Wednesday 5 June 2013

အရေးပေါ်နှင့် မီးဖွားလူနာ ဆေးဝါးထောက်ပံ့ စရိတ် ယခုနှစ် တစ်ဆခွဲ ခန့် တိုးမည်

Photo: အရေးပေါ်နှင့် မီးဖွားလူနာ ဆေးဝါးထောက်ပံ့စရိတ် ယခုနှစ် တစ်ဆခွဲခန့် တိုးမည်
Wednesday, June 5, 2013

နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံတိုင်းရှိ အရေးပေါ်နှင့် မီးဖွားလူနာများကို သီးသန့် ဆေးဝါးထောက်ပံ့မှုများ ယခု ဘဏ္ဍာနှစ်အတွက် ဆက်လက် ပံ့ပိုး သွားရန် စီစဉ်နေသည့်အပြင် ဆေးဝါးဝယ်ယူစရိတ် တစ်ဆခွဲခန့် တိုးမြှင့်ပေးရန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့် က The Voice သို့ ပြောကြားသည်။

သက်ဆိုင်ရာ ဆေးရုံအုပ်များနှင့် အသုံးစရိတ် ခွဲဝေရေး အစည်းအဝေးကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလခန့်တွင် အဆိုပါ ဆေးဝါးများ စတင်ရရှိမည်ဟု ခန့်မှန်းကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးရုံမှာ ဆေးတွေကတော့ အခုထိ ရှိနေသေးတယ်။ အဲဒီလောက်ထိ ကြာမှာတော့ မဟုတ်ပါဘူး”ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီး ဒေါက်တာကျော်ကျော်က The Voice သို့ ပြောဆိုသည်။

လက်ရှိ ဦးစားပေးထားသော လူနာသုံးမျိုးတွင် အရေးပေါ်လူနာ၊ အရေးပေါ် ခွဲစိတ်လူနာနှင့် မီးဖွားလူနာတို့ ပါဝင်ပြီး ၎င်းတို့ထဲမှ ၉၀ ရာခိုင်နှုန်းကျော် သည် ဆေးဝါး အခမဲ့နီးပါး ရရှိကြကြောင်း ဒေါက်တာ မင်းသန်းညွန့် ၏ ပြောကြားချက်အရ သိရသည်။

သို့သော် လက်ရှိ ဆေးဝါးထောက်ပံ့မှုစနစ်တွင် အရေးပေါ်လူနာတိုင်း အတွက် ဆေးဝါးကုန်ကျစရိတ်များ ကျန်ရှိနေသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဆေးအမျိုးအစားပေါ် ရောဂါ အမျိုးအစားပေါ် မူတည်လိမ့်မယ်။ ပုံမှန် ကတော့ လူနာတစ်ယောက် မရှိမဖြစ်၊ မသုံးမဖြစ် ဆေးတွေပဲ သုံးတာပါ” ဟု ဒေါက်တာ မင်းသန်းညွန့်က ဆိုသည်။

နိုင်ငံတော်အစိုးရက ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်များအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၆၇,၉၇၀ ဒသမ ၃၇၅ သန်း တိုးမြှင့်ပေးခဲ့ရာမှ ကျပ်သန်း ၁၅၄,၄၃၅ ဒသမ ၀၉၃ ကို ဆေးနှင့်ဆေး ပစ္စည်းများ ဝယ်ယူရေး၊ ကျန်းမာရေးဝန်ထမ်းများခန့်ထားရေးနှင့်ဆေးရုံပြန် လည် ပြင်ဆင်ရေးအတွက် ချပေးခဲ့သည်။

The Voice Weekly 
 နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံတိုင်းရှိ အရေးပေါ်နှင့် မီးဖွားလူနာများကို သီးသန့် ဆေးဝါးထောက်ပံ့မှုများ ယခု ဘဏ္ဍာနှစ်အတွက် ဆက်လက် ပံ့ပိုး သွားရန် စီစဉ်နေသည့်အပြင် ဆေးဝါးဝယ်ယူစရိတ် တစ်ဆခွဲခန့် တိုးမြှင့်ပေးရန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့် က The Voice သို့ ပြောကြားသည်။

သက်ဆိုင်ရာ ဆေးရုံအုပ်များနှင့် အသုံးစရိတ် ခွဲဝေရေး အစည်းအဝေးကို ယခုလအတွင်း ပြုလုပ် သွားမည် ဖြစ်ပြီး လာမည့် စက်တင်ဘာလခန့်တွင် အဆိုပါ ဆေးဝါးများ စတင်ရရှိမည်ဟု ခန့်မှန်းကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးရုံမှာ ဆေးတွေကတော့ အခုထိ ရှိနေသေးတယ်။ အဲဒီလောက်ထိ ကြာမှာတော့ မဟုတ်ပါဘူး”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီး ဒေါက်တာကျော်ကျော်က The Voice သို့ ပြောဆိုသည်။

လက်ရှိ ဦးစားပေးထားသော လူနာသုံးမျိုးတွင် အရေးပေါ်လူနာ၊ အရေးပေါ် ခွဲစိတ်လူနာနှင့် မီးဖွားလူနာတို့ ပါဝင်ပြီး ၎င်းတို့ထဲမှ ၉၀ ရာခိုင်နှုန်းကျော် သည် ဆေးဝါးအခမဲ့နီးပါးရရှိကြကြောင်း ဒေါက်တာ မင်းသန်းညွန့် ၏ ပြောကြားချက်အရ သိရသည်။

သို့သော် လက်ရှိ ဆေးဝါးထောက်ပံ့မှုစနစ်တွင် အရေးပေါ်လူနာတိုင်း အတွက် ဆေးဝါးကုန်ကျစရိတ်များ ကျန်ရှိနေသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဆေးအမျိုးအစားပေါ်ရောဂါအမျိုးအစားပေါ် မူတည်လိမ့်မယ်။ ပုံမှန် ကတော့ လူနာတစ်ယောက် မရှိမဖြစ်၊ မသုံးမဖြစ် ဆေးတွေပဲ သုံးတာပါ” ဟု ဒေါက်တာ မင်းသန်းညွန့်က ဆိုသည်။

နိုင်ငံတော်အစိုးရက ကျန်းမာရေးဝန်ကြီးဌာနအသုံးစရိတ်များအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ငွေ ကျပ် သန်းပေါင်း ၃၆၇,၉၇၀ ဒသမ ၃၇၅ သန်း တိုးမြှင့်ပေးခဲ့ရာမှ ကျပ်သန်း ၁၅၄,၄၃၅ ဒသမ ၀၉၃ ကို ဆေးနှင့်ဆေး ပစ္စည်းများ ဝယ်ယူရေး၊ ကျန်းမာရေးဝန်ထမ်းများခန့်ထားရေးနှင့်ဆေးရုံပြန် လည် ပြင် ဆင်ရေးအတွက် ချပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment