Sunday 19 May 2013

တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်



Photo: တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်
Saturday, May 18, 2013

မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၂၈ ခုအနက် ရခိုင်ပြည်နယ်တွင် လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဒုတိယအများဆုံး၊ မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှု တတိယမြောက် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း
 ဒေသကြီးတို့သည် ဆဋ္ဌမမြောက်လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း အဆိုပါစာရင်းများ အရ သိရသည်။

အဆိုပါလူသတ်မှုများတွင် ရခိုင်ပြည်နယ်တွင် ၁၉ကြိမ်၊ ပဲခူးတိုင်းဒေသကြီး တွင် ၁၇ ကြိမ် မန္တလေးမြို့နယ်တွင် ၁၆ ကြိမ် နှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ကိုးကြိမ်စီဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

မတ်လအတွင်းက လူသတ်မှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း
 ဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ယင်းဌာနချုပ်၏ စာရင်းများအရ သိရသည်။

ဒေါသကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်း၊ အရက်သေစာ သောက်စားထားသည့် အတွက် ဒေါသဖြစ်လွယ်ခြင်း တို့ကြောင့် အများဆုံးဖြစ်ပွားပြီး ပဋိပက္ခနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ရဲမှူးကြီး ဦးဝင်းစိန်က The Voice သို့
 ပြောကြားသည်။

လူသတ်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းသည် ဖြစ်ပေါ်လာသော စိတ်ခံစားချက်ကို မထိန်းသိမ်း နိုင်သောကြောင့် အများဆုံးဖြစ်ပွားပြီး အချို့မှာ ငွေကြေးအရှုပ်အရှင်းနှင့် နာကြည်းမှု များကြောင့် လူသတ်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးအောင်နိုင်(လက်ပံတန်း) က သုံးသပ်ပြောကြားသည်။

လူသတ်မှု အပါအဝင် အမှုကြီး ၁၀မှု လျော့ကျစေရန် မြနမာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အနေဖြင့် မူဝါဒများချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး လူသတ်မှု လျော့ကျစေရန် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အရက်သေစာကြောင့် ဆက်စပ်ဖြစ်ပွားသည့် မှုခင်းများ လျော့ကျစေရန် လိုင်စင်မဲ့ အရက်ဆိုင်များကို ဖမ်းဆီးခြင်း၊ ပွဲလမ်းသဘင်များတွင် ရန်ဖြစ်ရာမှ ယူဆောင်လာသည့် တုတ်၊ ဓား၊ လက်နက်များဖြင့် ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုများ ရှိသောကြောင့် လက်နက်ပုန်း ဖမ်းဆီးခြင်း တို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်လျက် ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Voice Weekly
မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၂၈ ခုအနက် ရခိုင်ပြည်နယ်တွင် လူသတ်မှု အများ ဆုံးဖြစ်ပွား ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဒုတိယအများဆုံး၊ မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှု တတိယမြောက် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဆဋ္ဌမမြောက် လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း အဆိုပါစာရင်းများ အရ သိရသည်။

အဆိုပါလူသတ်မှုများတွင် ရခိုင်ပြည်နယ်တွင် ၁၉ကြိမ်၊ ပဲခူးတိုင်းဒေသကြီး တွင် ၁၇ ကြိမ် မန္တလေးမြို့ နယ်တွင် ၁၆ ကြိမ် နှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ကိုးကြိမ်စီဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

မတ်လအတွင်းက လူသတ်မှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွား ခဲ့ကြောင်း၊ ဧပြီလတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ယင်းဌာနချုပ်၏ စာရင်းများအရ သိရ သည်။

ဒေါသကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်း၊ အရက်သေစာ သောက်စားထားသည့် အတွက် ဒေါသဖြစ်လွယ်ခြင်း တို့ကြောင့် အများဆုံးဖြစ်ပွားပြီး ပဋိပက္ခနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ရဲမှူးကြီး ဦးဝင်းစိန်က The Voice သို့ပြောကြားသည်။

လူသတ်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းသည် ဖြစ်ပေါ်လာသောစိတ်ခံစားချက်ကို မထိန်း သိမ်း နိုင်သောကြောင့် အများဆုံးဖြစ်ပွားပြီး အချို့မှာ ငွေကြေးအရှုပ်အရှင်းနှင့် နာကြည်းမှု များကြောင့် လူသတ်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးအောင်နိုင်(လက်ပံတန်း) က သုံး သပ်ပြောကြားသည်။

လူသတ်မှုအပါအဝင်အမှုကြီး ၁၀မှု လျော့ကျစေရန် မြနမာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အနေဖြင့် မူဝါဒများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး လူသတ်မှု လျော့ကျစေရန် ပညာပေး ဆွေးနွေး ပွဲများ ပြု လုပ်ခြင်း၊ အရက်သေစာကြောင့် ဆက်စပ်ဖြစ်ပွားသည့် မှုခင်းများ လျော့ကျစေရန် လိုင်စင်မဲ့ အရက်ဆိုင်များကို ဖမ်းဆီးခြင်း၊ ပွဲလမ်းသဘင်များတွင် ရန်ဖြစ်ရာမှ ယူဆောင်လာသည့် တုတ်၊ ဓား၊ လက်နက်များဖြင့် ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုများ ရှိသောကြောင့် လက်နက်ပုန်း ဖမ်းဆီးခြင်း တို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်လျက်ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment