Sunday 26 May 2013

ဆေးလိ ပ်နှင့် ဆေး ရွက်ကြီး နည်း ဥပဒေ ယခုနှစ် ထွက် ဖွယ်ရှိ

Photo: ဆေးလိပ်နှင့် ဆေးရွက်ကြီး နည်းဥပဒေ ယခုနှစ်ထွက်ဖွယ်ရှိ
Sunday, May 26, 2013

ပြဋ္ဌာန်းပြီးနောက် ခုနစ်နှစ်ကြာ အသက်မဝင်ခဲ့သော ဆေးလိပ်နှင့် ဆေးရွက် ကြီး ထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ နည်း ဥပဒေကို ယခုနှစ်အတွင်း အပြီးသတ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံ ကျန်းမာ) .aဒါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

အဆိုပါနည်းဥပဒေ မရှိသည့်အတွက် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်နိုင် သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေပညာရှင် များနှင့် တိုင်ပင်ကာ ရေးဆွဲရခြင်း ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။
“အခုထိ ဥပဒေထဲက အချက်တော် တော်များများကို လက်တွေ့အကောင် အထည် မဖော်နိုင်သေးဘူး”ဟု ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ကြီး ဌာနများနှင့် အများနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်မသောက်သုံးရန် နေရာများ သတ်မှတ်ထားသော်လည်း လိုက်နာမှု မရှိသေးသည့်အတွက် သေချာ ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း ၄င်း၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် နိုင်ငံအသီးသီးမှ အစိုးရ များသည် ဆေးရွက်ကြီးထွက်ပစ္စည်းများ ကုန်သွယ်ရာမှ ရရှိသော အခွန်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းလျက် ရှိပြီး နှစ်စဉ် ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ အတွက် အခွန်ငွေနှစ်ဆမှ သုံးဆ ကျော်အထိ သုံးစွဲနေရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာ ညိုညိုကြိုင်က The Voice သို့ ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ဆေးလိပ်သောက် သုံးသူတွေရဲ့အချက်အလက်တွေနဲ့ ပတ်သက် ပြီး စာရင်းအတိအကျ မရှိပေမယ့် ကွမ်းစားတဲ့ သူအရေအတွက်က ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရောက်နေတယ်။ နှစ်တိုင်းလည်း ထပ်တိုးနေတာက တကယ့်စိုးရိမ်ရမယ့် အခြေအနေပါပဲ” ဟု ၄င်းကဆိုသည်။

၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း .aသာက်သုံးမှုထိန်းချုပ်ရေး ဥပဒေတွင် ကျူးလွန်သည့် ပြစ်မှု အလိုက် ငွေ ဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်နိုင်ပြီး ငွေဒဏ်အတွက် ကျပ် ၁၀၀၀ မှ ၂၀၀,၀၀၀ အထိသတ်မှတ်ထားသည်။

The Voice Weekly
ပြဋ္ဌာန်းပြီးနောက် ခုနစ်နှစ်ကြာ အသက်မဝင်ခဲ့သော ဆေးလိပ်နှင့် ဆေးရွက် ကြီး ထွက် ပစ္စည်းသောက်သုံး မှု ထိန်းချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ နည်း ဥပဒေကို ယခုနှစ်အတွင်း အပြီးသတ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံ ကျန်းမာ) .aဒါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

အဆိုပါနည်းဥပဒေ မရှိသည့်အတွက် အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်သောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ ရေးဆွဲရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား သည်။

“အခုထိ ဥပဒေထဲက အချက်တော် တော်များများကို လက်တွေ့အကောင် အထည် မဖော်နိုင်သေးဘူး ” ဟု ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ကြီး ဌာနများနှင့် အများနှင့် သက်ဆိုင်သော နေရာများ တွင် ဆေးလိပ် မသောက်သုံးရန် နေရာများ သတ်မှတ်ထားသော်လည်း လိုက်နာမှု မရှိသေးသည့်အတွက် သေချာ ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း ၄င်း၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် နိုင်ငံအသီးသီးမှ အစိုးရ များသည် ဆေးရွက်ကြီးထွက်ပစ္စည်းများ ကုန်သွယ်ရာမှ ရရှိသော အခွန်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းလျက် ရှိပြီး နှစ်စဉ် ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ အတွက် အခွန်ငွေနှစ်ဆမှ သုံးဆကျော်အထိ သုံးစွဲနေရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာ ညိုညိုကြိုင်က The Voice သို့ ပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ဆေးလိပ်သောက် သုံးသူတွေရဲ့အချက်အလက်တွေနဲ့ ပတ်သက် ပြီး စာရင်းအတိအကျ မရှိပေမယ့် ကွမ်းစားတဲ့ သူအရေအတွက်က ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရောက်နေတယ်။ နှစ်တိုင်းလည်း ထပ်တိုးနေတာက တကယ့်စိုးရိမ်ရမယ့် အခြေအနေပါပဲ” ဟု ၄င်းကဆိုသည်။

၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း .aသာက်သုံးမှုထိန်းချုပ်ရေး ဥပဒေတွင် ကျူးလွန်သည့် ပြစ်မှုအလိုက်ငွေဒဏ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်နိုင်ပြီး ငွေဒဏ်အတွက် ကျပ် ၁၀၀၀ မှ ၂၀၀,၀၀၀ အထိသတ်မှတ်ထားသည်။

The Voice Weekly

 

No comments:

Post a Comment