Sunday 26 May 2013

နာဂစ် ဘိုးဘွား ရိပ်သာ ခေတ်သစ် ဘိက္ခုမာတာ ဦးစီး တည်ဆောက်နေ


ဧရာဝတီတိုင်းဖျာပုံခရိုင် ဘိုကလေးမြို့ နယ်ကဒုံကနိကျေးရွာမှာ နာဂစ်ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ဖို့ အတွက်ခေတ်သစ် ဘိက္ခုမာတာလို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။

နာဂစ်ဘိုးဘွားရိပ်သာအတွက် ကဒုံကနီရွာနေ မြေအလှူရှင် ဦးရှမ်းအောင်မြင့်နဲ့ မိသားစုက မြေ ၆ ဧက လှူဒါန်းထားပြီး ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတော့ အုတ်မြစ်ချပန္နတင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ပါတယ်။


နာဂစ် ဘိုးဘွားရိပ်သာဖြစ်မြောက်ဖို့ ထိုင်းနိုင်ငံဘန်ကောက်မြို့က ကူညီရေးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အောင်သပြေကျောင်းဆရာတော်  ဦးဇောတိကက အလှူငွေ ၁၃ သိန်းကျပ်၊ ဘန်ကောက်၊  မဟာချိုင်မှာ ရွှေတွံတေးဆရာတော်က အလျူငွေ ၁၀ သိန်းကျပ်၊ မဲဆောက်မှ ဦးစန္ဒေ  ဘာသာက အလှူငွေ ၅ သိန်းကျပ်၊ ကျေးရွာမှ စေတနာရှင်တွေ စုပေါင်းလှူဒါန်းငွေ ၃ သိန်းကျော်၊ စုစုပေါင်း ကျပ်သိန်း ၃၀ ကျော်နဲ့ မတည်ပြီး စတင် တည်ဆောက်နေတာဖြစ်ပါတယ်။

နာဂစ်ဘိုးဘွားရိပ်သာတည်ဆောက်ရေးနဲ့ပတ်သက်ပြီး စေတနာရှင်တွေအနေနဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင်       
 ဒေါ်ရှုနဲ့ လည်း သိရပါတယ်။


ဧရာဝတီblog

No comments:

Post a Comment