Sunday 26 May 2013

ဖိလစ်ပိုင် ရေပိုင်နက်အတွင်း တရုတ် စစ်သင်္ဘောများ ကျုးကျော် ၀င်ရောက်နေမှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားများ

Photo: ဖိလစ်ပိုင် ရေပိုင်နက်အတွင်း တရုတ် စစ်သင်္ဘောများ ကျုးကျော် ၀င်ရောက်နေမှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားများ

တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင် ရေတပ်မှ သိမ်းပိုက်ထားသည့် Ayungin ကျွန်း ( Second Thomas ကျွန်း) အနီး
တရုတ် စစ်သင်္ဘော တစ်စင်းနှင့် ရေကြောင်း စောင့်ကြည့် လေ့လာရေး သင်္ဘောနှစ်စင်းတို့ တရားမ၀င် ၀င်ရောက် နေခြင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ရှိ တရုတ် သံရုံးရှေ့တွင် ဖိလစ်ပိုင် နိုင်ငံသားများ ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
 
ယမန်နှစ်က  တရုတ် အစိုးရ အနေဖြင့် ဖိလစ်ပိုင် အစိုးရမှ တောင်းဆိုထား သည့် ကျွန်းတစ်ကျွန်းအား သိမ်းပိုက်ခဲ့ပြီး ယခုတွင်လည်း Ayungin ကျွန်းနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ရေပိုင်နက် အငြင်းပွားမှုမှာ ဖြေရှင်းမရဘဲ ယခုကဲ့သို့ ပဋိပက္ခမှာ ပိုမိုကြီးထွားသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။

 ၁၉၉၀ ပြည့် နှစ်လယ်ပိုင်းကတည်းက ဖိလစ်ပိုင် စစ်တပ် တပ်စွဲထားသည့် အဆိုပါ Second Thomas ကျွန်းသည် ဖိလစ်ပိုင် အစိုးရပိုင် Palawan ကျွန်းနှင့် ကီလိုမီတာ (၂၀၀) အကွာ၊  Spratly ကျွန်းစုအနီးတွင် တည်ရှိပြီး ယခင်က ဖိလစ်ပိုင် အစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိသော Mischief ကျွန်းနှင့်လည်း အလွန် နီးကပ်စွာ တည်ရှိကြောင်း သိရှိရသည်။ 

ဖိလစ်ပိုင် နိုင်ငံသားများ အနေဖြင့် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများအား မေလ (၁၀) ရက်နေ့ ကတည်းက စတင် ပြုလုပ်ခဲ့သော်လည်း ယခုထိတိုင် တရုတ် အစိုးရဘက်မှ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Raul Hernandez က ပြောကြားခဲ့သည်။
 
Source: AFP
MRTV4
တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင် ရေတပ်မှ သိမ်းပိုက်ထားသည့် Ayungin ကျွန်း ( Second Thomas ကျွန်း) အနီး တရုတ် စစ်သင်္ဘော တစ်စင်းနှင့် ရေကြောင်း စောင့်ကြည့် လေ့လာရေး သင်္ဘောနှစ်စင်းတို့ တရားမ၀င် ၀င်ရောက် နေခြင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ရှိ တရုတ် သံရုံးရှေ့တွင် ဖိလစ်ပိုင် နိုင်ငံသားများ ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ ယမန်နှစ်က တရုတ် အစိုးရ အနေဖြင့် ဖိလစ်ပိုင် အစိုးရမှ တောင်းဆိုထား သည့် ကျွန်းတစ်ကျွန်းအား သိမ်းပိုက်ခဲ့ပြီး ယခုတွင်လည်း Ayungin ကျွန်းနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ရေပိုင်နက် အငြင်း ပွားမှုမှာ ဖြေရှင်းမရဘဲ ယခုကဲ့သို့ ပဋိပက္ခမှာ ပိုမိုကြီးထွားသည့် အနေအထားသို့ ရောက်ရှိ လာခဲ့သည်။

၁၉၉၀ ပြည့် နှစ်လယ်ပိုင်းကတည်းက ဖိလစ်ပိုင် စစ်တပ် တပ်စွဲထားသည့် အဆိုပါ Second Thomas ကျွန်းသည် ဖိလစ်ပိုင် အစိုးရပိုင် Palawan ကျွန်းနှင့် ကီလိုမီတာ (၂၀၀) အကွာ၊ Spratly ကျွန်းစုအနီးတွင် တည်ရှိပြီး ယခင်က ဖိလစ်ပိုင် အစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိသော Mischief ကျွန်းနှင့်လည်း အလွန် နီးကပ်စွာ တည်ရှိကြောင်း သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံသားများ အနေဖြင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများအား မေလ (၁၀) ရက်နေ့ ကတည်းက စတင် ပြုလုပ်ခဲ့သော်လည်း ယခုထိတိုင် တရုတ် အစိုးရဘက်မှ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Raul Hernandez က ပြောကြားခဲ့သည်။

Source: AFP
MRTV4

No comments:

Post a Comment