Wednesday 5 June 2013

ရိုဟင်ဂျာများကို လက်ခံမည့် တတိယနိုင်ငံမရှိ

နယူးဒေလီ (မဇ္ဈိမ)။   ။ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိ လာကြသော ရိုဟင်ဂျာ ၂,၀၀၀ ခန့်အား ခေါ်ယူလက်ခံမည့် တတိယနိုင်ငံ ရှာဖွေမရနိုင်ဖြစ်နေကြောင်း ထိုင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။
“သူတို့ကို ခေါ်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့ တတိယနိုင်ငံ မရှိ ဖြစ်နေပါတယ်။ ဒီနိုင်ငံတွေ စိုးရိမ်နေတာက တသုတ်ကို လက်ခံလိုက်ရင် နောက်ထပ် သောင်းနဲ့ သိန်းနဲ့ချီပြီး လိုက်လာကြမှာကိုပါ” ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Manasvi Srisodapol အား ကိုးကား၍ AFP သတင်း တရပ် တွင် ရေးသားထားသည်။

အဆိုပါ ရိုဟင်ဂျာများမှာ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် လနှင့်ချီကာ ကြပ်တည်းစွာ နေထိုင်ကြရ၍ ပိုမိုအဆင်ပြေစေရေးအတွက် ထိုင်းအစိုးရက ဆွေးနွေးညှိနှိုင်း အဖြေရှာလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။

ယခုနှစ်ဆန်းပိုင်းက ရောက်ရှိလာသော ၎င်းတို့အား လက်ခံလိုသည့် အခြားနိုင်ငံများကို ရှာဖွေရန် UNHCR နှင့် ပူးပေါင်းလုပ်ဆောင်နေစဉ် ၆ လတာ ကာလအတွင်း ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ပြုမည်ဟု ထိုင်းအာဏာပိုင်များက ကနဦး ပြောဆိုထားခဲ့သည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ Vivian Tan ကမူ အကောင်းဆုံးအခြေအနေမှာ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းမှု ပြန်ရသည့်အခါသူတို့အိမ်ကို ပြန်နိုင်ကြမည်ဖြစ်သော်လည်း ၎င်းမှာလောလောဆယ် ဖြစ်နိုင်ခြေ မရှိသေးကြောင်း ဝန်ခံသည်။
 
Mizzima

No comments:

Post a Comment