Monday 8 July 2013

ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်း အက်ဒ်ဝပ် စနိုဒန်အား လက်ထပ်ရန် ကမ်းလှမ်း

မော်စကို   ဇူလိုင်   ၇ အမေရိကန်အမျိုးသား အေဂျင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အက်ဒ်ဝပ်စနိုဒန် အား ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်းက လက်ထပ်ခွင့် ကမ်းလှမ်းခဲ့သည်။
ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်းသည် သူမ၏ တွစ်တာဝက်ဘ်ဆိုက်တွင် စနိုဒန်အနေဖြင့် မိမိကို လက်ထပ်နိုင်ခြင်း ရှိ၊ မရှိ ဇွန် ၂၃ ရက်မှစ၍ နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် တောင်းခံလျက် ရှိသည့်  စနိုဒန်အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရက စနိုဒန်၏ နိုင်ငံကူး က်မှတ်ကို ပယ်ဖျက်ခဲ့သည့် အတွက်  အမျိုးသား အေဂျင်စီ မှ ထောက်လှမ်းရေးဟောင်း စနိုဒန်သည် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Sheremetyevo  နိုင်ငံတ ကာ လေဆိပ်တွင် သောင်တင်လျက် ရှိကြောင်း ယူဆရသည်။
အန်နာ ချက်ပ်မန်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုက ဖမ်းဆီးခဲ့သော ရုရှားသူလျှို ၁ဝ ဦး အနက် တစ်ဦးဖြစ်ပြီး ယခုအခါ ရုရှား ရုပ်သံလိုင်းက ထုတ်လွှင့် ပြသ လျက်ရှိသောSecret of the World (ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များ) အစီအစဉ်တွင် ရုပ်သံ တင်ဆက်သူအဖြစ် နာမည် ကျော်ကြား လျက် ရှိသည်ဟု သိရသည်။
စနိုဒန်သည် ပြီးခဲ့သည့်လက ဟောင်ကောင်သို့ ထွက်ပြေးခဲ့ပြီး အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် ကမ္ဘာတစ်ဝန်းရှိ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများကို လျှို့ဝှက် ထောက် လှမ်း လျက်ရှိကြောင်း NSA ၏ အစီအစဉ်များကို ဖွင့်ချခဲ့သူ ဖြစ်သည်။ ယခုအခါ စနိုဒန်သည် ရုရှားနိုင်ငံ မော် စကိုမြို့ရှိ Sheremetyevo နိုင်ငံတကာ လေဆိပ်တွင် သောင်တင်လျက် ရှိကြောင်း အမေရိကန် အစိုးရက ယူဆလျက် ရှိသည်ဟု သိရသည်။

From....မြ၀တီ

No comments:

Post a Comment