Wednesday 5 June 2013

မန္တလေးမြို့ တွင် စွန့် ပစ် အ မှိုက် မှ လျှပ် စစ် ဓါတ် အား ထုတ် လုပ် ရန် တင် ဒါခေါ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ် မှ နေ့စဉ်ထွက်ရှိနေသော စွန့်ပစ်အမှိုက်များအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် အကျိုးတူ ပူးပေါင်းလိုသော ကုမ္ပဏီများ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

စွန့်ပစ်အမှိုက်မှညေငအမေပူညေိငူ စံနစ်သုံး၍ မိသိန်းဓါတ်ငွေ့ ထုတ်ယူပြီးနောက် Sanitary Landfill ဖြင့်မောင်းနှင်ကာ လျှပ်စစ်ဓါတ်အားထုတ်ယူခြင်းစီမံကိန်း စွန့်ပစ်အမှိုက်မှ သင့်လျော်သော နည်းလမ်းများကို အသုံးပြု၍ မိသိန်းဓါတ်ငွေ့ ထုတ်ယူပြီး Compressed Bio Methane ပြုလုပ်ကာ (၉၈ရာခိုင်နှုန်း) သင့်တော်သောအငွေ့ရည်နှင့် ဓါတ်ငွေ့ထုတ်ယူခြင်း လုပ်ငန်းစီမံကိန်းတို့ လုပ်ဆောင် ရန်ဖြစ်သည်။

ယင်းအပြင် စွန့်ပစ်အမှိုက်မှ လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေသည့် အမှုန်အမွှားများ ကင်းစင်အောင်ဆောင် ရွက်နိုင်သည့် မီးရှို့စက် Incieration တည်ထောင်ခြင်းနှင့် ထွက်ရှိလာမည့် အပူမှ
တစ်ဆင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်းတို့ဖြစ်သည်ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် အရာရှိကပြောသည်။

မန္တလေးမြို့၏ စွန့်ပစ်အမှိုက်တန်ချိန်မှာ တစ်ရက်ကို တန်ချိန်ငါးရာမှ ခြောက်ရာကြားတွင်ရှိပြီး ထိုမှ မန္တလေးမြို့၏ လိုအပ်လျက်ရှိသော လျှပ်ဓါတ်အား ဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။

အကျိုးတူပူးပေါင်းလိုသော ပြည်တွင်းပြည်ပကုမ္ပဏီများသည် ဇူလိုင် ၂၆ ရက်မှ စတင်၍ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်မည်ဖြစ်သည် အသေးစိတ်သိရှိလိုသော ကုမ္ပဏီများသည် မန္တလေးမြို့တော်စည်ပင် သာရေးကော်မတီ သန့်ရှင်းရေးဌာန ဖုန်း ဝ၂ ၇၂ဝဝ၃ နှင့် ဝ၂ ၆၁၂၂၅ သို့ ဆက်သွယ်မေးမြန်း
နိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment