ချထား မည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိယူထားတဲ့ လုံခြုံရေးထက်ကို ပိုတိုးပြီးတော့ လုံခြုံရေးယူသွားမယ်။ ကျွန်တော်တို့ လုံခြုံရေးချထားဖို့ ကိစ္စကိုလည်း အစည်းအဝေးလုပ်ပြီး တိုင်ပင်ဆွေးနွေးနေပါတယ် ဟု ဂေါပကရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။
အဆိုပါ ဗုံးပါက်ကွဲမှုမှာ ဇူလိုင်လ (၇)ရက် နေ့တွင် ဗုံး(၈)လုံး အတွဲလိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဟန်း သံဃာတော် (၂)ပါးနှင့် လူ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လုံခြုံရေးယူဖို့ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူပြီးလုပ်နေတယ်။ အင်အားဘယ်လောက်တို့ ဘာတို့  ကတော့ မသိဘူး။ ရဲတပ်ဖွဲ့ရဲ့ အခြေခံအုပ်ချုပ်မှုအောက်ကနေပဲ လိုက်တာပါဟု ဂေါပကရုံးမှာ တာဝန်ရှိသူ တစ်ဦးကပြောသည်ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် ရဟန်းသံဃာတော်မှာ မြန်မာနိုင်ငံမှ စာလာသင်သော ဘုန်းကြီးတစ်ပါး၊ တိဘက်ဘုန်းကြီးတစ်ပါးနှင့် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မပါက်ကွဲသေးသော ဗုံး(၄) လုံးအား တွေ့ရှိခဲ့ကြောင်း အိန္ဓိယနိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်နှင့် အလားတူ မန္တလေးတိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော မဟာမြတ်မုနိဘုရားကြီး၊ စွယ်တော်မြတ်စေတီ၊ ပြင်ဦးလွင်ရှိ မဟာအံ့ထူးကံသာစေတီနှင့် တန်ခိုးကြီးဘုရားများတွင် ပေါက်ကွဲမှု မဖြစ်ပေါ်စေရန် တိုးမြှင့်ကာ လုံခြုံရေးချထားကြောင်း သိရသည်။
ဗုံးအတွဲလိုက်ဖောက်ခွဲခဲ့သည့် တရားခံအား အမြန်ဆုံးအရေးယူပေးရန် သီရိလင်္ကာ သမ္မတက အိန္ဒိယ အစိုးရ ထံ တောင်းဆိုထားကြောင်းကိုလည်း သိရှိရသည်။

From...မြစ်မခ

No comments:

Post a Comment